နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်သူအစ္စရေးများ ပါလက်စတိုင်းများကို နှိပ်စက်ညှဉ်းပန်းမှုသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာ

++++++++++++++++++++++++++++++++++

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ (Human Rights Watch (HRW)) က ၂၀၁၀ ပြည့်နှစ်တွင် အနောက်ဘက်ကမ်းတွင် အစ္စရေးအခြေချနေထိုင်သူများက ပါလက်စတိုင်းများအပေါ် တိုက်ခိုက်မှု အရေအတွက် တိုးလာကြောင်းနှင့် ဆက်စပ်အချက်အလက်များကို ကုလသမဂ္ဂက စတင်စုဆောင်းနေပြီဟု သိရသည်။ ယခုအခါ ၂၀၀၆ နောက်ပိုင်း အဆိုးဆုံးအဆင့်သို့ ရောက်ရှိလာပြီဟု ဖော်ပြထားသည်။

ယမန်နှစ် အောက်တိုဘာ ၇ ရက်မှ ယခုနှစ် ဧပြီလ ၃ ရက်ကြားတွင် အမှုပေါင်း ၇၀၀ ကျော်ကို မှတ်တမ်းတင်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများ၏ ထက်ဝက်နီးပါးကို အခင်းဖြစ်ပွားရာနေရာ၌ စစ်ဝတ်စုံဝတ်ဆင်ထားသည့် အစ္စရေးစစ်သားများကို မြင်တွေ့ခဲ့ရကြောင်းလည်း ထောက်ပြထားသည်။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့် လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့မှစတင်၍ အနောက်ဘက်ကမ်းတွင် စစ်သားများနှင့် အခြေချနေထိုင်သူများ အကြမ်းဖက်မှုများ တိုးလာကြောင်း ရှင်းပြခဲ့သည်။ ကလေး 600 အပါအဝင် ပါလက်စတိုင်းလူမျိုး 1,200 ကျော်သည် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့်နေရာများမှ နှင်ထုတ်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။

အနည်းဆုံး ပါလက်စတိုင်း ၁၇ ဦး သေဆုံးပြီး ၄၀၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ကုလသမဂ္ဂ၏အဆိုအရ အောက်တိုဘာ ၇ ရက်ကတည်းက အနောက်ဘက်ကမ်းတွင် ပါလက်စတိုင်းအခြေချနေထိုင်သူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

HRW ၏အဆိုအရ ပါလက်စတိုင်းအာဏာပိုင်တို့ အခြေစိုက်ရာ အနောက်ဘက်ကမ်း ရာမာရာအနီးရှိ ရွာတစ်ရွာကို လက်နက်ကိုင်အရပ်ဝတ်များနှင့် အစ္စရေးစစ်တပ်က လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၁၂ ရက်က တိုက်ခိုက်ခဲ့သည်။ ကလေး ၉၀ အပါအဝင် လူ ၁၈၀ ခန့် အိုးအိမ်ဆုံးရှုံးခဲ့ကြောင်း ရွာသားများက ထွက်ဆိုခဲ့သည်။

အစ္စရေးစစ်သားများ ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် နှောင့်ယှက်မှုဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ နောက်ဆုံးအစီရင်ခံစာသည် မျက်မြင်သက်သေ ၂၇ ဦး၏ ထွက်ဆိုချက်များကို အခြေခံထားသည်။ ဒေသခံပါလက်စတိုင်းများကို နှောင့်ယှက်သည့် M16 မောင်းပြန်ရိုင်ဖယ်များ ကိုင်ဆောင်ထားသည့် အစ္စရေးစစ်သားများကို ရိုက်ကူးထားသည့်ဗီဒီယိုဖိုင်များလည်း ရှိသည်ဟု ဆိုသည်။

အစ္စရေးစစ်တပ်သည် ပါလက်စတိုင်းများအပေါ် ဆက်တိုက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မေးခွန်းများကို တုံ့ပြန်ဖြေကြားခြင်း မရှိကြောင်းလည်း ဖော်ပြထားသည်။

အစ္စရေးတို့အီအပ် အတင်းအကြပ် နှောက်ယှက်တိုက်ခိုက်မှုနှင့် ပါလက်စတိုင်းများကို နှင်ထုတ်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးခြင်းနှင့် သိမ်းပိုက်ထားသော နယ်မြေများတွင် ပါလက်စတိုင်းများ၏ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။

တချိန်တည်းမှာပင် HRW ရဲ့ အစီရင်ခံစာကို တုံ့ပြန်သည့်အနေနှင့် အစ္စရေးစစ်တပ်က ပါလက်စတိုင်းများကို အခြေချနေထိုင်သူများ၏ နှိပ်စက်ညှဉ်းပန်းမှုမှ ကာကွယ်ဖို့ ပျက်ကွက်သည့် အစ္စရေးစစ်သားမှန်သမျှကို အပြစ်ပေးအရေးယူမယ်ဟု အစ္စရေးစစ်တပ်က ကြေညာခဲ့သည်။

ပါလက်စတိုင်းများကို အစ္စရေးအချို့က တိုက်ခိုက်ခဲ့သည့် မြင်ကွင်းများကို တပ်ဖွဲ့အတွင်းမှ စစ်သားများက မြင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ဓာတ်ပုံ။

ဧပြီ ၁၃ ရက်က အနောက်ဘက်ကမ်းရှိ Beitin ရွာတွင် အစ္စရေးအခြေချနေထိုင်သူများနှင့် ပါလက်စတိုင်းတို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည့် ဗီဒီယိုမှစခရင်ကို ဖမ်းယူထားသည့်ဓာတ်ပုံ။/CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင် ယတြာချေဖို့ လပခဌာနချုပ်ထဲ တည်းခိုနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 20 Views
ဇန်နဝါရီလ (၂၇)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ရဲဘော်တွေကို ဦးညွတ်အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 29 Views
တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုအသိပေး ဇန်နဝါရီလ (၂၇)ရက်။ နိုင်ငံအတွက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ရဲဘော်ဟောင်းတွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ဦးညွတ်‌အလေးပြုတယ်လို့
မြန်မာသတင်း

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 25 Views
ဇန်နဝါရီလ (၂၇)ရက်။ NLD အစိုးရလက်ထက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်သွားပြီဖြစ်တယ်လို့ ညီဖြစ်သူရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကိုအကြီးဆုံး ဒေါက်တာ ဦးမြင့်ထွေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံမှာ ဒေသစံတော်ချိန်
မြန်မာသတင်း

အင်အားစုတွေအကြား သဘောထားကွဲလွဲတာတွေ ညှိနှိုင်းဖြေရှင်းဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 25 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး
မြန်မာသတင်း

ပုလဲနယ်ထဲ BNRA ကို အကြောင်းပြချက်မရှိဘဲ ဆန္ဒပြဖို့ NUG က အတင်းအကြပ် စေခိုင်းနေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 33 Views
ဇန်နဝါရီလ (၂၆)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုလဲနယ်မှာ NUG က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အကြောင်းမဲ့ ဆန္ဒပြခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ တိုက်နယ်အဖွဲ့တွေကို ဒေသခံတွေက BNRA အလိုမရှိဘူးဆိုပြီးတော့ ဆန္ဒပြခိုင်းတာပေါ့။ အဲ့လိုဆန္ဒပြခိုင်းတာမှာ
မြန်မာသတင်း

မြိုင်မြို့တိုက်ပွဲထဲ ရဲဘော် (၃)ဦးကျဆုံးပြီး (၁)ဦး အရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 41 Views
ဇန်နဝါရီလ (၂၆)ရက်။ မြိုင်မြို့နယ်ထဲ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၅)ရက်နေ့က ပျုစောထီးတွေနဲ့ စခတွေ ထန်းအူတွေပေါက်ပြီး ရိက္ခာရှာ‌နေတာကို ကင်းထောက်ဒရုန်းကနေ တွေ့ခဲ့တာ။ (၂၂)ရက်နေ့မှာ
မြန်မာသတင်း

လှိုင်သာယာမြို့ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံး (၄၀)မမနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 36 Views
ဇန်နဝါရီလ (၂၆)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က ရန်ကုန် လှိုင်သာယာမြို့(အနောက်ပိုင်း)ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံးကို (၄၀)မမနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီရွေးကောက်ပွဲကော်မရှင်ရုံးက ပြည်သူတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေ ရှိနေတာနဲ့
မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 53 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ပါရဂူတွေရော တပ်မတော်‌(ဆေး)က ပါရဂူတွေရော