နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေးမြို့ရှိ လင်းဦးစစ်တပ်ဂိတ်က စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရ

ဇန်နဝါရီလ (၂၄)ရက်။

ဒီကနေ့ နံနက် (၇)နာရီကျော်အချိန်မှာ ရေးမြို့နယ်ရှိ စစ်ကောင်စီရဲ့ လင်းဦးစစ်ဆေးရေးဂိတ်က စစ်သားတွေလိုက်ပါလာတဲ့ကားကို ရေးဘီလူးအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ လင်းဦးစစ်ဆေးရေးဂိတ်က စစ်သား (၃)ဦးလိုက်ပါလာတဲ့ ကားကို ရေးဘီလူးအဖွဲ့က အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီကားဟာ လမ်းဘေးထိုးကျ ရပ်တန့်သွားခဲ့တာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။

“ ရေးမြို့နယ် လင်းဦးစစ်ဆေးရေးဂိတ်က အကောင်ကြီး (၃)ကောင်ကို ဒီနေ့ မနက် ၇နာရီအကျော်မှာ sold out ပေးလိုက်ပါပြီ” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုထားပါတယ်။

ပစ်ခတ်ခံရတာကြောင့် အဲ့ဒီကားပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးစလုံး သေဆုံးခဲ့ပြီး လက်နက်ကြီး 79.40mm တစ်လက်အပါအဝင် လက်နက် (၃)လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်(၃)စစ်နဲ့ ၂၀၀၈ခြေ/ဥကို တိုက်ဖျက်ဖို ကလလတ တိုက်တွန်း‌

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 0 Views
စစ်(၃)စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ကုန်စင်အောင် တိုက်ဖျက်ကြဖို (၆၂)နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့မှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က တိုက်တွန်းထားတယ်လို သိရပါတယ်။
မြန်မာသတင်း

ဖရူဆိုမြိုရှိ ကျေးရွာ (၃)ရွာက နေအိမ် (၈၀)ကျော်ကို စစ်တပ် အကြောင်းမဲ့ မီးရှိဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 5 Views
‌ဇွန်လ (၃)ရက်။ ဖရူဆိုမြိုရှိ ကျေးရွာ (၃)ရွာက အရပ်သားနေအိမ်တွေကို စစ်ကောင်စီက မီးရှိဖျက်ဆီးခဲ့တယ်လို KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တရုတ်သူလျှိုများသည် အွန်လိုင်းအလုပ်အကိုင်ပလက်ဖောင်းများကို အသုံးပြုပြီးလူသစ် စုဆောင်းရေးလုပ်ဆောင်ရန် နေကြောင်း “ Five Eyes” လုံခြုံရေးမဟာမိတ်အဖွဲ့ သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 5 Views
CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် လန်ဒန် (ရိုက်တာ) —အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်သည့် “Five Eyes” (မျက်လုံးငါးလုံး) မဟာမိတ်အဖွဲ့မှ လုံခြုံရေးအေဂျင်စီများသည် တရုတ်သူလျှိုများသည် လျှို့ဝှက်အချက် အလက်များကို
မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 89 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 82 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။ “ ယောဒေသ ကျောက်ထုဘက်ကနေ အင်အားထောင်ချီ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တွေ မင်းတပ်မြို့နဲ့
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 73 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 74 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 72 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။