နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရံပုံငွေအသုံးစရိတ် ဒေါ်လာ 1.2 ထရီလီယံကို လွှတ်တော်အတည်ပြု

အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ လွန်ခဲ့တဲ့ ၆ လကတည်းက အကြေအလည်ဆွေးနွေးခဲ့ ရတဲ့ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေအသုံးစရိတ် ဒေါ်လာ 1.2 ထရီလီယံကို လွှတ်တော်မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီအတည်ပြုချက်ကို သမ္မတဂျိုးဘိုင်ဒန်က အတည်ပြုနိုင်ဖို့ ပေးပို့ထားပြီဖြစ်တယ်လို့သိရပါတယ်။

၂၀၂၄ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေအသုံးစရိတ်ကို လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ ၇၄ မဲ၊ ကန့်ကွက်မဲ ၂၄ မဲနဲ့ အတည်ပြုနိုင်ခဲ့တာပါ။ အဲဒီရန်ပုံငွေဥပဒေကြမ်းကြောင့် တရားစီရင်ရေး၊ လုံခြုံရေး၊ ပြည်နယ်ဘဏ္ဍာရေးဌာနတွေအပါအဝင် အဓိက ဖက်ဒရယ်အေဂျင်စီတွေဟာ လာမယ့် စက်တင်ဘာလကုန်ပိုင်းအထိ ရန်ပုံငွေအထောက်အပံ့တွေ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် ရီပက်ဘလီကန်အမတ်တွေဦးဆောင်တဲ့ အောက်လွှတ်တော်က လစ်လျူရှုထားတဲ့ ယူကရိန်း၊ ထိုင်ဝမ်၊ အစ္စရေးတို့ကို အကူအညီပေးရေးအတွက်တော့ မပါဝင်ပါဘူး။ ဆီးနိတ်လွှတ်တော်ခေါင်းဆောင်တွေဟာ ရန်ပုံငွေဘတ်ဂျက်ဥပေဒေကြမ်းအတွက် လိုအပ်တဲ့ပြင်ဆင်မှုအများအပြားကို ပြီးခဲ့တဲ့သောကြာနေ့က နာရီပေါင်းများစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ညသန်းခေါင်းယံအချိန်မှ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

လွှတ်တော်ထဲမှာ မဲခွဲတဲ့ကိစ္စပြီးဆုံးသွားခဲ့ပေမယ့် ရီပတ်ဘလီကန်ပါတီတွင်းသဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အောက်လွှတ်တော်က ကွန်ဆာဗေးတစ်ကိုယ်စားလှယ် တေလာဂရင်းက အောက်လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်ကို မဲခွဲဆုံးဖြတ်ပြီး ဖယ်ရှားဖို့ အတင်းအကြပ်ခြိမ်းခြောက်မှုတွေရှိခဲ့တာပါ။

အောက်လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ ကယ်ဗင်မက်ကာသီရဲ့ နေရာကို ဆက်ခံခဲ့ပြီးနောက်ပိုင်း လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုတွေမှာ အကြိမ် 60 ကျော် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သောကြာနေ့က မဲခွဲမှုမှာ သူ့ပါတီတွင်းက သဘောထားတင်းမာသူတွေ ကျော်ဖြတ်ပြီး ထောက်ခံမဲ 286 မဲ၊ ကန့်ကွက်မဲ 134 မဲနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။ ထောက်ခံမဲတွေထဲမှာ ရီပက်ဘလီကန်ပါတီထက် ဒီမိုကရက်တစ်ပါတီဝင်တွေရဲ့ ထောက်ခံမှုက ပိုများနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 12 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 27 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 52 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 38 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”