နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

စစ်ပွဲကာလ နှစ်လအထိ ယာယီရပ်တန့်ရန် အစ္စရေး၏ အဆိုပြုချက်ကို ဟားမတ်စ် ပယ်ချ

ဇန်နဝါရီလ (၂၄) ရက်။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ဒေသကို ဆက်လက်ကျူးကျော်ဝင်ရောက်နေသည့် အစ္စရေးက ဓားစာခံအားလုံးကို ပြန်လွှတ်ပေးပါသည်အထိ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ထံ နှစ်လအထိ တိုက်ပွဲများ ရပ်ဆိုင်ပေးမည်ဟု အဆိုပြုထားသော်လည်း ဟားမတ်စ်က ယင်းအဆိုပြုချက်ကို ပယ်ချခဲ့ကြောင်း မီဒီယာအများအပြားက ဖော်ပြခဲ့သည်။

တိုက်ခိုက်မှုရပ်စဲရေးအပါအဝင် အစ္စရေး၏ အဆိုပြုချက်များကို ဟားမတ်စ်က ပယ်ချခဲ့ကြောင်း အီဂျစ်တာဝန်ရှိသူများကို ကိုးကား၍ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ အဆိုပြုချက်တွင် ဟားမတ်စ်က ဓားစာခံများအားလုံးကို လွှတ်ပေးပြီး အစ္စရေးက ထိန်းသိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသားများကို လွှတ်ပေးရန် နှစ်လအထိ တိုက်ပွဲများ ရပ်ဆိုင်းထားရန် အစ္စရေးဘက်က အဆိုပြုထားသည်။

အစ္စရေးစစ်တပ်က ၎င်း၏တိုက်ခိုက်မှုများကို ရပ်တန့်ကာ ဂါဇာမှ ဆုတ်ခွာမပေးပါက ဓားစာခံများကို ပြန်လွှတ်ပေးမည်မဟုတ်ကြောင်း ဟားမတ်စ်က ယခင်ကတည်း အခိုင်အမာပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 31 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်