နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း

မြန်မာအရေးကိစ္စ ICC ကို လွှဲပြောင်းတင်သွင်းဖို့ လုံခြုံရေးကောင်စီကို ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

မေလ (၂၃)ရက်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအရေးကိစ္စ ICC ကို လွှဲပြောင်းတင်သွင်းဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့ကပြုလုပ်ခဲ့တဲ့ တံခါးဖွင့်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာအရေးကိစ္စ ICC ကို လွှဲပြောင်းတင်သွင်းတာကြောင့် တာဝန်ခံမှု ကွာဟချက်ကို ဖြည့်တင်းနိုင်မယ့် လမ်းစဉ်တွေ ချမှတ်ဖို့လိုအပ်ပြီး ဆုံးဖြတ်ချက်အဆို (၂၆၆၉)ရဲ့ နောက်ဆက်တွဲအနေနဲ့ အာဏာသက်ရောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖို့လိုမယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့အသက်ကို ကယ်တင်ပေးဖို့ လုံခြုံရေးကောင်စီကို အကြိမ်များစွာ တောင်းဆိုခဲ့ပေမယ့် အခုအချိန်အထိ ဥပေက္ခာပြုတာခံနေရတဲ့အတွက် စိတ်ပျက်ရတယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒီလိုပျက်ကွက်တာကြောင့် ရိုဟင်ဂျာတွေအပါအဝင် အပြစ်မဲ့ပြည်သူအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ရခိုင်ဒေသအပါအဝင် နိုင်ငံတဝှမ်းက ပြည်သူတွေရဲ့ အိုးအိမ်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ဆက်လက်ကြိုးပမ်းနေပြီး PDF တွေအတွက် စစ်ရေးကျင့်ဝတ်ကို အခုနှစ် မတ်လက ထုတ်ပြန်ခဲ့ကာ အရပ်သားတွေကို စော်ကားတာမပြုလုပ်ဖို့ ဖော်ပြထားတယ်လို့ သိရပါတယ်။

ဒါ့ပြင် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေအတွက် ထိရောက်တဲ့ အကာအကွယ်ပေးတာတွေ ဖော်ဆောင်နိုင်ဖို့ အခုပဲ လုပ်ဆောင်သင့်တယ်လို့လဲ သံအမတ်ကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူပေါင်း (၅၁၀၀)ကျော်ကို သတ်ဖြတ်ခဲ့သလို အခုအခါ (၃)သန်းကျော်တဲ့ ပြည်သူတွေဟာ နေရပ်စွန့်ခွာကြရပြီး ပြည်သူ (၁၈.၆)သန်းကျော် အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မွန်တော်လှန်ရေး (၄)ဖွဲ့က ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 2 Views
ဇန်နဝါရီလ (၂၀)ရက်။ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့(၄)ဖွဲ့က စစ်ဆင်ရေးလုပ်ငန်းတွေအတွက် “ ရာမည ပူးတွဲစစ်ကြောင်း” ဖွဲ့စည်းတာကို မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်တို့က အမျိုးသမီး ဓားစာခံ ၃ ဦး ပထမဆုံး ပြန်လွှတ်မည်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 4 Views
ဇန်နဝါရီလ (၁၉) ရက်။ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို သတ်မှတ်ထားချိန်ထက် ၃ နာရီနောက်ကျပြီးမှ စတင်နိုင်ခဲ့ပါတယ်။
မြန်မာသတင်း

မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 16 Views
မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲခန့်ကစပြီး မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship PDF
မြန်မာသတင်း

မြောက်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံရပြီး (၂၈)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 14 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်ကစပြီး မြောက်ဦးမြို့ ရမ်းချောင်းအနီး ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရမ်းချောင်းအနီးတဝိုက်ကို ညနေ
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီက စက်တပ်လေသီးနဲ့ ဗုံးသီးချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 13 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၁)နာရီခွဲခန့်က တောင်သာမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီက စက်တပ်လေတီးနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ နံနက် (၁)နာရီခွဲလောက် စကစက စက်တပ်လေထီးနဲ့ ပန်းပေါင်းအုပ်စု
မြန်မာသတင်း

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 14 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုတပတ်တာထဲ ကော့ကရိတ်-အာရှလမ်းရှိ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ လက်နက်ငယ် (၁၁)လက်၊ လက်နက်ကြီး (၁)လက်အပါအဝင် မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ အခြားစစ်ဘက်သုံး
မြန်မာသတင်း

NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေမျှဝေတဲ့ အခမ်အနားပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 16 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေ မျှဝေတဲ့ အခမ်းအနားတရပ်ကို Zoom Platform ကနေတဆင့် ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခမ်းအနားမှာ NUG အနေနဲ့ ရရှိထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေကို
မြန်မာသတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 9 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၁)နာရီခန့်က ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Fire Dragon PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၁)နာရီလောက်ကစပြီး