နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ ဥရောပ

ရုရှား-မြောက်ကိုရီးယား ကာကွယ်ရေး သဘောတူညီချက်ကို တောင်ကိုရီးယား ရှုတ်ချ၊

ယူကရိန်းသို့ တောင်ကိုရီးယားက လက်နက်များ ပေးပို့နေခြင်းသည် ကြီးမားသောအမှားဖြစ်ကြောင်း ပူတင်ပြော

ဇွန်လ (၂၁) ရက်။ CNN သတင်း။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအွန်တို့ အပြန်အလှန် ကာကွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး နောက်တစ်နေ့မှာ “ တောင်ကိုရီးယားက ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့ ဆုံးဖြတ်ရင် ကြီးမားတဲ့အမှားတစ်ခု ကျူးလွန်တာဖြစ်လိမ့်မယ်” ဟု ကြာသပတေးနေ့မှာ ပူတင်က ပြောကြားလိုက်ပါသည်။

ဗုဒ္ဓဟူးနေ့က ရုရှားနှင့် မြောက်ကိုရီးယားတို့ လက်မှတ်ရေးထိုးခဲ့သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသစ်အတွက် တောင်ကိုရီးယားက စိုးရိမ်စရာမရှိကြောင်းနှင့် မိမိတို့၏ မိတ်ဖက်နိုင်ငံ တိုက်ခိုက်ခံရသည့်အခါတွင် စစ်ဘက်ဆိုင်ရာ အကူအညီများ ပေးအပ်ရန် ရနိုင်သော နည်းလမ်းအားလုံးကို အသုံးပြုသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယား အစိုးရသည် အလွန်စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ရုရှားနှင့် မြောက်ကိုရီးယားတို့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းအတွက် ရှုတ်ချခဲ့သည်။ အမျိုးသားလုံခြုံရေးဒါရိုက်တာ ချန်ဟိုဂျင် (Chang Ho-jin) က အဆိုပါစာချုပ်အား နိုင်ငံတကာအသိုင်းအဝိုင်း၏ တာဝန်နှင့် စံနှုန်းများကို ပစ်ပယ်စွန့်လွှတ်ခဲ့ကြသောသူများ၏ ရှုပ်ထွေးမှုနှင့် အဓိပ္ပာယ်မဲ့ဆောင်ရွက်မှုအဖြစ် ပြောဆိုခဲ့သည်။ “ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ ဘယ်လုပ်ရပ်ကိုမဆို တောင်ကိုရီးယားအစိုးရက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာဖြစ်တယ်” ဟု ချန် က ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များနှင့် ဒုံးကျည်များကို ကိုင်တွယ်ဖြေရှင်းရန် တောင်ကိုရီးယား-အမေရိကန် မဟာမိတ်အဖွဲ့၏ တိုးချဲ့အင်အားကို ခိုင်မာစေရန် လိုအပ်ကြောင်း ချန်က အလေးပေးပြောကြားခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့များသည် ကိုရီးယားကျွန်းဆွယ် အနီးတစ်ဝိုက်တွင် ပုံမှန် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ရှိပြီး မဟာမိတ် နှစ်နိုင်ငံသည် မကြာသေးမီက အမေရိကန်-တောင်ကိုရီးယား-ဂျပန် သုံးနိုင်ငံတပ်ဖွဲ့များပါဝင်သော စစ်ရေးလေ့ကျင့်မှု အပါအဝင် ဂျပန်နှင့် ပိုမိုနီးကပ်စွာ လုပ်ဆောင်လျက်ရှိသည်။ ယူကရိန်းအတွက် လက်နက်ထောက်ပံ့မှုကိစ္စကို တောင်ကိုရီးယားက ပြန်လည်သုံးသပ်မည်ဟု ချန်က ပြောကြားသော်လည်း ဆိုးလ်သည် ပူတင်နှင့် ကင်ဂျုံအွန်းကြား တွေ့ဆုံမှုရလဒ်များကို ရုရှားအစိုးရ၏ ရှင်းလင်းချက်အား စောင့်ဆိုင်းရန် ဆန္ဒရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ “ လက်ရှိအချိန်မှာတော့ တောင်ကိုရီးယားရဲ့ မူဝါဒက ယူကရိန်းကို လူသေစေနိုင်တဲ့ လက်နက်တွေ ပေးဆောင်ဖို့ မဟုတ်ပါဘူး။” ဟု သူက ပြောခဲ့သည်။

ယင်းမှတ်ချက်များနှင့် ပတ်သက်၍ နောက်ပိုင်းတွင် ပူတင်ကို မေးမြန်းသည့်အခါ ၎င်းက “ယူကရိန်းရှိ တိုက်ခိုက်ရေးဇုန်ကို သေစေလောက်တဲ့ လက်နက်တွေ ထောက်ပံ့ပေးခြင်းဟာ အလွန်ကြီးမားတဲ့ အမှားတစ်ခု ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီလိုဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီလိုဖြစ်လာရင်၊ လက်ရှိတောင်ကိုရီးယားရဲ့ ခေါင်းဆောင်မှုကို ကျေနပ်ဖို့ မဖြစ်နိုင်တဲ့ သင့်လျော်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရလိမ့်မယ်။” စစ်ပွဲအတွင်း အစောပိုင်းက သတင်းများအရ တောင်ကိုရီးယားသည် ယူကရိန်းသို့ ပေးပို့သော ၁၅၅ မီလီမီတာ အမြောက်ကျည်များကို အစားထိုးရန်အတွက် အမေရိကန်သို့ ၁၅၅ မီလီမီတာ အမြောက်ကျည်များ ပေးခဲ့သည်ဟု ဆိုသည်။

မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) မှ မကြာသေးမီက အစီရင်ခံစာတစ်ခုတွင် တောင်ကိုရီးယား၏ ၁၀၅ မီလီမီတာ ဟော့စ်ဇာအမြောက်အမြောက်များကို ကီယက်ဗ်သို့ ပေးပါက ယူကရိန်းအတွက် အရေးကြီးသော စစ်မြေပြင်ကို မြှင့်တင်ပေးနိုင်မည်ဟု ဆိုသည်။ “လူထုအစီရင်ခံစာတွေအရ တောင်ကိုရီးယားမှာ ၁၀၅ မီလီမီတာ အမြောက်ကျည် ၃.၄ သန်းလောက်ရှိတယ်” ဟု CSIS အစီရင်ခံစာက ဆိုသည်။ ယူကရိန်းတွင် ၁၀၅ မီလီမီတာ အမြောက် ၁၀၀ ခန့်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။

“ဗီယက်နမ်စစ်ပွဲအတွင်း၊ ဤပေါ့ပ့ါးသောဟောင်ဝဇ်ဇာအမြောက်များသည် ကုန်းလမ်းနှင့် လေကြောင်းဖြင့် ရွေ့လျားနိုင်မှု မြင့်မားသောကြောင့် အမြောက်စခန်းများတွင် မရှိမဖြစ် လိုအပ်ကြောင်း သက်သေပြခဲ့သည်။ ၎င်းတို့၏ ပေါ့ပါးသောအလေးချိန်နှင့် ရွေ့လျားနိုင်မှုသည် ယူကရိန်းအမြောက်တပ်များအား ပစ်ခတ်ပြီးနောက် လျင်မြန်စွာ နေရာရွှေ့ပြောင်းနိုင်စေကာ ခေတ်မီစစ်မြေပြင်တွင် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အရေးကြီးသော နည်းဗျူဟာတစ်ခုဖြစ်သည်။ ဒီဟောင်ဝစ်ဇာတွေဟာ ယူကရိန်းစစ်မြေပြင်တပ်မှူးတွေကို တန်ဖိုးမြင့်ပစ်မှတ်တွေကို ကြမ်းတမ်းတဲ့မြေပြင်မှာ တိုက်ခိုက်နိုင်စေမှာပါ” ဟု CSIS အစီရင်ခံစာက ဆိုသည်။

တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် ၃၀,၀၀၀ နီးပါးကို အုပ်ချုပ်ထားသည့် အမေရိကန်စစ်တပ်မှ အရာရှိတစ်ဦးက CNN သို့ ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုနီးကပ်လာခြင်းသည် ပိုမိုအခက်အခဲဖြစ်လာကြောင်း ပြောကြားခဲ့သည်။ “ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာပြီး ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကျူးကျော်မှုကို ခုခံကာကွယ်တဲ့အနေနဲ့ ယူကရိန်းပြည်သူတွေကို ထောက်ခံအားပေးနေတဲ့ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အလေးထားတဲ့ ဘယ်နိုင်ငံမဆို ဒီလိုဖြစ်ပေါ်လာမှုတွေကို စိုးရိမ်သင့်ပါတယ်” ဟု စစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကြာသပတေးနေ့ အစောပိုင်းက ဂျပန်အစိုးရအဖွဲ့အတွင်းဝန် ယိုရှီမာဆာဟာယာရှီက ရုရှားနှင့် မြောက်ကိုရီးယားတို့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်နှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ ပူတင်က “စာချုပ်ထဲမှာ မြောက်ကိုရီးယားနဲ့ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို ငြင်းဆိုထားမှု မရှိတာဟာ သက်ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို တိုက်ရိုက် ချိုးဖောက်ရာရောက်ပြီး ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် လုံခြုံရေးအပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ ရှုထောင့်ကနေ စိုးရိမ်စရာ အချက်တစ်ခုအဖြစ် မြင်ပါတယ်” ဟု ဟာယာရှီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

ဆန္ဒပြပွဲတွင် ကျဆုံးခဲ့သူတို့၏ ဂူဗိမာန်ဘေးဝယ် ကြေကွဲနေသော အီရန်နိုင်ငံသားများ နှုတ်ဆိတ်နေရန် ဖိအားပေးခံထားရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် တီဟီရန်မြို့ — ကြာသပတေးနေ့ ညနေခင်းများတွင် တီဟီရန်မြို့၏
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

အက်ပ်စတိုင်း(Epstein) မုန်တိုင်းကြောင့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ရာထူးမှ ပြုတ်ကျ သွားနိုင်သည် – သို့သော် ၎င်းတွင် ထရမ့် မပါဝင်ပါ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) နှင့် မည်သည့်အခါမျှ ပတ်သက်ဆက်နွှယ်မှု မရှိခဲ့ဖူးသော်လည်း၊ အက်ပ်စတိုင်းကြောင့်ပင် သူ၏
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

အဓိက နျူကလီးယား လက်နက် စာချုပ်တစ်ခု သက်တမ်းကုန်ဆုံးတော့မည် – ၎င်းသည် ရုရှား၏ စူပါပါဝါ အဆင့်အတန်း ကျဆင်းလာခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက် ဆိုဗီယက်ယူနီယံ ဟောင်း ပြိုကွဲသွားပြီးနောက်ပိုင်း ရုရှားသည် နိုင်ငံတကာ စင်မြင့်ထက်တွင် သိသိသာသာ အင်အားချည့်နဲ့လာသည့် ပုံရိပ်ကို ပြသခဲ့သည်။ အမေရိကန်သမ္မတ ရော်နယ် ရေဂင်က တစ်ချိန်က “ မိစ္ဆာအင်ပါယာ”
နိုင်ငံတကာသတင်း လစ်ဗျား အရှေ့အလယ်ပိုင်း

လစ်ဗျားခေါင်းဆောင်ဟောင်း၏သား ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ အသတ်ခံရ ကြောင်း သတင်းထွက်ပေါ်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 31 Views
ရိုက်တာ – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် လစ်ဗျားခေါင်းဆောင်ဟောင်း ကာနယ် မူအမ္မာ ကဒါဖီ၏သားဖြစ်သူ ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ (Saif al-Islam Gaddafi) သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း
တရုတ် နိုင်ငံတကာသတင်း

တရုတ်စစ်တပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ကျန်းယို့ရှာ (General Zhang Youxia) ၏ ပြည်သူသို့ လျှို့ဝှက်ပေးစာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 35 Views
အားလုံးပဲ မင်္ဂလာပါ၊ Lasro Talk ကနေ ကြိုဆိုပါတယ်။ ပြီးခဲ့တဲ့ညက CMC (ဗဟိုစစ်ကော်မရှင်) ဒုတိယဥက္ကဋ္ဌ အဖမ်းမခံရခင်က ရေးသားခဲ့တယ်လို့ ယူဆရတဲ့ လျှို့ဝှက်ပေးစာတစ်စောင် ထွက်ပေါ်လာပါတယ်။ ဒီစာကို ဆိုရှယ်မီဒီယာ သြဇာရှိသူတွေနဲ့ တရုတ်ဘာသာစကား သတင်းမီဒီယာတွေဆီ
နိုင်ငံတကာသတင်း အမေရိကန်

ကလင်တန် ဇနီးမောင်နှံ အထူးစုံစမ်းစစ်ဆေးရေးအတွက် ကိုယ်တိုင်လာရောက် ထွက်ဆိုရန် သဘောတူညီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 42 Views
CNN-၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၃ရက် ဂျက်ဖရီအက်ပ်စတိန်း(Jeffrey Epstein) အမှု စုံစမ်းစစ်ဆေးရေးတွင် လွှတ်တော်အား မလေးစားမှုဖြင့် အရေးယူခံရမည့် ဘေးမှ ရှောင်ရှားရန် နောက်ဆုံးအချိန်တွင် ကမ်းလှမ်း လာခြင်းဖြစ် ဘီလ် ကလင်တန် နှင့် ဟီလာရီ ကလင်တန် တို့သည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယခင်က ငါးဖမ်းရန် အသုံးပြုခဲ့သော ဤပိုက်ကွန်များသည် ယခုအခါ ရုရှားဒရုန်းများကို ဖမ်းဆီးရန် ဖြစ်လာခဲ့သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နယ်သာလန်နိုင်ငံတွင် တူးလစ် (Tulip) ပန်းပင်များကို ကာကွယ်ရန် တစ်ချိန်က အသုံးပြုခဲ့သော ပိုက်ကွန်များသည် ယခုအခါ ယူကရိန်းစစ်သားများနှင့် အရပ်သားများကို ရုရှားဒရုန်းများရန်မှ ကာကွယ်ပေးရန်