နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ဆီဆိုင်တိုက်ပွဲမှာ နောက်ထပ် BPLA တပ်ဖွဲ့ဝင်တဦး ကျဆုံး

မတ်လ (၂၂) ရက်။

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့တိုက်ပွဲအတွင်း ရန်သူနဲ့တိုက်ခိုက်နေရင်း ၂၀၂၄ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့ မနက်ပိုင်းက BPLA တပ်ဖွဲ့ဝင် ရဲဘော်လင်းလင်း ခေါ် ကိုလင်း ကျဆုံးသွားတယ်လို့ BPLA က မတ်လ (၂၁) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။

ရဲဘော်လင်းလင်းဟာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် အပတ်စဉ် (၄) သင်တန်းဆင်းဖြစ်တယ်လို့ သိရပြီး အသက်အရွယ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ မတ်လ (၁၃) ရက်နေ့ကလည်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် အပတ်စဉ် (၄) သင်တန်းဆင်း ရဲဘော်တစ်ဦးဖြစ်တဲ့ ရဲဘော်နောင်နောင်ထက် ကျဆုံးခဲ့ပါတယ်။

BPLA ကို ကဗျာဆရာ မောင်ဆောင်းခ အပါအဝင် တက်ကြွလှုပ်ရှားသူ (၁၇) ဦးနဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှာ ကရင် အမျိုးသား အစည်းအရုံး (KNU) နယ်မြေအတွင်းမှာ စတင်တည်ထောင်ခဲ့ပါတယ်။

မဟာမိတ်တွေကတော့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA), ရက္ခိုင့်တပ်တော် (AA), မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA), တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ဖြစ်ကြပြီး BPLA ရဲဘော်တွေဟာ မဟာမိတ်တွေနဲ့အတူ ပူးတွဲပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။

ရဲဘော်လင်းလင်း

BPLA ထုတ်ပြန်ချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 25 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 25 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 25 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 21 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့
မြန်မာသတင်း

ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ကြေညာ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 23 Views
ဇွန်လ (၂၀)ရက်။ ရဲဘော်/ရဲမေ (၉)ဦးကို ‌တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။ တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊
1027 Operations

သေဒဏ်အထိချမှတ်နိုင်တဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
ဇွန်လ (၁၉)ရက်။ မူးယစ်ဆေးဝါးကင်းစင်တဲ့ ဒေသဖြစ်စေဖို့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု‌နဲ့ ပြစ်ဒဏ်တွေကို ကိုးကန့်တပ်(MNDAA)က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဥပဒေချိုးဖောက်သူတွေကို ဘယ်လိုငဲ့ညှာတာမျိုးမရှိဘဲ ပြင်းထန်စွာ အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။ ထုတ်ပြန်ထားတဲ့
1027 Operations

စစ်ကော်မရှင်ငြိမ်းချမ်းရေးအဖွဲ့ မိုင်းလားမှာ NDAA ကို သွားတွေ့

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 27 Views
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ နိုင်ငံရေးရည်မှန်းချက်ကို ဆုပ်ကိုင်ထားတယ်လို့ NDAA ပြော ဇွန်လ (၁၉)ရက်။ ဇွန်လ (၁၇)ရက်နေ့က မိုင်းလားဒေသမှာ ရာပြည့် ဦးဆောင်တဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ မိုင်းလားတပ်ဖွဲ့(NDAA)တို့ အလွတ်သဘောတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ နယ်စပ်ဒေသတည်ငြိမ်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ဖို့၊
မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့က လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူအားလုံးရဲ့