နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်းမြို့နယ်မှာ ပသုံးလုံးက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ CDM ဆရာမကို ဖမ်းဆီးမင်းကင်းမြို့မှာ မြို့နယ်ပကဖက ကျေးရွာပကဖ ခန့်အပ်တဲ့ အစည်းအဝေးမှာ ရွာသားတွေကို သေနတ်ပြခြိမ်းခြောက်၊ အရင်ကျေးရွာပကဖတွေကို ကြိုးတုတ်ဖမ်းဆီးထားမင်းကင်းမြို့နယ်မှာ ပသုံးလုံးက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ CDM ဆရာမကို ဖမ်းဆီး

ဇူလိုင်လ (၂၂) ရက်။

မင်းကင်းမြိုမှာ မြိုနယ်ပကဖရဲ့ ဒုတာ၀န်ခံ ဇော်မင်းက ကျေးရွာပကဖအစည်းအဝေးထဲ သေနတ်ပြ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“အခုရက်ပိုင်းမှာပဲ ရွာက ပကဖတွေပြန်ရွေးတဲ့အစည်းအဝေးမှာ သူတိုခန့်တဲ့ ပကဖတွေကို လက်မခံဘူးလို့ ရွာသားတွေက ပြောတာကို မြို့နယ်ပကဖတာ၀န်ခံ ဇော်မင်းအဖွဲက သေနတ်နဲ့ ထုတ်ချိန်တာကြောင့် အဲ့ဒီအစည်းအဝေးက ပျက်သွားပါတယ်”လို သူက ဆိုပါတယ်။

အရင်က ကျေးရွာပကဖတွေကို ဖွဲစည်းခဲ့ရာမှာ အဖွဲ၀င် (၉)ဦးနဲ့ ဖွဲစည်းခဲ့ကာ အခု ပြန်လည်ဖွဲစည်းရာမှာတော့ (၅) ဦးနဲ့သာ ပြောင်းလဲဖွဲစည်းခဲ့သလို မဲစနစ်နဲ့ရွေးချယ်ခဲ့တယ်ဆိုပေမယ့် ရွာသားတွေရွေးချယ်ခွင့် မရခဲ့ဘူးလို သိရပါတယ်။

“အခုသူတိုစိတ်ကြိုက်ခန့်ခဲ့တဲ့ ကျေးရွာပအဖ ဦးမြင့်စိန်က ရွာမှာဘာမှလုပ်တာမရှိဘူး၊ တော်လှန်ရေးထဲလဲ ထဲထဲဝင်ဝင်ပါတာမရှိဘူး၊ နောက်ပြီးတော့ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးမှာလဲ ထဲထဲ၀င်၀င်မပါဘူး”လို ဆက်ပြောပါတယ်။

ဒါ့အပြင် မြိုနယ်ပကဖဒုတာ၀န်ခံ ကိုဇော်မင်းနဲ့အဖွဲ၀င်တွေဟာ ဒီကနေ့ နံနက်ပိုင်းမှာ ကျေးရွာထဲ အလှူခံဂိတ်ဖွင့်လိုဆိုပြီး CDM ဆရာမတစ်ဦး၊ အရင်ပကဖခေါင်းဆောင်နဲ့ တိုက်နယ်ပကဖခေါင်းဆောင်တိုအပါအ၀င် ရဲဘော် (၁၀)ဦးခန့်ကို ကြိုးတုတ်ဖမ်းဆီးခဲ့တယ်လို သိရပါတယ်။

“ကိုဇော်မင်းတို့က ရွာအလှူခံဂိတ်ဖွင့်လိုဆိုပြီး CDM ကျောင်းတာ၀န်ခံဆရာမနဲ့ အရင်ပကဖခေါင်းဆောင်ရယ် ပြီးတော့ တိုက်နယ်ပကဖခေါင်းဆောင်ရယ်နဲ့ အခြားတော်လှန်ရေးအဖွဲ၀င် (၁၀)ဦးလောက်ကို ကြိုးတုတ်ပြီး ဖမ်းသွားတယ်၊ အခုညနေအထိပြန်မလွှတ်သေးဘူး”လို သူက ထပ်မံပြောပါတယ်။

အခုလို ဖမ်းဆီးတာတွေဟာ ကျေးရွာပကဖတွေ ပြန်လည်ရွေးချယ်ဖိုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဖြစ်ခဲ့တာတွေကို မကျေနပ်တာကြောင့် ကိုဇော်မင်းနဲ့အဖွဲက ပြုလုပ်တာဖြစ်တယ်လို ရွာခံတွေက ပြောဆိုနေကြပါတယ်။

ပကဖဒုတာ၀န်ခံ ကိုဇော်မင်းဟာ ကျောင်းတာ၀န်ခံ CDM ဆရာမ ဒေါ်ဖြိုးပပမွန်နဲ့ ပကဖခေါင်းဆောင်တွေအပါအ၀င် ရဲဘော်တွေကို စစ်ဆေးမယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့ကာ ညနေပိုင်းအချိန်အထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးပါဘူး။

ကျေးရွာထဲဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်ဟာ ပညာရေး၊ ကျန်းမာရေးနဲ့ ကာကွယ်ရေးတိုအတွက် ရည်ရွယ်ကာ NUG မြိုနယ်ပညာရေးမှူးရုံးတိုရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတာပြီး ဦးဆောင်ဖွင့်လှစ်ထားတဲ့ ကျောင်းတာ၀န်ခံ CDM ဒေါ်ဖြိုးပပမွန်ကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လိုလဲ သိရပါတယ်။

ဓာတ်ပုံ။

ကျေးရွာပသုံးလုံးအဖွဲ့ဝင်တွေ ပြန်လည်ဖွဲ့စည်းဖို့ မြို့နယ်ပကဖဒုတာဝန်ခံနဲ့ ဒေသခံများကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 37 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို