မေလ (၂၃)ရက်။
မနေ့က ကဆုန်လပြည့်နေ့ ရန်ကုန်မြို့မှာ လျှပ်စစ်မီးတွေ ဆိုးရွားစွာ ပြတ်တောက်တာနဲ့ အထွေထွေအကျပ်အတည်းတွေကို ဆန့်ကျင်တဲ့အနေနဲ့ သပိတ်အင်အားစုတွေ စုပေါင်းကာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
အခုအခါ နေ့စဉ် မခံမရပ်နိုင်အောင် ကျပ်တည်းလာနေတဲ့ လူထုရဲ့ အထွေထွေအကျပ်အတည်းတွေနဲ့ မတရားဖိနှိပ်ခံနေရတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ လှုပ်ရှားဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလှုပ်ရှားမှုထဲ လျှပ်စစ်မီးတွေ ဆိုးရွားစွာပြတ်တောက်နေတဲ့ အခြေအနေတွေအပါအဝင် စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်တာနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်တာ စတာတွေကို ကြွေးကြော်ခဲ့ကြတာပါ။
အရှုံးကြီးရှုံးနေတဲ့ စစ်ကောင်စီနဲ့ စစ်တပ်ဟာ သူတို့ရှင်သန်နိုင်ဖို့အတွက် လူထုကို ချနင်း ဖိနှိပ် သွေးစုတ်နေပြီး တနေ့ထက်တနေ့ အထွေထွေကျပ်တည်းတာတွေကို လူထုက ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြောဆိုထားပါတယ်။
ဒီလိုအခြေအနေတွေကို ပုံဖော်ဖန်တီးနေတဲ့ စစ်အာဏာရှင်တွေကို ပြည်သူတွေအနေနဲ့ “ သေမြေကြီး ရှင်ရွှေထီး” စိတ်ဓါတ်ကိုင်စွဲပြီး လွတ်မြောက်ဖို့အတွက် ကိုယ်တိုင်ရုန်းကန်တော်လှန်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။