နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ရုရှားနိုင်ငံ မော်စကိုမြို့ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၃၃ ဦးထက်မနည်း တိုးလာတယ်လို့ ရုရှားအာဏာပိုင်တွေက ပြော

++++++++++++++++++++

ရုရှားနိုင်ငံ မော်စကိုမြို့ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၃၃ ဦးထက်မနည်း တိုးလာတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ သောကြာနေ့က မော်စကိုမြို့ တိုက်ခိုက်မှုအတွင်း သေဆုံးသူဦးရေသည် အနည်းဆုံး ၁၃၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောကြားခဲ့သည်။ “Crocus City Hall ကပွဲခန်းမအတွင်း အပျက်အစီးများကို ရှင်းလင်းနေစဉ် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃၃ ဦးအထိ တိုးမြင့်လာခဲ့သည်။ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ကော်မတီက Telegram တွင် အတိုချုံးရေးသားဖော်ပြခဲ့သည်။

ISIS က တိုက်ခိုက်မှုသည် နှစ်များအတွင်း အပြင်းထန်ဆုံးဟု ခေါ်ဆိုပြီး မော်စကို တိုက်ခိုက်သူ ၄ ဦး၏ သရုပ်ဖော်ပုံအား ထုတ်ပြန်ခဲ့သည်။ ISIS ဟုလည်း လူသိများသော အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့သည် သောကြာနေ့က မော်စကိုမြို့အနီး Crocus City အဆောက်အအုံကို တိုက်ခိုက်ခဲ့သူ လေးဦးအား ပြသရန် ရည်ရွယ်ထားသည့် ဓာတ်ပုံတစ်ပုံကို စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။

ISIS နှင့် ဆက်နွယ်သော Amaq အေဂျင်စီမှ ထုတ်ပြန်ထားသည့်ပုံတွင် မည်သည့်အမျိုးသားတစ်ဦးကိုမျှ မည်သူဖြစ်ကြောင်းမပြနိုင်ပါ။ သူတို့အားလုံးသည် မျက်နှာဖုံးစွပ်များ ဝတ်ဆင်ထားပြီး ပေါ်နေသောမျက်နှာများမှာ မှုန်ဝါးနေသည်။ အကြမ်းဖက်အဖွဲ့များ၏ ဝါဒဖြန့်မှုကို စောင့်ကြည့်နေသည့် SITE Intelligence Group မှ ဘာသာပြန်ဆိုချက်အရ အဆိုပါတိုက်ခိုက်မှုသည် ဤနှစ်များအတွင်း အပြင်းထန်ဆုံးဖြစ်ကြောင်း ISIS က ဖော်ပြခဲ့သည်။

Amaq အေဂျင်စီ မှ တိုက်ခိုက်ရေးသမား သုံးဦးက ကွင်းအတွင်း စုဝေးနေသော လူအုပ်ကို သေနတ်များနှင့် ဓားများဖြင့် တိုက်ခိုက်ခဲ့ပြီး စတုတ္ထက မီးလောင်ဗုံးများကို ပစ်ချခဲ့သည်ဟု Amaq က ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် ထိုနေရာကို အပြင်းအထန် စောင့်ကြည့်ခြင်း စစ်ဆင်ရေးဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

SITE မှဘာသာပြန်ဆိုချက်အရ “ တိုက်ခိုက်မှုသည် အစ္စလာမ္မစ်နိုင်ငံတော်နှင့် အစ္စလာမ်ဘာသာကို တိုက်ခိုက်သည့်နိုင်ငံများကြား ပြင်းထန်သောစစ်ပွဲ၏ ပုံမှန်အခြေအနေအတွင်းဖြစ်နေခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မော်စကိုမြို့အနီးရှိ ဖျော်ဖြေပွဲကျင်းပသည့်နေရာ၌ သောကြာနေ့က တိုက်ခိုက်ခံရခြင်းကြောင့် ပြည်သူများ သေဆုံးရခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းသည် ရိုင်းစိုင်းသော အကြမ်းဖက် လုပ်ရပ်တစ်ခုဟု စနေနေ့က ထုတ်ပြန်သည့် ဗီဒီယိုကြေညာချက်တွင် ဖော်ပြထားသည်။

သူက ကျူးလွန်သူများသည် “ ယူကရိန်းဘက်ခြမ်းသို့ ပုန်းအောင်းရန် ကြိုးပမ်းခဲ့ကြောင်းပြောကြားခဲ့ပြီး ပဏာမအချက်အလက်များအရ နယ်စပ်ဖြတ်ကျော်ရန် ယူကရိန်းဘက်ခြမ်းတွင် ၎င်းတို့အတွက်ထွက်ပေါက်တစ်ခုကို ပြင်ဆင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းအေဂျင်စီ အများအပြားသည် တိုက်ခိုက်မှုနှင့် ဆက်နွှယ်မှုမရှိကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုထားပြီး ယူကရိန်းက ပါဝင်ပတ်သက်သည်ဟု စွပ်စွဲထားသော ရုရှားအရာရှိများက သက်သေအထောက်အထား တစ်စုံတစ်ရာ မပြနိုင်ခဲ့ပေ။

ပူတင်သည် တနင်္ဂနွေနေ့တွင် တိုက်ခိုက်သတ်ဖြတ်ခံရသူများအတွက် ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ပြီး ထိုလုပ်ရပ်သည် ငြိမ်းချမ်းပြီး အပြစ်မဲ့ပြည်သူ ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် သွေးထွက်သံယို ရိုင်းစိုင်းသည့် လုပ်ရပ်အဖြစ် ဖော်ပြခဲ့သည်။ “ အရေးပေါ်ဝန်ဆောင်မှုပေးသည့်ဝန်ထမ်းများအားလည်း လူများ၏အသက်ကိုကယ်တင်ရန်နှင့် မီးလောင်နေသည့် မီးတောက်ကြားနှင့် မီးခိုးများလုံးများအကြားမှ လွတ်မြောက်ရန် ကြိုးစားပေးခဲ့ကြပြီး ပိုမိုကြီးမားသော ဆုံးရှုံးမှုများ မဖြစ်ရန် ကာကွယ်ပေးခဲ့ကြသောကြောင့် ကျေးဇူးတင်ရှိကြောင်း” ပူတင်ကပြောကြားခဲ့သည်။

အစိုးရအနေဖြင့် လူတိုင်းအတွက် လိုအပ်သောအကူအညီများ ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့ပြီး မော်စကိုနှင့် မော်စကိုဒေသတို့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အဖျက်အမှောင့် လုပ်ငန်းတိုက်ဖျက်ရေး အစီအမံများကို ထပ်မံလုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 20 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး