နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေးမြို့ရှိ ကိုးမိုင်တံတား မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ကားတွေပိတ်နေ

နိုဝင်ဘာလ (၂၂)ရက်။

ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်က ရေးမြို့နဲ့ မလွဲတောင်ကြားရှိ ကိုးမိုင်တံတားမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကားသမားတွေထံက သိရပါတယ်။

“ နံနက် (၆)နာရီခွဲကျော်လောက် ရေးနဲ့ မလွဲတောင်ကြားက ကိုးမိုင်တံတားမှာ မိုင်းပေါက်ကွဲတာ။ တံတားက လမ်းသားတွေ ပျက်စီးသွားလို့ ဆက်သွားလို့မရတော့ဘဲ ကားတွေ ပိတ်မိနေတာ” လို့ ကားသမားတစ်ဦးက ဆိုပါတယ်။

ကိုးမိုင်တံတားဟာ ရေးမြို့နဲ့ (၁၂)မိုင်ခန့်အကွာမှာရှိပြီး မိုင်းပေါက်ကွဲခဲ့တာကြောင့် တံတားလမ်းသားတွေ ပျက်စီးသွားခဲ့ကာ ကားတွေဖြတ်သန်းသွားလာလို့ မရတော့ဘဲ ပိတ်မိနေကြတာလို့ သိရပါတယ်။

ကိုးမိုင်တံတား မိုင်းပေါက်ကွဲခဲ့ပြီးနောက် နာရီးပိုင်းအကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကာ အခုအခါ မလွဲတောင်ဂိတ်က အဆင်းကားတွေကိုဟာ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

“ အခုလောလောဆယ်ထိတော့ မလွဲတောင်ဂိတ်က အဆင်းကားတွေကိုပဲ ခွင့်ပြုပေးထားပြီး အတက်ကားတွေကိုတော့ ဆင်းခွင့်မပေးဘဲ ဂိတ်မှာ ပိတ်ထားတယ်။ မစောင့်နိုင်တဲ့ကားတွေကတော့ ပြန်လှည့်သွားကြတာရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

အခုလို ကိုးမိုင်တံတား မိုင်းပေါက်ကွဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး KNU နဲ့ PDF တွေက ပြုလုပ်တာလို့ စစ်လော်ဘီချန်နယ်တွေက စွပ်စွဲဖော်ပြထားကာ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးပရိဿတ်များ –

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 4 Views
ဒီအပတ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၂၆ရက် ၊ တနင်္ဂနွေနေ့ မှာ ခေတ်မျက်လုံးရဲ့ ပင်တိုင် ဟောပြောသူတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော် နဲ့
မြန်မာသတင်း

မြင်းခြံမြို့ ဆင်းဂွတ်ရွာစာသင်ကျောင်းအနီး ဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် ဒါဇင်နဲ့ချီသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 17 Views
ဇန်နဝါရီလ (၂၆)ရက်။ ဒီကနေ့ နံနက် (၈)နာရီကျော်အချိန်က မြင်းခြံမြို့ ဆင်းဂွတ်ရွညစာသင်ကျောင်းအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်ရှေ့တန်းပို့ခံရတဲ့ စစ်ကောင်စီတပ်သား(၇)ဦး KNDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 4 Views
ဇန်နဝါရီလ (၂၆)ရက်။ စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်နယ် ရှေ့တန်းစစ်ဆင်ရေးတွေဆီ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား (၇)ဦး ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၁၉)ရက်နေ့က လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ထွက်ပြေးလာတဲ့ ခမရ(၃၄၀)တပ်ရင်းက
မြန်မာသတင်း

စစ်ရေးသတိရှိဖို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုရောက်ချိန် စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 5 Views
ဇန်နဝါရီလ (၂၆)ရက်။ မနေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ် သန်လျင်တပ်နယ်မှာ စစ်ရေးသတိရှိဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေအနေနဲ့ ဘယ်တပ်ဖွဲ့၊ ဘယ်နေရာမှာ တာဝန်ထမ်းဆောင်နေပါစေ စစ်ရေးသတိ၊ စစ်ရေးအသိ၊
မြန်မာသတင်း

တရုတ်အနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကို ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 11 Views
ဇန်နဝါရီလ (၂၆)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်နိုင်ငံပြည်သူတွေအကြား ရင်းနှီးချစ်ကြည်ဖို့ကို ပိုမိုတိုးတက်ခိုင်မာအောင် အလေးအနက်ထား ဆောင်ရွက်သွားမယ်လို့
မြန်မာသတင်း

တပတ်တာတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၂၀)ဦးကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 13 Views
ဇန်နဝါရီလ (၂၅)ရက်။ အခုလ (၁၈)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ကို (၁၆)ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်သား စုစုပေါင်း (၂၇)ဦး
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ CDM ဝန်ထမ်းတွေနဲ့ အရပ်သားတွေ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 17 Views
ဇန်နဝါရီလ (၂၅)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲပြည်သူ့ဆေးရုံကို နေ့လယ်(၁)နာရီ (၂၅)မိနစ်နဲ့ (၂၉)မိနစ်တို့မှာ လေကြောင်းကနေ
မြန်မာသတင်း

ပအိုဝ်းဒေသကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့က အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 9 Views
ဇန်နဝါရီလ (၂၅)ရက်။ ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းရှိ ပအိုဝ်း‌ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလို ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းက ပအိုဝ်းရွာတွေကို လက်နက်ကြီးတွေနဲ့