မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ထိုင်းနိုင်ငံရဲ့ အရေးပါမှုကို အမြဲတမ်းလေ့လာတင်ပြနေတဲ့ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုရဲ့ အမြင်သဘောထားတွေကို မြန်မာနိုင်ငံသားများအနေနဲ့ လေ့လာသိရှိနိုင်ဖို့ အပတ်စဉ် အစီအစဉ်အဖြစ် တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။
ဒီတပတ်မှာတော့ “ စစ်အုပ်စုရဲ့ စစ်ရှုံးလာမှုကြောင့် စစ်ကောင်စီဟာ တိုင်းပြည်ကို မအုပ်ချုပ်နိုင်တော့ဘူး ဒါကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်” လို့ ပြောလာတဲ့ ထိုင်းဗိုလ်ချုပ်တွေပေါ်လာတယ်ဆိုတဲ့ အကြောင်းတွေ
ထိုင်းနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေ ဘယ်လောက်အထိ အမြတ်အစွန်းတွေ ရနေလဲဆိုတဲ့ အကြောင်းတွေကို မီးမောင်းထိုးပြသွားတာကို နားဆင်ရမှာပါ။
ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့ပေမယ့် အခြေခံဥပဒေအရ အစိုးရအဖြစ် မရပ်တည်နိုင်ဘဲ အတိုက်အခံအဖြစ်နဲ့သာ ရပ်တည်ခဲ့ရတဲ့ Move Forward ပါတီကို ဖျက်သိမ်းတဲ့အထိ လုပ်ဆောင်နေတဲ့ ထိုင်းစစ်တပ်ရဲ့ လုပ်ဆောင်နေမှုကိုလည်း ပြောပြသွားတာတွေကို နားဆင်ရမှာပါ။