နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

PDF သိမ်းပိုက်ထားတဲ့ သရက်ကုန်းရွာကို စစ်ကောင်စီက တစ်ရက်ထဲ လေကြောင်းနဲ့ (၇)ကြိမ်တိုက်ခိုက်ခဲ့

ဧပြီလ (၂၂)ရက်။

မနေ့က တစ်ရက်ထဲ နောင်ချိုမြို့နယ်ရှိ သရက်ကုန်းရွာကို စစ်ကောင်စီက လေကြောင်းကနေ (၇)ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သရက်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ MDY-PDF တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာကနေ စစ်ကောင်စီက အခုလို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဘယ်လိုရည်ရွယ်ချက်နဲ့ လေကြောင်းတိုက်ခိုက်တာလဲဆိုတာကို မသိရသေးပေမယ့် ကျေးရွာဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ သရက်ကုန်းကျေးရွာဘုန်းကြီးကျောင်းကို (၃)ကြိမ်၊ ဇာလီကျေးရွာဘုန်းကြီးကျောင်းကို (၂)ကြိမ်နဲ့ ပါဟပ်ကျေးရွာဘုန်းကြီးကျောင်းကို (၂)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

သရက်ကုန်းကျေးရွာကို PDF က ဧပြီလ (၁၅)ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်ရယူဖို့ ပြင်ဦးလွင်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

အဲ့ဒီသရက်ကုန်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာခဲ့ပြီး အလောင်း (၂၀)ကျော်နဲ့ လက်နက်မျိုးစုံ (၄၀)ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြော

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 23 Views
ဧပြီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားတယ်လို့ သိရပါတယ်။ ချင်းပူးပေါင်းတပ်တွေ
မြန်မာသတင်း

ဘိုဒါးရွာထဲ (၂)နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 23 Views
ဧပြီလ (၂၅)ရက်။ ဘိုဒါးရွာထဲ စစ်တပ်က တပ်စွဲထားတဲ့စခန်းကို ‌တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အပေါ် NUCC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 21 Views
ဧပြီလ (၂၅)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်ပေါင်း (၁၀၀)ထဲ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး NUCC က ဒီကနေ့မှာ သဘောထားထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖိတ်ခေါ်တာဟာ စစ်အာဏာသိမ်းတာကြောင့် ပျက်ပြယ်ပြီးဖြစ်တဲ့ ၂၀၀၈ခြေ/ဥနဲ့ NCA လမ်းကြောင်းကနေတဆင့် တော်လှန်ရေးအင်အားစုတွေကို သက်လျှိုသွေးခွဲဖို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ကပစ(၂၄) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 29 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၀)ရက်နေ့က ပေါက်မြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၂၄)ကို ရှော့တိုက်ဒုံးတွေ၊ လက်လုပ် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကပစ(၂၄)ကို MGY–30 Special Operations Unit–3
မြန်မာသတင်း

ဝက်လက်နယ်ရှိ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 27 Views
အရပ်သားတဦးသေဆုံးပြီး စာသင်နေတဲ့ ကျောင်းသားကျောင်းသူတွေ ထိခိုက်ဒဏ်ရာရခဲ့ ဧပြီလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၁)နာရီခွဲအချိန်က ဝက်လက်မြို့ မုဆိုးခြုံ(ရွာမ)ရွာ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မုဆိုးခြုံ(ရွာမ)ရွာစာသင်ကျောင်းကို
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုတယ်ဆိုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတယ်လို့ MNDAA ပြော

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 24 Views
ဧပြီလ (၂၄)ရက်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ကြိုဆိုဂုဏ်ပြုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတာကြောင့် သတိပြုကြဖို့ ကိုးကန့်တပ်(MNDAA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုအခါ လူမှုကွန်ရက်စာမျက်နှာတွေမှာ “ The Kokang” နဲ့ တရုတ်ဘာသာနဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံ‌ခြားရေးဝန်ကြီးပြောတယ်ဆိုပြီး စစ်လော်ဘီတွေဖြန့်ဝေနေ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 24 Views
ဧပြီလ (၂၄)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ရေးသားဖြန့်ဝေနေကြတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ နေပြည်တော်ကို ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ထည့်သွင်းပြောဆိုခဲ့တာလို့
မြန်မာသတင်း

မြို့နယ်ပေါင်း (၆၀)ကို ကိုယ်တိုင်ခန့်သမ္မတမင်းအောင်လှိုင် အရေးပေါ်အခြေအနေကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 20 Views
ဧပြီလ (၂၄)ရက်။ မြို့နယ်ပေါင်း (၆၀)မြို့ကို ကိုယ်တိုင်ခန့်သမ္မတမင်းအောင်လှိုင်က အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့နဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းဖို့ဆိုပြီး တိုင်းနဲ့ပြည်နယ်အချို့က မြို့နယ် (၆၀)ကို အရေးပေါ်အခြေအနေ ကြေညာခဲ့တာလို့ သိရပါတယ်။