နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတ္တရာမြို့ ထန်းပင်ကုန်းရွာကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

ဒီဇင်ဘာလ (၂၁)ရက်။

ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက် (၉)နာရီအချိန်က မတ္တရာမြို့ ထန်းပင်ကုန်းကျေးရွာကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

MDY-PDF အနေနဲ့ ထန်းပင်ကုန်းကျေးရွာကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို အခြားနေရာတွေကိုလဲ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းတွေလဲ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဒီဇင်ဘာလ (၁၉)ရက်နေ့ကစပြီး မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် သပိတ်ကျင်းမြို့နဲ့ နောင်ချိုမြို့တို့မှာလဲ MDY-PDF နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ်ကို အတည်ပြုခန့်အပ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 19 Views
နိုဝင်ဘာလ (၁၈)ရက်။ မနေ့က စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ်ကို အတည်ပြုခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလို ကြားကာလအစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ်ကို
မြန်မာသတင်း

ဘားအံမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ခွင့်မပြုဘဲ ဆန့်ကျင်သွားမယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 21 Views
နိုဝင်ဘာလ (၁၈)ရက်။ ဘားအံမြို့နယ်ထဲ စစ်တပ်ရဲ့ လူထုအပေါ် လိမ်လည်လှည့်ဖျားမယ့် အတုအယောင် ရွေးကောက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ KNU-ဘားအံမြို့နယ်ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ကျောက်ဖြူမြို့ရှိ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 24 Views
နိုဝင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲဝန်းကျင်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ လိပ်တင်ရွာစာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်ဖြူ လိပ်တင်ရွာစာသင်ကျောင်းကို (၁၂)ခွဲမှာ
မြန်မာသတင်း

ရီပတ်ပလီကင်အောင်လွှတ်တော်အမတ် မာဂျော်ရီ တေလာဂရင်းနှင့် သမတထရန့်တို့ ခွာပြဲသွားခြင်း။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 22 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၁၇ရက် ဂျက်ဖရီ အက်ပ်စတိန်း ဖိုင်များ ထုတ်ပြန်ရေးနှင့် ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရန့် နှင့် အခြေအတင် ပြောဆိုမှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ အောက်လွှတ်တော်အမတ် မာဂျော်ရီ တေလာဂရင်း သည် ၎င်း၏ အသက်အန္တရာယ်ကို
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတဦး သေဆုံးတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ပြိုင်စရာမလိုဘဲ အနိုင်ထပ်ရပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 25 Views
နိုဝင်ဘာလ (၁၇)ရက်။ ဂန့်ဂေါမြိုမှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ် ပြိုင်စရာမလိုဘဲ အနိုင်ရသွားခဲ့ပြန်တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ အခုသေသွားတာက ဗိုလ်ပြုတ် သန်းဝင်း။ သူက စကစရွေးကောက်ပွဲကို ဂန့်ဂေါမှာ ပြည်သူ့လွှတ်တော်နေရာအတွက် တသီးပုဂ္ဂလအနေနဲ့
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် (၄)ဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး PDF ဆီ ထွက်ပြေးလွတ်မြောက်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 26 Views
နိုဝင်ဘာလ (၁၇)ရက်။ ကန့်ဘလူမြို ဘူးကုန်းစစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲက လူငယ်အမျိုးသား (၄)ဦး ကျွန်းအချုပ်ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု (၄)ယောက်က တရက်ထဲ အဖမ်းခံရတဲ့သူတွေမဟုတ်ဘူး။ တချိုက ရွှေမျှောလုပ်ဖိုသွားတာ။
မြန်မာသတင်း

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထားဖို NUG ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 22 Views
နိုဝင်ဘာလ (၁၇)ရက်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို NUG က နိုဝင်ဘာလ (၁၅)ရက်နေ့ရက်စွဲနဲ့ မနေ့က ထုတ်ပြန်ထားတယ်လို သိရပါတယ်။ မြန်မာနိုင်ငံထဲ ကျူးလွန်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်တွေအပေါ်
မြန်မာသတင်း

ရသေ့တောင်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 18 Views
နိုဝင်ဘာလ (၁၇)ရက်။ နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ရသေ့တောင်မြိုရှိ ကျေးရွာအချိုကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်ခဲ့တယ်လို AA ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်ကောင်စီတပ်က ဘာထလေရွာနဲ့