နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်ရေး ချင်းကာကွယ်ရေးတပ်များကို AA ကူညီပေးနေ

++++++++++++++++++++++++++++++++++++++++++

ဧပြီလ (၂၃) ရက်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ရရှိရေးအတွက် ရက္ခိုင့်တပ်တော် AA က အစစအရာရာ အကူအညီပေးထားတယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့ ချင်းညီနောင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျင်ဒွေးမြို့ကို မြို့သိမ်းတိုက်ပွဲ အဖြစ် ၂၀၂၃ ဒီဇင်ဘာလ (၂၂) ရက်နေ့က စတင်ပြီး CDF-ကန်ပက်လက်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းပြီး စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ CDF-မင်းတပ် အပါအဝင် ချင်းညီနောင်တပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ သိရှိရပါတယ်။

ကျင်ဒွေးမြို့ကို CDF-ကန်ပက်လက်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပိတ်ဆို့ထားနိုင်ခဲ့လို့ စစ်ကောင်စီဘက်က စစ်ကူတောင်းရတဲ့အထိ ဖြစ်ခဲ့ရပေမယ့် မြို့မသိမ်းနိုင်ခဲ့ပါဘူး။ စားနပ်ရိက္ခာအပါအဝင် ရေကိုလည်း ဖြတ်ထားနိုင်ခဲ့လို့ ရေသွားခပ်တဲ့ စစ်ဗိုလ်တဦးကိုလည်း စနိူက်ပါနဲ့ ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ၃ လတာကြာလာခဲ့လို့ ကျင်ဒွေးမြို့ကို ပိတ်ဆို့ထားတဲ့ တပ်ဖွဲ့တွေအတွက် နေ့စဉ်ကျွေးရတဲ့ စားနပ်ရိက္ခာစရိတ်တွေအပါအဝင် စစ်အသုံးစရိတ် အလွန်မြင့်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တော်လှန်ရေးအင်အားစုဘက်က ကျဆုံးသူလည်း ၁၀ ဦးကျော်လာခဲ့ပါတယ်။

CDF-ကန်ပက်လက် အနေနဲ့ ပထမပိုင်းမှာ CDF ချင်းတော်လှန်ရေးတပ်ပေါင်းစုနဲ့ ကျင်ဒွေးမြို့ကို သိမ်းဖို့ရည်ရွယ်ထားတယ်လို့ ဆိုပေမယ့် နောက်ပိုင်းမှာတော့ တိုင်းရင်းသား မဟာမိတ်တပ်တွေနဲ့ လက်တွဲဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်းမှာ ၂၀၂၄ ခုနှစ် မတ်လ (၇) ရက်နေ့က စပြီး ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စတင်ဖော်ဆောင်ခဲ့တယ်လို့ ဒီနေ့ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ “ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် အစစအရာရာ ကူညီပေးသော အာရက္ခတပ်တော်ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်” လို့ ဖော်ပြထားပါတယ်၊

၂၀၂၄ ခုနှစ် မတ်လမှာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တိုက်ပွဲစတင်ခဲ့ပေမယ့် စခန်းရလုနီးအချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ စစ်ကူတပ်အင်အား ထပ်မံဖြည့်တင်းလာတဲ့အတွက် နောက်ဆုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ကျင်ဒွေးမြို့မကျရှုံးရေးအတွက် တပ်ဖွဲ့ဝင် အင်အားဖြည့်တင်းကာ လေကြောင်းပစ်ခတ်မှုတွေနဲ့ ခုခံခဲ့ပြီး မြို့အနီးနားကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်း၊ အရပ်သားနေအိမ်အပါဝင် လူထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ဘယ်လိုပဲ အင်အားဖြည့်တင်းပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စေကာမူ လုံးဝ နောက်ဆုတ်မှာ မဟုတ်ဘဲ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိတဲ့အထိ အရှိန်မြှင့်ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်

ချင်းညီနောင်

ဓာတ်ပုံ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲဝင်မည့် CDF-ကန်ပက်လက် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

(မော်တော်ဆိုင်ကယ် မတော်တဆဖြစ်မှုကြောင့် ကွယ်လွန်သွားခဲ့သည့် CDF-ကန်ပက်လက်မှ လက်နက်ရှာဖွေရေးတာဝန်ခံ ကိုဇောင်းလေး (ကွယ်လွန်) ပေးပို့ခဲ့သည့် ဓာတ်ပုံများဖြစ်ပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 4 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 9 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 5 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 6 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 11 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမရဲ့ မိတ္ထီလာ ရှမ်းတဲဌာနချုပ်ထဲကို ရှော့တိုက်ဒုံး (၁၀)လုံး
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 128 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု