နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာရှိ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် ကုလမဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာကို NUG ထောက်ခံကြိုဆို

ဇွန်လ (၂၂)ရက်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR)ရဲ့ အစီအစဉ်ကို ထောက်ခံကြိုဆိုတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တရားမ၀င်အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်ရှုမွန်းကျပ်နေတဲ့နိုင်ငံကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ” အပါအ၀င် “ လူ့အခွင့်အရေးဆိုင်ရာအခြေအနေကလဲ အရှိန်အဟုန်နဲ့ ဆက်လက်ဆုတ်ယုတ်နေပါတယ်” လို့ မဟာမင်းကြီးရုံးက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက လူနည်းစုအသိုင်းအဝိုင်းတွေအပါအဝင် အရပ်သားတွေအပေါ် လူ့အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ချိုးဖောက်တာတွေကို အရှိန်မြှင့်လုပ်ဆောင်တာကြောင့် မြန်မာရှိ လူ့အခွင့်အရေးအခြေအနေတွေက ပိုမိုဆိုးရွာစွာကျဆင်းနေတယ်လို့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာအပါအဝင် မြန်မာလူငယ်တွေကို အကြမ်းဖက်စစ်အုပ်စုက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာကို တရားမ၀င် ဆက်လက်လုပ်ဆောင်နေတာကြောင့် ရက်စက် ကြမ်းကြုတ်ပြီး ထိတ်လန့်ဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုမျိုးစုံအပြင် စုပေါင်းပြစ်ဒဏ်မှုကို ထပ်မံကျူးလွန်လာနေတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် အရပ်သားတွေနဲ့ သူတို့ရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အရေးပေါ်လိုအပ်နေသူတွေဆီ အမြန်ဆုံး ရောက်ရှိစေဖို့ ကြိုးပမ်းရာမှာ တုံ့ဆိုင်းမနေသင့်ဘူးလို့ ကုလမဟာမင်းကြီးရုံးက ပြောဆိုထားပါတယ်။

မြန်မာမှာ ရှက်ဖွယ်ကောင်းတဲ့ အတိတ်ကလုပ်ရပ်တွေနဲ့ ရိုဟင်ဂျာ၊ ရခိုင်နဲ့ ရခိုင်ပြည်နယ်ထဲက လူနည်းစုအသိုင်းအဝိုင်းအပါအ၀င် လူနည်းစုတွေအပေါ် ဆိုးရွားရက်စက်မှုတွေကို ကျူးလွန်ခဲ့တဲ့အပေါ် ပျက်ကွက်ခဲ့တာကို NUG က ဝန်ခံထားကာ ထပ်တလဲလဲမဖြစ်စေဖို့ကိုလဲ ကတိပြုထားပါတယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ အသက်ရှင်သန်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနေတယ်လို့ NUG က ပြောဆိုထားပါတယ်။

NUG အနေနဲ့ လူမှုပေါင်းစည်းမှုမြှင့်တင်ရေး၊ လူမျိုးရေး အပြန်အလှန် ညှိနှိုင်းဆွေးနွေးရေးနဲ့ တိုင်းရင်းသား လူမျိုးရေးနဲ့ ဘာသာရေး အသိုက်အဝန်းအားလုံးရဲ့ အခွင့်အရေးတွေကို မြှင့်တင်သွားမယ်လို့ ကတိပြုထားပါသေးတယ်။

ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ နားလည်မှုနဲ့သဘောထားကြီးမှတို့ကိုလဲ ဆက်လက် တည်ဆောက်သွားမှာဖြစ်ပြီး တိုင်းရင်းသားအသိုက်အဝန်းတွေအကြား သဘောထားကွဲလွဲမှုကို ချူပ်ငြိမ်းဖို့ ကြိုးပမ်းသွားမယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 10 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 12 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့
မြန်မာသတင်း

နွားထိုးကြီးတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၂၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြိုမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဟာ ဖက်ခူးရွာကနေ ထွက်လာချိန် မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတိုနဲ့ (၁)နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြိုင်နယ်ရှိ တွင်းမပျုစောထီးရွာထဲ လေယာဉ်ဆင်းသက်ချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို ဆိုပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 10 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့ PDF ရဲဘော်တွေရှိလာတာနဲ့ PLA ရဲဘော်တွေရဲ့ မိသားစုဝင်တွေ လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးခံရတာ စတဲ့