နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဂါဇာပဋိပက္ခ အပစ်ရပ်ရေးအတွက် လုံခြုံရေးကောင်စီမှာ မဲခွဲဖို့ အမေရိကန်စီစဉ်

ဂါဇာပဋိပက္ခနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးဆိုင်ရာဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ လာမယ့်သောကြာနေ့ မဲခွဲဆုံးဖြတ်ဖို့ အမေရိကန်က စီစဉ်နေပါတယ်။ အကြမ်ဖျင်းအားဖြင့် ရက်သတ္တပတ် ၆ ပတ်ခန့် ကြာမြင့်နိုင်တဲ့ ချက်ချင်းနဲ့ ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အငတ်ဘေးကြုံနေရတဲ့ အရပ်သားတွေကို ကာကွယ်ပေးသွားမှာဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးအပ်သွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဆုံးဖြတ်ချက်အသစ်ဟာ ကာတာနိုင်ငံမှာ အမေရိကန်၊ ကာတာ၊ အီဂျစ်နိုင်ငံတို့က ဦးဆောင် စေ့စပ်ညှိနှိုင်းပေးတဲ့ ငြိမ်ချမ်းရေး ဆွေးနွေးပွဲကို ထောက်ခံကြောင်းလည်း ပြသနေတာဖြစ်ပါတယ်။ ငြိမ်ချမ်းရေးဆွေးနွေးပွဲမှာ ၆ ပတ်ကြာအပစ်အခတ်ရပ်စဲရေး၊ အစ္စရေးဓါးစာခံ အယောက် ၄၀ ကို ပြန်လွှတ်ပေးရေးနဲ့ ရာချီတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးအတွက် ညှိနှိုင်းမှုတွေပြုလုပ်နေကြတာပါ။

မကြာသေးခင်ရက်ပိုင်းကတော့ ဂါဇာက အဲလ်ရှီးဖားဆေးရုံမှာ ဟားမက်စ်စစ်သွေးကြွတွေ ခိုလှုံနေတယ်ဆိုတဲ့သတင်းကြောင့် အစ္စရေးတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပေမယ့် စစ်သွေးကြွတွေကတော့ အဲဒီစွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

ဆေးရုံကို ထိုးစစ်ဆင် စီးနင်းမှုပြုလုပ်နေချိန်ကာလအတွင်း အစ္စရေးက သူတို့ရဲ့ ထောက်လှမ်းရေးအကြီးအကဲ ဒေးဗစ်ဘာနာကို ကာတာမြို့တော်ဒိုဟာက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ စေလွှတ်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘီလင်ကန်က ငြိမ်ချမ်းရေးဆွေးနွေးပွဲကနေ မကြာခင်မှာ ကောင်းမွန်တဲ့ ရလဒ်တစ်ခုထွက်ပေါ်လာတော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“မကြာခင်မှာ အီဂျစ်၊ ကာတာ၊ အစ္စရေးနိုင်ငံတို့နဲ့အတူ ကောင်းမွန်တဲ့ အဆိုပြုချက်တစ်ခု ချပြနိုင်ဖို့ ကျတော်တို့ လုပ်ဆောင်နေပါတယ်။ ဟားမက်စ်တွေဘက်ကလည်း ချက်ချင်းတုံ့ပြန်လာလို့ စေ့စပ်ညှိနှိုင်းမှုတွေဆက်လုပ်နေတာပါ။ နှစ်ဘက်အဖွဲ့အစည်းကြားက ကွာဟချက်တွေဟာ အခုဆိုရင် တဖြည်းဖြည်းကျဉ်းမြောင်းလာပါပြီ။ ဒိုဟာမှာ သဘောတူညီမှုတစ်ခုထွက်လာဖို့ ကျတော်တို့ဆက်လက်လုပ်ဆောင်နေပါတယ်။ နည်းနည်းခက်ခဲနိုင်ပေမယ့် ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်”

ဂါဇာပဋိပက္ခအစောပိုင်းကာလတွေမှာ အမေရိကန်နိုင်ငံဘက်က အပစ်အခတ်ရပ်စဲရေးကို ဗီတိုအာဏာသုံး ပယ်ချခဲ့ပေမယ့် အခုအခါမှာတော့ အစ္စရေးကို အမေရိကန်ကိုယ်တိုင်က အပစ်ရပ်ဖို့ ဖိအားပေးဆောင်ရွက်လာခဲ့ပြီး ကုလ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာလာစေခဲ့ပါတယ်။

လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ကို အတည်ပြုဖို့ အနည်းဆုံးထောက်ခံမဲ ၉ မဲလိုအပ်ပြီး အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံတွေက ဗီတိုအာဏာသုံး မပယ်ချဖို့ လိုအပ်နေတယ်လို့ သိရပါတယ်ခင်ဗျား။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 55 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 50 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 78 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 55 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး