မေလ (၂၂) ရက်။
ရခိုင်အရေးနဲ့ ပတ်သက်ပြီး ၁၅၉ ဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် ကြောင်းကျိုးဆီလျောတဲ့ အမှန်တရားထက်အလှူရှင်တွေအကြိုက် မျက်နှာပြောင်တိုက်တဲ့ ကြောင်သူတော်မိတ်ဆွေတွေအနေနဲ့ ထိုက်တန်တဲ့ နိုင်ငံရေးအနာဂတ်မှာ နေပျော်စေရန် ဆုတောင်းလိုက်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူရဲ့လူမှုကွန်ရက် စာမျက်နှာ X ကတဆင့် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ရေးသားထားပါတယ်။
“ ယေဓမ္မဟေတုပ္ပဘာဝါ’-ကြောင်းကျိုးဆီလျှော်သောအမှန်တရားထက် ၊ အလှူ့ရှင်များ အကြိုက်မျက်နှာ ပြောင်တိုက်ကြလေသောကြောင်သူတော်မိတ်ဆွေတို့အတွက်၊ သင်တို့နှင့်ထိုက်တန်သောနိုင်ငံရေးအနာဂတ်မှာစံပျော်ရပါစေကြောင်းဆုတောင်းလိုက်ပါသည်”
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး NUG နဲ့ တော်လှန်ရေးအင်အားစုနဲ့ အရပ်ဘက်အဖွဲ့ ၁၉၅ ခုက ကြေညာချက်တွေ အသီးသီး ထုတ်ပြန်လာခဲ့ပြီး အဲ့ဒီကြေညာချက်တွေမှာ ရခိုင်ပြည်က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားကြပါတယ်။