နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 21 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား)

အရပ်သားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် KNDF တပ်သားနှစ်ဦးကို KNDF ထောင်ဒဏ် အနှစ် (၂၀) ချမှတ်

မတ်လ (၂၄) ရက်။

အရပ်သားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် KNDF အဖွဲ့ဝင်နှစ်ဦးကို KNDF ထောင်ဒဏ် အနှစ် (၂၀) ချမှတ်လိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တခုကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်လိုက်ပါတယ်။

ဖြစ်စဉ်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝရီလ ၊ (၂၁)ရက် ည (၁၁) နာရီဝန်းကျင်တွင် အသက် (၂၇) နှစ်အရွယ်ရှိ ပီကင်းကောခူရွာမှာ နေထိုင်သူ အရပ်သားတစ်ဦးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှုစွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့က ပေးအပ်ထားတဲ့လက်နက်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေနဲ့ သစ္စာအဓိဌာန် (၅) ချက်၊ နိုင်ငံရေး မူဝါဒကြေညာစာတမ်းနှင့်အညီ လိုက်နာကျင့်သုံးရပ်တည်လျှက်ရှိတဲ့အတွက် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ကနဦး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အဲ့ဒီဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ(၄၉)အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှု ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ပုဒ်မ(၄၈)အရ ဗဟိုစစ်တရားရုံးချုပ်ကို ဖွဲ့စည်းပြီး ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ ကျူးလွန်သူ KNDF တပ်သား (၂)ဦးကို စစ်အက်ဥပဒေ ပုဒ်မ(၂၂)၊ (၃၀)အရ ထောင်ဒဏ် (၂၀) နှစ်နဲ့ (၁) လ ပြစ်ဒဏ်ကျခံစေရန် ဗဟိုစစ်ခုံရုံးအဖွဲ့က ဒီကနေ့ မတ်လ (၂၄) ရက်နေ့မှာ စီရင်ချက်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲမြို့ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ် ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်သွား

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 22 Views
မတ်လ (၁၅)ရက်။ မနေ့က မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ထိုးစစ်ဆင်ခဲ့တာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့ KNDF ရဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ချင်းအမျိုးသားကောင်စီနဲ့ လက်တွဲသွားမယ်လို့ KNPP ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 39 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ချင်းပြည်ကောင်စီ(CC)နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့ ပေါင်းစည်းဖွဲ့စည်းမယ့် ချင်းအမျိုးသားကောင်စီ Chin National Council (CNC)နဲ့ လက်တွဲသွားမယ်လို့ KNPP
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ဘက်ပြောင်းခိုလှုံလာတယ်လို့ KNDF ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 41 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ကရင်နီ-ရှမ်းတောင် နယ်စပ်ဖြစ်တဲ့ မိုးဗြဲတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား တော်လှန်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီထိုးစစ်တွေနဲ့အတူ မိုးဗြဲမြို့မှာ ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပြီး ပြည်သူ့စစ်မှုထမ်းတွေနဲ့ ရှေ့တန်းစစ်မြေပြင်ကနေ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီမှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ် ပြုလုပ်ကန့်သတ်မယ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 57 Views
ကရင်နီမှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ် ပြုလုပ်ကန့်သတ်မယ် ဖေဖော်ဝါရီလ (၁၂)ရက်။ ကရင်နီပြည်နယ်မှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ်နဲ့ ကြီးကြပ်ကန့်သတ်သွားမယ်လို့ Karenni-IEC လဝကရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကရင်နီပြည် လုံခြုံရေးအပါအဝင် ခရီးသွားပြည်သူ လုံခြုံရေးနဲ့ စနစ်တကျ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဘောလခဲမြို့ကနေ ပြည်သူတွေ (၁၀)ရက်အတွင်း ရှောင်ရှားကြဖို့ ကရင်နီတပ်ပေါင်းစု ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 67 Views
ဖေဖော်ဝါရီလ (၂)ရက်။ ဘောလခဲမြို့ကနေ ပြည်သူတွေ (၁၀)ရင်အတွင်း ရှောင်ရှားကြဖို့ KNDF အပါအဝင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘောလခဲမြို့ထဲ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာနဲ့ ရိက္ခာဆေးဝါးတွေ ဖြည့်တင်းတာတွေ နေ့တိုင်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

တလတာတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ကျော်သေဆုံးခဲ့တယ်လို့ KNDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 46 Views
ဖေဖော်ဝါရီလ (၂)ရက်။ ပြီးခဲ့တဲ့တလတာထဲ လွိုင်ကော်၊ ဘောလခဲနဲ့ ဖားဆောင်းအပြင် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲနဲ့ ဆီဆိုင်တို့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွိုင်ကော်မြို့မှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာတွေနဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်ရှေ့တန်းပို့ခံရတဲ့ စစ်ကောင်စီတပ်သား(၇)ဦး KNDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 81 Views
ဇန်နဝါရီလ (၂၆)ရက်။ စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်နယ် ရှေ့တန်းစစ်ဆင်ရေးတွေဆီ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား (၇)ဦး ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၁၉)ရက်နေ့က လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ထွက်ပြေးလာတဲ့ ခမရ(၃၄၀)တပ်ရင်းက
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ KNDF စစ်ဦးစီးတပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 150 Views
ဇန်နဝါရီလ (၃)ရက်။ ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တာဝန်ထမ်းဆောင်ကာ စစ်ရေးထဲ ပါဝင်လှုပ်ရှားနေတယ်လို့ KNDF အမှတ် (၆၀၆)စစ်ဦးစီးတပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ် (၆၀၆)စစ်ဦးစီးတပ်အနေနဲ့ ရှမ်းမြောက်က ညီနောင်မဟာမိတ်(၆၁၁) တိုင်းရင်းသားတပ်မဟာမှာ စစ်ပညာသင် တာဝန်ထမ်းဆောင်ပြီး