နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

အခုလတိုက်ပွဲထဲ ပအိုဝ်းဒေသမှာ တိုက်ပွဲ (၁၄)ကြိမ်ဖြစ်ပွားခဲ့၊ စစ်ကောင်စီဘက်က (၄၈)ဦးသေဆုံးပြီး လက်နက်နဲ့ ဒရုန်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ PNLA ထုတ်ပြန်

ဩဂုတ်လ (၂၄)ရက်။

အခုလထဲ ပအိုဝ်းကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပစ်ခတ်ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်အပါအ၀င် လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ တိုက်ပွဲ (၁၄)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၄၈)ဦးသေဆုံးကာ အလောင်း (၃၁)လောင်းအပါအ၀င် လက်နက်ငယ် (၁၄)လက်၊ ၆၀မမ ပြောင်းတိုတစ်လက်နဲ့ ဒရုန်း (၂)စင်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ‌ဆိုပါတယ်။

တိုက်ပွဲထဲ ကျန်ရှိခဲ့တဲ့ စစ်ကောင်စီအလောင်းတွေကို PNLA က ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ပြီး တိုက်ပွဲထဲ စစ်ကောင်စီဘက်က ပေါင် (၅၀၀)နဲ့ ပေါင် (၃၀၀)ဗုံးတွေအသုံးပြုကာ ပအိုဝ်းကျေးရွာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ ဆီဆိုင်မြို့နယ်ရှိ မီရဲ့ကျေးရွာနဲ့ ထီရီးပွဉ်ရင်းကျေးရွာတို့ကို လေကြောင်းနဲ့ လက်နက်ကြီး အကြိမ် (၁၀၀)ကျော် တိုက်ခိုက်ခဲ့ကာ အရပ်သားနေအိမ် (၄)လုံး ပျက်စီးခဲ့ပြီး တစ်ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ဆီဆိုင်မြို့နယ်ရှိ ပန်အောင်ကျေးရွာကို စစ်ကောင်စီနဲ့ PNO က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အသက်(၄၀)နှစ်အရွယ်ရှိ ဒေသခံ မွိုးစွန်ဆိုသူ ထိမှန်သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဆီဆိုင်မြို့နယ်၊ လွယ်ထွယ်ကျေးရွာထဲကို လက်နက်ကြီးနဲ့ အကြိမ် (၂၀)ကျော် ပစ်ခတ်တာကြောင့် နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ပြီး လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တာတွေကြောင့် ပအိုဝ်း‌ပြည်သူ (၃၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီလိုထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတာကြောင့် ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးကြဖို့ မေတ္တာရပ်ခံထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို