နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်းမြို့နယ်မှာ ပသုံးလုံးက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ CDM ဆရာမကို ဖမ်းဆီးမင်းကင်းမြို့မှာ မြို့နယ်ပကဖက ကျေးရွာပကဖ ခန့်အပ်တဲ့ အစည်းအဝေးမှာ ရွာသားတွေကို သေနတ်ပြခြိမ်းခြောက်၊ အရင်ကျေးရွာပကဖတွေကို ကြိုးတုတ်ဖမ်းဆီးထားမင်းကင်းမြို့နယ်မှာ ပသုံးလုံးက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ CDM ဆရာမကို ဖမ်းဆီး

ဇူလိုင်လ (၂၂) ရက်။

မင်းကင်းမြိုမှာ မြိုနယ်ပကဖရဲ့ ဒုတာ၀န်ခံ ဇော်မင်းက ကျေးရွာပကဖအစည်းအဝေးထဲ သေနတ်ပြ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ အခုရက်ပိုင်းမှာပဲ ရွာက ပကဖတွေပြန်ရွေးတဲ့အစည်းအဝေးမှာ သူတိုခန့်တဲ့ ပကဖတွေကို လက်မခံဘူးလို့ ရွာသားတွေက ပြောတာကို မြို့နယ်ပကဖတာ၀န်ခံ ဇော်မင်းအဖွဲက သေနတ်နဲ့ ထုတ်ချိန်တာကြောင့် အဲ့ဒီအစည်းအဝေးက ပျက်သွားပါတယ်” လို သူက ဆိုပါတယ်။

အရင်က ကျေးရွာပကဖတွေကို ဖွဲစည်းခဲ့ရာမှာ အဖွဲ၀င် (၉)ဦးနဲ့ ဖွဲစည်းခဲ့ကာ အခု ပြန်လည်ဖွဲစည်းရာမှာတော့ (၅) ဦးနဲ့သာ ပြောင်းလဲဖွဲစည်းခဲ့သလို မဲစနစ်နဲ့ရွေးချယ်ခဲ့တယ်ဆိုပေမယ့် ရွာသားတွေရွေးချယ်ခွင့် မရခဲ့ဘူးလို သိရပါတယ်။

“ အခုသူတိုစိတ်ကြိုက်ခန့်ခဲ့တဲ့ ကျေးရွာပအဖ ဦးမြင့်စိန်က ရွာမှာဘာမှလုပ်တာမရှိဘူး၊ တော်လှန်ရေးထဲလဲ ထဲထဲဝင်ဝင်ပါတာမရှိဘူး၊ နောက်ပြီးတော့ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးမှာလဲ ထဲထဲ၀င်၀င်မပါဘူး” လို ဆက်ပြောပါတယ်။

ဒါ့အပြင် မြိုနယ်ပကဖဒုတာ၀န်ခံ ကိုဇော်မင်းနဲ့အဖွဲ၀င်တွေဟာ ဒီကနေ့ နံနက်ပိုင်းမှာ ကျေးရွာထဲ အလှူခံဂိတ်ဖွင့်လိုဆိုပြီး CDM ဆရာမတစ်ဦး၊ အရင်ပကဖခေါင်းဆောင်နဲ့ တိုက်နယ်ပကဖခေါင်းဆောင်တိုအပါအ၀င် ရဲဘော် (၁၀)ဦးခန့်ကို ကြိုးတုတ်ဖမ်းဆီးခဲ့တယ်လို သိရပါတယ်။

“ ကိုဇော်မင်းတို့က ရွာအလှူခံဂိတ်ဖွင့်လိုဆိုပြီး CDM ကျောင်းတာ၀န်ခံဆရာမနဲ့ အရင်ပကဖခေါင်းဆောင်ရယ် ပြီးတော့ တိုက်နယ်ပကဖခေါင်းဆောင်ရယ်နဲ့ အခြားတော်လှန်ရေးအဖွဲ၀င် (၁၀)ဦးလောက်ကို ကြိုးတုတ်ပြီး ဖမ်းသွားတယ်၊ အခုညနေအထိပြန်မလွှတ်သေးဘူး” လို သူက ထပ်မံပြောပါတယ်။

အခုလို ဖမ်းဆီးတာတွေဟာ ကျေးရွာပကဖတွေ ပြန်လည်ရွေးချယ်ဖိုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဖြစ်ခဲ့တာတွေကို မကျေနပ်တာကြောင့် ကိုဇော်မင်းနဲ့အဖွဲက ပြုလုပ်တာဖြစ်တယ်လို ရွာခံတွေက ပြောဆိုနေကြပါတယ်။

ပကဖဒုတာ၀န်ခံ ကိုဇော်မင်းဟာ ကျောင်းတာ၀န်ခံ CDM ဆရာမ ဒေါ်ဖြိုးပပမွန်နဲ့ ပကဖခေါင်းဆောင်တွေအပါအ၀င် ရဲဘော်တွေကို စစ်ဆေးမယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့ကာ ညနေပိုင်းအချိန်အထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးပါဘူး။

ကျေးရွာထဲဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်ဟာ ပညာရေး၊ ကျန်းမာရေးနဲ့ ကာကွယ်ရေးတိုအတွက် ရည်ရွယ်ကာ NUG မြိုနယ်ပညာရေးမှူးရုံးတိုရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတာပြီး ဦးဆောင်ဖွင့်လှစ်ထားတဲ့ ကျောင်းတာ၀န်ခံ CDM ဒေါ်ဖြိုးပပမွန်ကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လိုလဲ သိရပါတယ်။

ဓာတ်ပုံ။

ကျေးရွာပသုံးလုံးအဖွဲ့ဝင်တွေ ပြန်လည်ဖွဲ့စည်းဖို့ မြို့နယ်ပကဖဒုတာဝန်ခံနဲ့ ဒေသခံများကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 17 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 14 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 11 Views
ဇန်နဝါရီလ (၂၉)ရက်။ သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုလော်ဘီ မှိုင်းဝေရဲ့ တယ်လီဂရမ်အကောင့်ကနေ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်၊
မြန်မာသတင်း

ကျောက်ဖြူမှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 16 Views
ဇန်နဝါရီလ (၂၉)ရက်။ ရခိုင် ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင်က ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

ညွှန်ကြားချက်တွေကို ဆန့်ကျင်တာကြောင့် ရဲဘော်ညိုအောင်ကို PRF ရှုတ်ချထုတ်ပယ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 45 Views
ဇန်နဝါရီလ (၂၈)ရက်။ အထင်အဆင့်အဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ရှုတ်ချထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ PRF ရဲ့ ဗဟိုကော်မတီဝင်နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ဟာ ဇန်နဝါရီလ (၈)ရက်နေ့ကစတင်ပြီး ညွှန်ကြားချက်နဲ့ ဆန့်ကျင်ကာ မဟာမိတ်ထိန်းချုပ်ဒေသမှာ
မြန်မာသတင်း

စစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ကို Facebook ဖယ်ရှား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ခုကို Facebook က ဖယ်ရှားလိုက်တယ်လို့ Justice for Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖယ်ရှားခံရတဲ့ အကောင့်အများစုဟာ
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် (၃)နှစ်အရွယ်အပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ ည (၉)နာရီ (၂၅)မိနစ်အချိန်က ဒူးသထူခရိုင်မှာ စစ်တပ်ရဲ့ ခမရ(၃)ကနေ ၁၂၀မမ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ KNPP ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 38 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNPP က (၁၅)ကြိမ်မြောက် ပါတီကွန်ကရက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ KNPP အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်တဲ့ပုံစံနဲ့