နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိုင်မြို့နယ်မှာ ထိုးစစ်ဆင်တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၉)ဦးသေဆုံးပြီး (၅)ဦး အရှင်ဖမ်းမိခဲ့

ဩဂုတ်လ (၂၂)ရက်။

ဩဂုတ်လ (၁၉)ရက်နေ့ ညပိုင်းမှာ မြိုင်မြို့နယ်ရှိ ရွာသစ်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်‌ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရွာသစ်ရွာဘုန်းကြီးကျောင်းထဲ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြိုင်မြို့နယ်တောင်ပိုင်းရှိ တွင်းမပျူစောထီးစခန်းကနေ မြိုင်ကပစကို ခြေလျင်ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။

အဲ့ဒီဘုန်းကြီးကျောင်းထဲ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက နယ်မြေအားသာမှုရယူပြီး တိုက်ခိုက်ခဲ့ကာ ဩဂုတ်လ (၂၀)ရက်နေ့ နံနက်ပိုင်းမှာ တိုက်ပွဲငယ်တွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က အီနီဂါချတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီးတွေကို အသာစီးယူနိုင်ခဲ့သလို တိုက်ပွဲထဲ အညာမြေတပ်ပေါင်းစုတပ်ဖွဲ့က ဒရုန်းတစ်စင်းနဲ့ ဝံပုလွေပျောက်ကြားတပ်ဖွဲ့က ဒရုန်းတစ်စင်း ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

မနေ့က နံနက်ပိုင်းအချိန်မှာလဲ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေဟာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အရှိန်မြင့်တက်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က (၉)ဦးသေဆုံးပြီး (၅)ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီထံက‌ G3(၂)လက်၊ MA 2 (3)လက်၊ MA3 (၄)လက်၊ MA4 (၁)လက်၊ MA 1 (၆)လက်၊ MA11 (၁)လက်၊ 79 မမ (၁)လက်၊ 89 မမ တစ်လက်၊ 40 mm အဖူး (၁၂)လုံး၊ 80 mm အဖူး (၃)လုံး၊ 5.56 (၈၆၇)တောင့်၊ G3(၁၉၂)တောင့်၊ လက်ပစ်သီး (၄)လုံး၊ G3ကျည်ဘောက် (၅)ခု၊ MA 1 ကျည်ဘောက်(၂၆)ဘောက်၊ ငွေကျပ်(၁၃၀၀၀၀)၊ အီနာဂါ (၃)လုံး၊ 9MM ‌ကျည်ဘောက်  (၁)ဘောက်၊ RPG အဖူး (၃)လုံး၊ 9MM ကျည် (၁၉၆)တောင့်၊ ကျည်ကာဦးထုပ် (၄)လုံး၊ ကွန်မန်ဒို စိန်ပြောင်း (၁)လက်၊ ဖုန်း (၂)လုံးနဲ့ အခြား စစ်ရေးဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲ့ဒီတိုက်ပွဲကို အညာမြေတပ်ပေါင်းစုနဲ့အတူ 
ပခုက္ကူ တပ်ရင်း (၂)၊ တပ်ရင်း (၆)၊တပ်ရင်း (၇)၊ Earthquake၊ ပကဖ တပ်ရင်း (၁)နဲ့ ဝံပုလွေပျောက်ကြားတပ်ဖွဲ့၊ ဒို့ညီနောင်ပျောက်ကြားတပ်ဖွဲ့၊ bBack God နဲ့ justice revolution force တပ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 29 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 28 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို