နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား)

အရပ်သားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် KNDF တပ်သားနှစ်ဦးကို KNDF ထောင်ဒဏ် အနှစ် (၂၀) ချမှတ်

မတ်လ (၂၄) ရက်။

အရပ်သားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် KNDF အဖွဲ့ဝင်နှစ်ဦးကို KNDF ထောင်ဒဏ် အနှစ် (၂၀) ချမှတ်လိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တခုကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်လိုက်ပါတယ်။

ဖြစ်စဉ်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝရီလ ၊ (၂၁)ရက် ည (၁၁) နာရီဝန်းကျင်တွင် အသက် (၂၇) နှစ်အရွယ်ရှိ ပီကင်းကောခူရွာမှာ နေထိုင်သူ အရပ်သားတစ်ဦးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှုစွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့က ပေးအပ်ထားတဲ့လက်နက်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေနဲ့ သစ္စာအဓိဌာန် (၅) ချက်၊ နိုင်ငံရေး မူဝါဒကြေညာစာတမ်းနှင့်အညီ လိုက်နာကျင့်သုံးရပ်တည်လျှက်ရှိတဲ့အတွက် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ကနဦး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အဲ့ဒီဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ(၄၉)အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှု ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ပုဒ်မ(၄၈)အရ ဗဟိုစစ်တရားရုံးချုပ်ကို ဖွဲ့စည်းပြီး ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ ကျူးလွန်သူ KNDF တပ်သား (၂)ဦးကို စစ်အက်ဥပဒေ ပုဒ်မ(၂၂)၊ (၃၀)အရ ထောင်ဒဏ် (၂၀) နှစ်နဲ့ (၁) လ ပြစ်ဒဏ်ကျခံစေရန် ဗဟိုစစ်ခုံရုံးအဖွဲ့က ဒီကနေ့ မတ်လ (၂၄) ရက်နေ့မှာ စီရင်ချက်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

(၃)နှစ်ကျော်ကာလထဲ ကရင်နီပြည်မှာ အရပ်သား (၇၀၀)နီးပါးသေဆုံးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 23 Views
အောက်တိုဘာလ (၃)ရက်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကစပြီး အခုနှစ် စက်တင်ဘာလအထိ ကရင်နီပြည်မှာ အရပ်သား (၆၈၃)ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဆေးသင်တန်းသား (၁၈)ဦး သေဆုံးခဲ့တာဟာ ကြိုတင်မပြင်ဆင်တာနဲ့ ပေါ့လျော့ပြီး ဆုံးဖြတ်ချက်မှားယွင်းတာကြောင့်လို့ KNDF ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 38 Views
အောက်တိုဘာလ (၁)ရက်။ ဆေးသင်တန်းသား (၁၈)ဦး သေဆုံးခဲ့ရတာဟာ သင်တန်းကျောင်းအုပ်နဲ့ ဆရာတွေက ကြိုတင်ပြင်ဆင်တာမရှိသလို ပေါ့လျော့တာနဲ့ ဆုံးဖြတ်ချက်မှားယွင်းတာကြောင့်လို့ KNDF ရဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ PDF ထံ အလင်း၀င်ခိုလှုံ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 26 Views
စက်တင်ဘာလ (၃၀)ရက်။ မနေ့က စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ Loikaw Local PDF ထံ အလင်း၀င်လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Loikaw Local PDF ထံ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ နိုင်ငံရေးအမြတ်ထုတ်တာလို့ Karenni-IEC ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 28 ရက်
  • 34 Views
စက်တင်ဘာလ (၂၈)ရက်။ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ နိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုဖြစ်စေမယ့် နိုင်ငံရေးအမြတ်ထုတ်တာလို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တာကို လူထုပေါင်းစုံက တက်ညီလက်ညီ ဆန့်ကျင်ကြတာကြောင့်
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်း-ကယားနယ်စပ်စစ်ဆင်ရေးထဲ စစ်ကောင်စီတပ်ဖွဲ့၀င် (၃၀)ကျော်သေဆုံးပြီး (၃)ဦးဖမ်းမိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 58 Views
စက်တင်ဘာလ (၁၄)ရက်။ စက်တင်ဘာလ (၅)ရကနေ့ကစပြီး (၃)ရက်တာ ရှမ်း-ကယားနယ်စပ် စစ်ဆင်ရေးထဲ စစ်ကောင်စီစိုးမိုးထားတဲ့ တပ်၊ ရဲစခန်းနဲ့ စခန်းကုန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ Loikaw Local PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးတိုက်ပွဲထဲ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီပြည်ထဲ ရေဘေးသင့်ပြည်သူ (၃၀၀၀၀)နီးပါး အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ Karenni-IEC ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 66 Views
စက်တင်ဘာလ (၁၄)ရက်။ ကရင်နီပြည်ထဲ ယာယီရွှေ့ပြောင်းနေရတဲ့ ရေဘေးသင့်ပြည်သူ (၂၈၇၃၅)ဦးအတွက် အခြေခံစားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၉)ရက်နေ့ကစပြီး ကရင်နီပြည်မှာ ရက်သတ္တပတ်ထဲ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေဟာ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

KNDF ဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသား (၁၈)ဦး ရေထဲမျောပါဆုံးရှုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 52 Views
စက်တင်ဘာလ (၁၃)ရက်။ KNDF ဆေးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသား (၁၈)ဦး ရေထဲကို မျောပါဆုံးရှုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆေးသင်တန်းက သင်တန်းသားတွေဟာ စက်တင်ဘာလ (၁၁)ရက်နေ့ ညနေပိုင်းက သင်ခန်းစာမစ်ရှင်လေ့ကျင့်ပြုလုက်ချိန် ရေချောင်းတစ်ခုကို
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီပြည်ထဲ ရေဘေးအန္တရာယ်နဲ့ပတ်သက်ပြီး Karenni-IEC က အရေးပေါ်အသိပေးချက်ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 71 Views
စက်တင်ဘာလ (၁၃)ရက်။ ကရင်နီပြည်ထဲ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေဘေးအန္တရာယ်တွေ ကြုံတွေ့နေရတဲ့အပေါ် Karenni-IEC က မနေ့ကရက်စွဲနဲ့ အရေးပေါ်အသိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ ကရင်နီပြည်ထဲ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်၊ ပွန်ချောင်းနဲ့ ထူးချောင်းအပါအ၀င် မြစ်ချောင်းတွေမှာ ပုံမှန်ရေကြီးရေလျှံတာတွေအပြင်