နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်မြို့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ဧပြီလ (၂၃)ရက်။

ဒီကနေ့ နံနက်(၁၀)နာရီ (၂၅)မိနစ်အချိန်က ပြည်မြို့နယ်၊ ဇီးအုပ်အုပ်စုရှိ ရွှေမြောင်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း(၃၆၀၂)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဝင်းကြိုင်ကို တော်လှန်ရေးရဲဘော်တွေက သေနတ်နဲ့ (၃)ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဝင်းကြိုင်ဟာ အာဏာမသိမ်းမီက‌ ကြံ့ဖွတ်အမာခံဖြစ်ပြီး အာဏာသိမ်းပြီးကာလမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ဆောင်နေတာလို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ပြည်သူကို အမျိုးမျိုးဒုက္ခပေးတာ၊ စစ်မှုထမ်းဥပဒေအတွက် အစည်းအဝေးခေါ်ပြီး ပြည်သူတွေကို ဖိအားပေးတာတွေ ရှိတယ်လို့ ရေးသားထားပါတယ်။

လွန်ခဲ့တဲ့ (၁)လခန့်ကလဲ စစ်ကောင်စီလက်အောက်ခံ မြို့နယ်မှူး၊ စခန်းမှူးနဲ့ နယ်ထိန်းတွေကို နေအိမ်မှာ ဧည့်ခံကျွေးမွေးသောက်စားပျော်ပါးကာ ပြည်သူတွေကို ချောက်ချဖမ်းဆီးတာတွေ ပြုလုပ်တာကြောင့် အခုလို ရှင်းလင်းရတာလို့ ပြောဆိုထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်ကြတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ ရပ်/ကျေးထွေအုပ်စာရေးတွေနဲ့ ပျူစောထီး သတင်းပေးဒလန်တွေကို အရေးယူနေပြီလို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 9 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 23 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 18 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 19 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့
မြန်မာသတင်း

“ စစ်ကိုင်းမှာNUGဘာကြောင့်စစ်မတိုက်တာလဲ?

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 49 Views
မတိုက်ချင်တာလား- မတိုက်ရဲတာလား? ဒီအပတ်ခေတ်မျက်လုံးရဲ့ပြောကြားမဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ခြင်း အပိုင်း (၃၇)မှာ စစ်ကိုင်းမှာNUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား?ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်.။ စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာရှိတဲ့ဗိုလ်နဂါးဦးစီးထားတဲ့ အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ပကဖနဲ့တပ်ရင်းတွေ လူထောင်ချီသုံးပြီးစစ်ဆင်တိုက်ခိုက်ပြီး ခြေမှုန်းပစ်ခဲ့သလို ဗိုလ်နဂါးနဲ့အညာညီနောင်အဖွဲ့အဖြစ်ဖွဲ့စည်းထားတဲ့
မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 49 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကနင်ကမော့ရွာနားမှာ