နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကံပေါက်ပျုရွာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

ဒီဇသ်ဘာလ (၂၀)ရက်။

ဒီဇင်ဘာလ (၁၆)ရက်နေ့က ကျွန်းလှမြို့ ကံပေါက်ပျူစောထီးရွာက စစ်ကောင်စီရဲ့ ခမရ(၃၆၁)နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ကံပေါက်ပျူရွာကနေ ထိုးစစ်ဆင်လာတဲ့ ခမရ(၃၆၁)နဲ့ ပျူစောထီးအင်အား (၁၆၀)လောက်ကို ကန့်ဘလူ မကျီးကုန်းရွာအနောက်ဘက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ ခမရ(၃၆၁)နဲ့ ပျူစောထီး အင်အား (၁၆၀)ခန့်ပါ စစ်ကြောင်းကို ကန့်ဘလူမြို့ မကျည်းကုန်းရွာအနောက်မှာ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲထဲ ဂျက်တိုက်လေယာဉ် (၂)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးခဲ့ပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး စစ်ကောင်စီထံက ငါးကြင်းမြီး(MA-15) (၁) လက်၊ MA-1 (၁)လက်၊ MA-2 (၁)လက်၊ G-3 (၂)လက်၊ ကာဘိုင် (၅)လက်၊ ကျည်မျိုးစုံ (၁၆၇၀)တောင့်၊ ဗုံးသီးမျိုးစုံ (၃)လုံး၊ နင်းမိုင်း (၆)လုံး၊ RPG (၃)လုံး၊ ငါးကြင်းမြီးခါးပတ် (၁)ခု၊ ကျည်အိမ်မျိုးစုံ (၂၁)ခု၊ RT စက် (၁)လုံး၊ လက်ကောက် (၂)ကွင်း၊ လက်စွပ် (၁)ကွင်း၊ ဆွဲကြိုးအပြတ် (၁)ခု၊ နားကပ် (၁)ခု၊ ငွေသား (၃၂၀,၈၀၀)ကျပ်နဲ့ လူသုံးကုန်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကန့်ဘလူခရိုင်တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ ကန့်ဘလူခရိုင် ပကဖ/ ပလဖ/ ပအဖ၊ ကျွန်းလှမြို့နယ် ပကဖ/ပလဖ/ပအဖ၊ ကန့်ဘလူခရိုင် ထုတ်နုတ်ဒရုန်းအဖွဲ့နဲ့ ဒေသခံပကဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ (၁၃) ရက်နေ့ကလဲ ကျွန်းလှမြို့နယ်၊ မဒေါင်ရွာမှာ အခြေပြုနေတဲ့ ခမရ (၃၆၁)နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၇၀)ခန့်ကို ကန့်ဘလူခရိုင်တပ်ရင်း(၁)နဲ့ ဒေသခံပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁) ဦးသေဆုံးပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ MA-1 (၁)လက်၊ MA ကျည် (၄၆၀)တောင့်၊ လက်ပစ်ဗုံး (၁)လုံး၊ နင်းမိုင်း (၇)လုံး၊ ကျည်ဘောက် (၅)ခု၊ ဦးထုပ် (၂)လုံးနဲ့ Icom (၁)လုံး သိမ်းဆည်းရခဲ့ပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက BNRA ကို တိုက်ခိုက်ဖို့ဆိုပြီး လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားပြင်ဆင်နေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 24 Views
ဇန်နဝါရီလ (၉)ရက်။ အခုရက်ပိုင်းထဲ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားကာ BNRA ကို တိုက်ခိုက်ဖို့ အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားတွေ
မြန်မာသတင်း

ကော်သူးလေအစိုးရနဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 33 Views
ဇန်နဝါရီလ (၉)ရက်။ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ ကော်သူးလေအစိုးရ(G.O.K)ဖွဲ့စည်းတာနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က မနေ့က ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 48 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်က မြိုင်နယ်ထဲရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ “ (၆)နာရီ (၄)မိနစ်က မန်ကျည်းကန်နဲ့ ညောင်ကုန်းရွာကြားက တောတိုက်ထဲတနေရာကို စစ်တပ်က
မြန်မာသတင်း

မဲဆွယ်ရာမှာ “ တော်လှန်ရေး” စကားလုံး သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကို စစ်တပ်က အလုပ်နဲ့ ထောင်(၁)နှစ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 40 Views
ဇန်နဝါရီလ (၈)ရက်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်က ဒီကနေ့မှာ အလုပ်နဲ့ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ “ ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် (၁)နှစ်ဆိုပြီး
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 35 Views
ဇန်နဝါရီလ (၈)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ရဲ့ ရွေး/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ကို
မြန်မာသတင်း

PNLA လှုပ်ရှားတဲ့ တောထဲ စစ်တပ်က ထိုးစစ်ဆင်တာကြောင့် နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 34 Views
ဇန်နဝါရီလ (၈)ရက်။ အခုလထဲ PNLA လှုပ်ရှားတဲ့ တောထဲအထိ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတာကြောင့် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလထဲ စကမနဲ့ PNO
မြန်မာသတင်း

ဂန့်ဂေါနယ် မြင်းဇာရွာဘုန်းကြကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 26 Views
ဇန်နဝါရီလ (၈)ရက်။ မနေ့က ညနေ (၆)နာရီခွဲကျော်အချိန်က ဂန့်ဂေါနယ် မြင်းဇာရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညနေ (၆)နာရီ (၃၆)မိနစ်လောက် တံတားဦးလေတပ်ကနေ Yak-130 ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

သိမ်ဇရပ်မှာ ရွေးကောက်ပွဲကာကွယ်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 53 Views
ဇန်ဝါရီလ (၇)ရက်။ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့မှာ အင်အား(၁၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်တာက ဒီဇင်ဘာလ (၂၆)ရက်နေ့ကပါ။ သိမ်ဇရပ်မြို့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို