ဇန်နဝါရီလ (၂၁) ရက်။
ဇန်နဝါရီလ (၂၀) ရက်နေ့မှာ မင်းပြားမြို့ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က ဖြတ်တောက် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချိုကို သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
သတင်းထုတ်ပြန်ထားတဲ့ဗီဒီယိုရုပ်သံမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေ အမြောက်အများ တွေ့မြင်ရပါတယ်။
ဒါ့အပြင် Y8 လေယာဉ်ပေါ်က ချပေးတဲ့ ထောက်ပိုပစ္စည်းတွေကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။။