နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နေထိုင်ခွင့်လက်မှတ်မပါဘဲ လောက်ကိုင်ထဲဝင်လာသူ ၅၀ ကျော်ကို ကိုးကန့်တပ်က ဖမ်းဆီး

မတ်လ (၂၄ ရက်)။

ကိုးကန့်ဒေသ လောက်ကိုင်မြိုမှာ အလုပ်သွားလုပ်ဖို့ တက်သွားတဲ့ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၅၀ ဦးဝန်းကျင်ကို နေထိုင်ခွင့်လက်မှတ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုးကန့်တပ် MNDAA က ဖမ်းဆီးပြီး ချင်းရွှေဟော်ရဲစခန်းမှာ ချုပ်ထားတယ်လို့ ဒေသတွင်းသတင်းဌာနဖြစ်တဲ့ ရွှေဖီမြေမှာ ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ လားရှိးမြိုနယ် အီနိုင်းကျေးရွာက အမျိုးသား ၁ ဦး၊ နမ္မတူမြိုနယ် မန်လီရွာမှ အမျိုးသမီး ၇ ဦး၊ အမျိုးသား ၂ ဦးနဲ့ နမ့်ဆန်မြိုနယ် ဟိုချောင်းရွာမှ အမျိုးသား ၁ ဦး၊ ဇယန်းကြီးရွာက အမျိုးသား ၁ ဦးတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီဖမ်းထားတဲ့သူတွေကို မြိုပတ်ပြီး သန့်ရှင်းရေးလုပ်ခိုင်းတယ်လို့ သိရပါတယ်။ လမ်းမှာ တံမျက်စည်းသွားလှဲတဲ့အချိန်ဆို ခြေထိပ်နဲ့သွားရရပြီး ထမင်းဆိုလည်း ၂ နပ်ပဲကျွေးတယ်လို့ ဆိုပါတယ်။

ရှမ်း၊ ပလောင်၊ ဗမာလူမျိုးတွေပါဝင်ပြီး ရခိုင်လူမျိုးဆိုရင်တော့ ဒီနေ့ဖမ်းပြီးရင် မနက်ဖန်ပြန်လွတ်ပေးတယ်လို့ သိရပါတယ်။

ဖမ်းဆီးထားသူတွေကို တစ်ယောက်ယောက်က လာရောက်ထောက်ခံရင် ပြန်လွှတ်ပေးမယ်လို့ ပြောပေမယ့် ဒီနေ့အထိတော့ တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးထားသူတွေကို ကိုးကန့်တပ်က ပြန်မလွှတ်ပေးဘဲ တပ်သားသစ်အဖြစ် စုဆောင်းမှာကိုလည်း စိုးရိမ်နေကြတာတွေ ရှိတယ်လို ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးတုန်းက တပ်သားသစ်အဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတိုင်းရင်းသားတွေလည်း ဒီနေ့ဒီအချိန်ပြန်မလွတ်လာကြသေးပါဘူး။

ကိုးကန့်ဒေသထဲက ဘယ်နေရာကိုမဆို သွားလာနိုင်ဖို နေထိုင်ခွင့်ကတ်ပြားကို ဖေဖော်ဝါရီလထဲမှာ စတင်ပြုလုပ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ။ ရွှေဖီမြေသတင်းဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညွှန်ကြားချက်တွေကို ဆန့်ကျင်တာကြောင့် ရဲဘော်ညိုအောင်ကို PRF ရှုတ်ချထုတ်ပယ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
ဇန်နဝါရီလ (၂၈)ရက်။ အထင်အဆင့်အဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ရှုတ်ချထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ PRF ရဲ့
မြန်မာသတင်း

စစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ကို Facebook ဖယ်ရှား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 28 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ခုကို Facebook က ဖယ်ရှားလိုက်တယ်လို့ Justice
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် (၃)နှစ်အရွယ်အပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 28 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ ည (၉)နာရီ (၂၅)မိနစ်အချိန်က ဒူးသထူခရိုင်မှာ စစ်တပ်ရဲ့ ခမရ(၃)ကနေ ၁၂၀မမ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ KNPP ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNPP က (၁၅)ကြိမ်မြောက် ပါတီကွန်ကရက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ KNPP အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်တဲ့ပုံစံနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် ယတြာချေဖို့ လပခဌာနချုပ်ထဲ တည်းခိုနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 46 Views
ဇန်နဝါရီလ (၂၇)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းအောင်လှိုင်က မန္တလေးမှာ မဲရုံတွေကိုလိုက်ကြည့်ပြီး အပြန် ယတြာချေဖို့ လပခထဲ
မြန်မာသတင်း

ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ရဲဘော်တွေကို ဦးညွတ်အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 36 Views
တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုအသိပေး ဇန်နဝါရီလ (၂၇)ရက်။ နိုင်ငံအတွက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ရဲဘော်ဟောင်းတွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ဦးညွတ်‌အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရဲဘော်တွေအနေနဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး
မြန်မာသတင်း

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 29 Views
ဇန်နဝါရီလ (၂၇)ရက်။ NLD အစိုးရလက်ထက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်သွားပြီဖြစ်တယ်လို့ ညီဖြစ်သူရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကိုအကြီးဆုံး ဒေါက်တာ ဦးမြင့်ထွေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံမှာ ဒေသစံတော်ချိန်
မြန်မာသတင်း

အင်အားစုတွေအကြား သဘောထားကွဲလွဲတာတွေ ညှိနှိုင်းဖြေရှင်းဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 33 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး