နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း အမေရိကန်

အမေရိကန်အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ပိုမိုအရေးယူဖို့ NUG တိုက်တွန်း

ဇွန်လ (၂၃)ရက်။

အကြမ်းဖက်စစ်အုပ်စုကို အခုထက် ပိုမိုအရေးယူဆောင်ရွက်ဖို့ NUG လူ့အခွင့်အရေး၀န်ကြီး ဦးအောင်မျိုးမင်းက အမေရိကန်နိုင်ငံခြားရေးထိပ်တန်းအရာရှိ Mr. Robert S. Gilchrist နဲ့ မနေ့က တွေ့ဆုံခဲ့ချိန်မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တွေ့ဆုံချိန်မှာ NUG ၀န်ကြီးက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေအပါအ၀င် ဆိုးဝါးလာတဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ အထူးသဖြင့် ရခိုင်မှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ပိုမိုပြင်းထန်တဲ့ စီးပွားရေးနဲ့ လက်နက်တင်ပို့တာ ပိတ်ဆို့ဖို့အပါအ၀င် အရေးယူဆောင်ရွက်တာ‌တွေ ထပ်မံတိုးမြှင့်ဖို့ တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ စနစ်တကျ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မကြပ်အတည်းတွေကြောင့် ထွက်ပြေးလာသူတွေနဲ့ အဓမ္မ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာတဲ့ လူငယ်တွေကို ကူညီပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး အခုထက်ပိုတဲ့ အရေးယူဆောင်ရွက်တာတွေနဲ့ အကူအညီတွေ လုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 0 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 0 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို
မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 23 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 17 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ (၁၆)ရက်နေ့ တိုက်ပွဲနဲ့ (၂၁)ရက်နေ့ တိုက်ပွဲတို့မှာ ဗမာ့တပ်တော်(BA)ရဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 25 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး
မြန်မာသတင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 245 Views
မင်္ဂလာဒုံမြို့ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရ ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန် မင်္ဂလာဒုံမြို့ ပေါက်ကုန်းရပ်ကွက်ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Broken System(BS)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အုပ်စု ခံစစ်ဆင်ရတဲ့နေရာတွေ များပြားလာအောင် ကြိုးစားတိုက်ပွဲဝင်ရမယ့်အချိန်လို့ PLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 29 Views
ဇန်နဝါရီလ (၂၃)ရက်။ အခုနွေဦးတော်လှန်ရေး (၅)နှစ်တာကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးမိုးနယ်မြေတွေ ရယူထားနိုင်တဲ့ကာလလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစိုးမိုးနယ်မြေတွေကို စစ်ကောင်စီက စစ်ရေး၊ သံတမန်အရေး ဖိအားတွေနဲ့ ပြန်လည်ရယူထားနိုင်ပေမယ့် အချို့နေရာတွေမှာ ခံစစ်ဆင်နေရတဲ့ အခြေအနေလို့