မေလ (၂၂)ရက်။
ဒီကနေ့ မေလ (၂၂)ရက် ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ကလေးဒေသတစ်နေရာထဲ တော်လှန်ကဆုန်ညောင်ရေသွန်းပွဲတော်ကို ပြုလုပ်ခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီထံက သိရပါတယ်။
အဲဒီတော်လှန်ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေနဲ့ တော်လှန်ပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ကဆုန်ညောင်ရေသွန်းပွဲမှာ ဖက်ဆစ်တပ်ကို လေယာဥ်ဆီ ရောင်းပေးနေတာ ချက်ချင်းရပ်တန့်ဖို့ နယ်မြေမငြိမ်သက်တဲ့ အခြေအနေကြားကပဲ ပြုလုပ်ကာ တောင်းဆိုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် မန္တလေးမြို့ပေါ်ရှိ ဘုရားစေတီပုထိုးတွေမှာလဲ တော်လှန်ကဆုန်ညောင်ရေသွန်းပွဲကို အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံသပိတ်က ပြုလုပ်ခဲ့ပြီး တော်လှန်သတိနဲ့ အာဏာရူးတွေ အမြစ်ဖြတ်ဖို့ တောင်းဆုပြုခဲ့ကြတယ်လို့ သိရပါတယ်။