နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ နှစ် (၇၀)ကျော်ကြာ တပ်စွဲထားတဲ့ မထောတပ်စခန်း တပတ်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့

နိုဝင်ဘာလ (၂၃)ရက်။

စစ်ကောင်စီရဲ့ နှစ်ပေါင်း(၇၀)ကျော်ကြာ တပ်စွဲထားတဲ့ မထောတပ်စခန်းကို တစ်ပတ်ကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မထောတပ်စခန်းဟာ ဖာပွန်ခရိုင်၊ ဖာပွန်-ကမမောင်းလမ်းပေါ်မှာ တည်ရှိပြီး မနေ့က နံနက် (၇)နာရီ (၄၈)မိနစ်အချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

တပတ်ခန့်ကြာ ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး ‌စစ်ကောင်စီထံက ၈၁မမ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မထောတပ်စခန်းကို KNLA အပါအဝင် PDF၊ BPLA နဲ့ FFD ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၉)ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဖာပွန်ခရိုင်ထဲရှိ စစ်ကောင်စီတပ်စခန်းတွေကို KNLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းကာ ဆက်တိုက် သိမ်းပိုက်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

အခုနိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ ခေါပုတ်စခန်းနဲ့ ကူးဆိပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သလို ဖာပွန်ဗျူဟာတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက်ပိတ်ဆို့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KIA က ဖားကန့်ဒေသထဲ တပ်သားသစ်စုဆောင်းတဲ့အပေါ် တော်လှန်ရေးအင်အားစုတွေ စာပို့တင်ပြထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 28 Views
အောက်တိုဘာလ (၁၅)ရက်။ ဖားကန့်ဒေသထဲ တပ်သားသစ် စုဆောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသတော်လှန်ရေးအင်အားစုတွေက KIA ရဲ့ အမှတ်(၉)တပ်မဟာမှူးထံ အောက်တိုဘာလ (၁၁)ရက်နေ့ရက်စွဲနဲ့ စာပို့တင်ပြထားတယ်လို့
မြန်မာသတင်း

ရန်ကုန် မင်္ဂလာဒုံရှိ ကြံ့ခိုင်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 26 Views
အောက်တိုဘာလ (၁၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၀)မိနစ်အချိန်က မင်္ဂလာဒုံမြို့ရှိ ကြံ့ခိုင်ရေးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အုပ်စုက အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 26 Views
အောက်တိုဘာလ (၁၅)ရက်။ စစ်အုပ်စုဟာ အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထောင်နဲ့ အချုပ်ခန်းက အချုပ်သားတွေကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ဆိုပြီး ဖိအားပေးနေတာ။ မဲထည့်ဖို့ငြင်းရင် ကန့်ကွက်မဲဆိုပြီး
မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA ပွဲကိုတက်တဲ့ ခေါင်းဆောင်ဟောင်းတွေက အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 28 Views
အောက်တိုဘာလ (၁၅)ရက်။ စစ်အုပ်စုပြုလုပ်တဲ့ NCA (၁၀)နှစ်ပြည့်ပွဲကို တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေဟာ အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြောခွင့်ရ ပဒိုစောတာနီးက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ဒီပုဂ္ဂိုလ်တွေက တချိန်တုန်းက KNU ခေါင်းဆောင်တွေဆိုပေမယ့် အခုကာလမှာ
မြန်မာသတင်း

တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့‌ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 14 Views
အောက်တိုဘာလ (၁၅)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijiun နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်တပ်က
မြန်မာသတင်း

လားရှိုးမှာ နေရပ်မပြန်နိုင်သေးတဲ့ ကျောက်မဲနဲ့ နမ္မတူက စစ်ဘေးရှောင် (၃၀၀၀)ဝန်းကျင်အထိရှိ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 14 Views
အောက်တိုဘာလ (၁၄)ရက်။ လားရှိုးမြို့မှာ နေရပ်မပြန်နိုင်သေးတဲ့ ကျောက်မဲမြို့နဲ့ နမ္မတူမြို့က စစ်ဘေးရှောင် (၃၀၀၀)ဝန်းကျင်အထိ ရှိလာတယ်တယ်လို့ SSPP ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ကျောက်မဲမြို့ပြန်ရဖို့ စစ်တပ်က အင်အား(၁၀၀၀)ကျော်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့်
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် ထီးခီးရွာထဲ စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 46 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေရှိ ထီးခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မယ်သမီခီး(ထီးခီး)ရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ
မြန်မာသတင်း

စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ ကုလသံအမတ် ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 24 Views
အောက်တိုဘာလ (၁၄)ရက်။ စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ မနေ့က ကုလသမဂ္ဂမှာပြုလုပ်တဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာကလေးငယ်တွေရဲ့ ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုဟာ ထိတ်လန့်တာတွေနဲ့ ပြည့်နှက်နေပြီး အများစုဟာ စစ်အုပ်စုရဲ့ မဆင်မခြင်