နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိုင်မြို့နယ် (၁၀)ရက်ကျော်ကြာတိုက်ပွဲထဲ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအ၀င် (၁၇)ဦးသေဆုံးပြီး (၅)ဦးဖမ်းမိခဲ့

ဩဂုတ်လ (၂၃)ရက်။

မြိုင်မြို့နယ်ထဲ ဩဂုတ်လ (၁၁)ရက်နေ့ကနေ (၂၃)ရက်နေ့အထိ ထိုးစစ်ဆင်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအ၀င် (၁၇)ဦးသေဆုံးပြီး (၅)ဦးဖမ်းမိခဲ့တယ်လို့ Earthquake People’s Defense Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သြဂုတ်လ(၂၁)ရက်နေ့ နံနက် (၆)နာရီအချိန်ခန့်က ကိုင်းတောမကျေးရွာအရှေ့ဘက်ရှိ ရွာသစ်ဘုန်းကြီးကျောင်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက အပြတ်ချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲဟာ နံနက် (၆)နာရီကနေ ‌ညနေ (၄)နာရီအထိ ကြာမြင့်ခဲ့ပြီး ဗိုလ်မှူးအဆင့်အပါအ၀င် စစ်ကောင်စီတပ်သား (၁၂)ဦးသေဆုံးပြီး ဒုတပ်ကြပ်နှစ်ဦးနဲ့ တပ်သား (၃)ဦးကို ဖမ်းမိခဲ့ကာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီထံက လက်နက်မျိုးစုံ အကြီး၊ အငယ် (၁၉)လက်နဲ့ ခဲယမ်းကျည်မျိုးစုံ အများအပြား သိမ်းဆည်းရမိခဲ့ကာ သရက်ကန်ပျူစောထီးရွာ၊ တွင်းမရွာနဲ့ ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ အလင်း၀င်ဖို့နဲ့ မပူးပေါင်းရင် ထိုးစစ်ဆင်သွားမယ်လို့ သတိပေးထားပါတယ်။

ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ သရက်ကန်ပျူစောထီးရွာကို ဆုတ်ခွာထွက်ပြေးသွားကာ နယ်မြေရှင်းလင်းချိန် စစ်ကောင်စီတပ်သား တပ်ကြပ်ကြီး ခင်မောင်လွင်၊ ဗိုလ်မှူး မင်းသိန်းကျော်၊ တပ်သား ရဲရင့်သွေးအပါအ၀င် အလောင်း (၅)လောင်းနဲ့ ၈၁မမအဖူး၊ ၄၀မမအဖူး၊ RPGအဖူးအပြင် စစ်အသုံးအဆောင်တွေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ (၂)ကြိမ်၊ Mi35 နဲ့ (၁)ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ရေးပစ်မှတ်နဲ့မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူနေရာတွေကို အဓိကထားတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် (၁)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာထားရှိတယ်လို့ သိရပြီး အဲ့ဒီတိုက်ပွဲမှာ Earthquak people’s defence force၊ ပခုက္ကူတပ်ပေါင်းစု(Eartquake၊ Ppdf၊ Young Force၊ Hunter pku၊ Thu Rain TR)၊ Justice Revolution Force၊ ပခုက္ကူခရိုင်တပ်ရင်း(၂/၆/၇)၊ အညာမြေတပ်ပေါင်းစု၊ ဝံပုလွေပပြာက်ကြားတပ်ဖွဲ့နဲ့ မြိုင်ပကဖတပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 24 ရက်
  • 32 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 31 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 26 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 22 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 34 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 32 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၂၀)ရက်နေ့က နယ်မြေလုံခြုံရေးလုပ်ဆောင်ချိန် ရေနံချောင်းမြို့ရဲ့ အရှေ့မြောက်ဘက်ရှိ လွန်းပင်ရှိုရွာစာကြည့်တိုက်မှာ YGN နဲ့ မကွေး-PDF
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 31 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ