နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေ နေပြည်တော်မှာ (၂)ရက်ကြာတွေ့ဆုံခဲ့

ဩဂုတ်လ (၂၃)ရက်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေ ဩဂုတ်လ (၂၁)ရက်နေ့နဲ့ (၂၂)ရက်နေ့တို့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တွေ့ဆုံပွဲထဲ အခုလက်ရှိ နိုင်ငံရေးအခြေအနေနဲ့ လုံခြုံရေးဆိုင်ရာတွေအပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေရဲ့ (၂)ရက်တာ ဆွေးနွေးတာတွေထဲ ပထမအကြိမ် တွေ့ဆုံခဲ့ချိန်က ဆက်လက်ဆွေးနွေးဖို့ကျန်တဲ့ အချက်တွေနဲ့ နှစ်ဖက်အဆိုပြုချက်တွေကိုလဲ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲကို စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီ၀င်တွေ တက်ရောက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီအစုအဖွဲ့က အလုပ်အဖွဲ့ခေါင်းဆောင် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ အလုပ်အဖွဲ့ကိုယ်စားလှယ်တွေအပြင် တာ၀န်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲကလဲ ကြံ့ခိုင်ရေးပါတီ(USDP)နဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီအပါအ၀င် နိုင်ငံရေးပါတီအချို့ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးခဲ့ကြပါသေးတယ်။

အခုအခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမယ့် ၂၀၂၅ခုနှစ်ထဲ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ပြောဆိုထားကာ တရုတ်ဘက်ကလဲ ထောက်ခံကူညီမယ်လို့ ပြောဆိုသွားတာကို သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာမှာ ကျားဖြန့်တွေဟာ ထိုင်းနိုင်ငံကနေ အများဆုံးရောက်လာတာလို့ စစ်တပ်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 17 Views
နိုဝင်ဘာလ (၁၉)ရက်။ မြန်မာနိုင်ငံထဲ ရောက်လာတဲ့ ကျားဖြန့်နိုင်ငံခြားသား ၉၉ ဒသမ ၅ရာခိုင်နှုန်းက ထိုင်းနိုင်ငံဘက်ကနေ လာတာလို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက
မြန်မာသတင်း

ရန်ကုန် လှည်းကူးမြို့ရှိ ဇရပ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 38 Views
နိုဝင်ဘာလ (၁၈)ရက်။ ဒီကနေ့ ညနေ (၆)နာရီ (၁၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ လှည်းကူးမြို့ရှိ ဇရပ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့
မြန်မာသတင်း

ညောင်ဦးမြို့နယ်ထဲ လက်နက်ကိုင်ဗိုလ်ကျနေတဲ့ အဖွဲ့တွေကို အရေးယူမယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 33 Views
နိုဝင်ဘာလ (၁၈)ရက်။ ညောင်ဦးမြို့နယ်ထဲ PDF အမည်ခံပြီး ပြန်ပေးဆွဲတာ၊ ဖမ်းဆီးငွေညှစ်တာနဲ့ လက်နက်အားကိုးနဲ့ ဆက်ကြေးငွေတောင်းတာတွေ ဖြစ်ပေါ်နေတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးမှာ PDF အမည်ခံပြီး ပြန်ပေးဆွဲတာတွေ၊ ပြည်သူတွေကို
မြန်မာသတင်း

စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ်ကို အတည်ပြုခန့်အပ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 33 Views
နိုဝင်ဘာလ (၁၈)ရက်။ မနေ့က စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ်ကို အတည်ပြုခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလို ကြားကာလအစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၆၈)အရ အတည်ပြု တာဝန်ပေးခဲ့တာလို့ ဆိုပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့
မြန်မာသတင်း

ဘားအံမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ခွင့်မပြုဘဲ ဆန့်ကျင်သွားမယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 33 Views
နိုဝင်ဘာလ (၁၈)ရက်။ ဘားအံမြို့နယ်ထဲ စစ်တပ်ရဲ့ လူထုအပေါ် လိမ်လည်လှည့်ဖျားမယ့် အတုအယောင် ရွေးကောက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ KNU-ဘားအံမြို့နယ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်သူအပေါ် မတရားဖမ်းဆီးတာ၊ သတ်ဖြတ်တာနဲ့ ‌လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ပြီး
မြန်မာသတင်း

ကျောက်ဖြူမြို့ရှိ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 36 Views
နိုဝင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲဝန်းကျင်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ လိပ်တင်ရွာစာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်ဖြူ လိပ်တင်ရွာစာသင်ကျောင်းကို (၁၂)ခွဲမှာ
မြန်မာသတင်း

ရီပတ်ပလီကင်အောင်လွှတ်တော်အမတ် မာဂျော်ရီ တေလာဂရင်းနှင့် သမတထရန့်တို့ ခွာပြဲသွားခြင်း။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 28 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၁၇ရက် ဂျက်ဖရီ အက်ပ်စတိန်း ဖိုင်များ ထုတ်ပြန်ရေးနှင့် ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရန့် နှင့် အခြေအတင် ပြောဆိုမှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ အောက်လွှတ်တော်အမတ် မာဂျော်ရီ တေလာဂရင်း သည် ၎င်း၏ အသက်အန္တရာယ်ကို
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတဦး သေဆုံးတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ပြိုင်စရာမလိုဘဲ အနိုင်ထပ်ရပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 33 Views
နိုဝင်ဘာလ (၁၇)ရက်။ ဂန့်ဂေါမြိုမှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ် ပြိုင်စရာမလိုဘဲ အနိုင်ရသွားခဲ့ပြန်တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ အခုသေသွားတာက ဗိုလ်ပြုတ် သန်းဝင်း။ သူက စကစရွေးကောက်ပွဲကို ဂန့်ဂေါမှာ ပြည်သူ့လွှတ်တော်နေရာအတွက် တသီးပုဂ္ဂလအနေနဲ့