နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံကြည်းတပ်ဦးစီးချုပ်‌တွေ အစည်းအဝေး စစ်ကောင်စီတက်ရောက်

နိုဝင်ဘာလ (၂၃)ရက်။

နိုဝင်ဘာလ (၂၁)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်တွေ အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အစည်းအဝေးကို ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ကိုယ်စား စစ်ကောင်စီရဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့တာလို့ ဆိုပါတယ်။

နောက်ပြီး စစ်ကောင်စီအဖွဲ့ဟာ ကမ္ဘာဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအိုနဲ့ ဘရူနိုင်းတို့က ကြည်းတပ်ဦးစီးချုပ်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတွေ့ဆုံပွဲတွေထဲ နှစ်နိုင်ငံ စစ်တပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဆီယံကြည်းတပ်ဦးစီးချုပ်တွေရဲ့ အစည်းအဝေးထဲ “ Strengthening Partnership and Camaraderie Towards Regional Stability” ခေါင်းစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။

ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ အာဆီယံကြည်းတပ်ဦးစီးချုပ်တွေအစည်းအဝေးကို အွန်လိုင်းကနေသာ တက်ရောက်ခဲ့ပေမယ့် အခု ဖိလစ်ပိုင်မှာကျင်းပတဲ့ အစည်းအဝေးကိုတော့ ကိုယ်စားတက်‌ရောက်ဖို့ စေလွှတ်ခဲ့တာပါ။

အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးအပါအဝင် ဆက်စပ်အစည်းအဝေး‌တွေမှာ စစ်ကောင်စီကို ပါဝင်တက်ရောက်ခွင့်မပြုဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက မကြာခဏ တောင်းဆိုတာတွေရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဗန်စ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ‘အချို့အရာတွေကို မှားယွင်းလုပ်ဆောင်ခဲ့တယ်’ ဟု ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 6 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မကြာသေးမီ သီတင်းပတ်များအတွင်း တင်းမာလာပုံရချိန်တွင် အစ္စရေးဝန်ကြီးချုပ်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲက အီရန်ကို ဟော်မုဇ်ရေလက်ကြားအား လက်နက်တစ်ခုသဖွယ် ဘယ်လိုအသုံးချရမလဲဆိုတာ သင်ကြားပေးခဲ့သည်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 8 Views
ရေးသားသူ- ဂျယ်ရမီ ဘိုဝင် (Jeremy Bowen) နိုင်ငံတကာရေးရာ အယ်ဒီတာ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဒီကိစ္စတွေအားလုံး
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 8 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 12 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 14 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၀)ဦးသေဆုံးကာ ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 14 Views
ဇွန်လ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်က ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆိပ်ဖြူမြို့ပေါ်ကနေ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေပါတဲ့ (၆)ဘီးကားတစီးနဲ့ အိမ်စီးကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စစ်တပ်ဘက်က မျက်မြင်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်သဘောတူညီချက်အပေါ် ထရမ့် ရင်ဆိုင်နေရသည့် ဒေါ်လာ ဘီလီယံ ၃၀၀ ပြဿနာ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 10 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၇ရက် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီရန်တို့အကြား စတင်ပျိုးထောင်နေဆဲဖြစ်သော သဘောတူညီ ချက် သည် ရှေးရိုးစွဲကွန်ဆာဗေးတစ်အများအပြား၏ ငြင်းဆန်မှုကို ကြုံတွေ့နေရသဖြင့် လက်ရှိတွင် ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေရသည်။ သို့သော် အဆိုပါပြဿနာများ၏ ထိပ်ဆုံးတွင်
နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 12 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး ဖြစ်နေခဲ့‌သည် ဟုသိရသည်။ ထို (G7) အစည်း အဝေး သည်အမေရိကန်နှင့်အီရန်တို့ အကြားငြိမ်းချမ်းရေး