နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတူပီတိုက်ပွဲမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ၁၀၀ ကျော်ကို ချင်းညီနောင် ထိန်းသိမ်း (ရုပ်သံ)

မတူပီတိုက်ပွဲမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ၁၀၀ ကျော်ကို ချင်းညီနောင် ထိန်းသိမ်း (ရုပ်သံ)

ဇူလိုင်လ (၂၀) ရက်။

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားပြီး ပြန်လည်ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ၁၀၀ကျော်ကို စစ်သုံ့ပန်းတွေအဖြစ် ထိန်းသိမ်းထားကြောင်း ချင်းညီနောင်အဖွဲ့က ဒီနေ့ ဇူလိုင်လ ၂၀ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်တွေအပါ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃၀ ဦး တို့ကိုလည်း ကျွေးမွေးပြုစုစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း တောထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးစဉ်မှာ ၉ ရက် ၁၀ ရက်လောက် ထမင်းမစားရဘူးလို့ ကလေးတွေက ပြန်ပြောပြကြပါတယ်။

ချင်းညီနောက်တပ်ဖွဲ့ဝင်ရဲဘော်တွေက သူတို့ ထိန်းသိမ်းထားတဲ့ ကလေးငယ်တွေကို တွေ့ဆုံမေးမြန်းတဲ့ အင်တာဗျူးမှာတော့ ကလေးတွေရဲ့ မိဘတွေဟာ တောထဲမှာ ထွက်ပြေးနေရဆဲဖြစ်တယ်လို့ ကြားသိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကိုလည်း ထွက်ပြေးရာလမ်းက တောတွင်းတနေရာမှာ တွေ့ရှိခဲ့ရတယ်လို့ မြေပြင်စစ်အရင်းမြစ်ကပြောပါတယ်။ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ကလေးတွေရဲ့ ခြေထောက်နဲ့ လက်တွေမှာ ဝဲရောဂါ ခံစားနေကြရပြီး ချင်းညီနောင် နှင့် မဟာမိတ် ‌ဆေးတပ်ဖွဲ့ဝင် ရဲဘော်၊ ရဲမေတွေက ဆေးဝါးကုသပေးနေတယ်လို့ သိရပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အမည်နဲ့ မတူပီမြို့ သိမ်းတိုက်ပွဲကို ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ပြီး ၁၁ ရက်နေ့မှာ မတူပီမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် အမှတ်(၃၀၄) ခြေမြန်တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့စဉ် CNA နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေက ချင်းညီနောင်တပ်ဖွဲ့ဝင်တွေက နောက်ကနေ တိုက်ခိုက်ခဲ့ရာ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေကျဆုံးခဲ့ရပြီး CNA နဲ့ ချင်းညီနောင် အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တွေက CNA နဲ့ မဟာမိတ်တပ်ဖွဲ့တွေကို မောင်းထုတ်လိုက်ပြီးနောက် ချင်းပြည်နယ် တောင်ပိုင်းတွင်အကြီးဆုံးဖြစ်သည့် စစ်ဗျူဟာနဲ့ အမှတ်(၁၄၀)ခြေလျင်တပ်ရင်းတို့ကို ဇွန်လ ၂၉ ရက် နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့်အတူ မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်ကြတဲ့ အာရက္ခတပ်တော် (AA) ၊ Yaw Army (YA) နဲ့ Yaw Defense Force (YDF) တို့ပူးပေါင်းတိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ချင်းညီနောင်အဖွဲ့ကို ဇိုမီးဖက်ဒရယ်အစည်း ရုံး (ZFU/PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC/ CDF-Mindat)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) (CDF–Kanpetlet) နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (CDF-Matupi ) တပ်မဟာ(၁)တို့နဲ့ ဖွဲ့စည်းထားပါတယ်။

ရုပ်သံကို ခေတ်မျက်လုံးရဲ့ YouTube လင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 0 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 2 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 30 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 24 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 28 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့