နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 23 ရက်

အမေရိကန်

အမေရိကန်

စကော့ဘက်ဆင့်ကို (Scott Bessent) ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထရန့် ရွေးချယ်

နိုဝင်ဘာ ၂၄ ရက်။ ရိုက်တာသတင်း။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ထင်ရှားသော ရင်းနှီးမြုပ်နှံသူ စကော့ဘက်ဆင့်အား အမေရိကန်ဘဏ္ဍာရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းမည်ဖြစ်ပြီး စီးပွားရေး၊ စည်းမျဉ်းစည်းကမ်းနှင့် နိုင်ငံတကာရေးရာ အစိုးရအဖွဲ့ရာထူးအတွက် သြဇာကြီးမားသော ကိုယ်စားလှယ်လောင်းများ အချင်းချင်း နေရာလု ရန်ဖြစ်နေကြသည့် အလှည့်အပြောင်းကာလကို အဆုံးသတ်မည်ဖြစ်ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို အခွန်စည်းကြပ်ခြင်း နှင့် သူ၏ပထမသက်တမ်းအတွင်းကလုပ်ခဲ့သည့် အခွန်ဖြတ်တောက်မှုများကို ချဲ့ထွင်ရန် သူ၏အစီအစဥ်ကို အထူးသဖြင့် ထရန့်က မည်သူ့ကိုရွေးမည်ကို Wall Street ကစောင့်ကြည့်ပြီး နေခဲ့သည်။

အသက် ၆၂ နှစ်အရွယ် ဘက်ဆင့်ကိုရွေးချယ်မှုသည် Wall Street အား အခွန်ပြုပြင်ပြောင်းလဲမှုနှင့် စည်းမျဥ်းမှုဆိုင်ရာကန့်သတ်ချက်ကိုကင်းလွတ်ခွင့်ပေးခြင်းအတွက် အကြံပြုပေးနိုင်မည်ဖြစ်သည်။ အချို့သော ဗျူဟာမှူးများက ၎င်းကို အဆိုပြုခြင်းသည် စျေးကွက်များကို နားလည်ပြီး ၎င်းကိုခန့်အပ်မှုသည် ပြင်းထန်သော အခွန်အခများကို လျှော့ချနိုင်သောကြောင့် စိတ်သက်သာရာရစေကြောင်း ပြောဆိုကြသည်။

ထရန့်မှ ရက်အတန်ကြာ စေ့စေ့စပ်စပ် လူများနှင့် တွေ့ဆုံခဲ့ပြီး ရွေးချယ်မှုကို စခဲ့ပြီးနောက် ကိုယ်စားလှယ်လောင်းများစာရင်းများထဲမှ ဘက်ဆင့်ကို ရွေးချယ်ခဲ့သည်။ ဘက်ဆင့်သည် ဖလော်ရီဒါရှိ ထရန့်၏ Mar-a-Lago နေအိမ်တွင် နေ့စဥ်နေထိုင်ခဲ့ပြီး စီးပွားရေးအကြံဉာဏ်များကို ပေးခဲ့ကြောင်း သတင်းရင်းမြစ်များက‌ ပြောကြားခဲ့သည်။ သူသည် ရွေးကောက်ခံသမ္မတထရန့်နှင့် နီးစပ်မှုရှိကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

“ စကော့ကို ကမ္ဘာ့အထင်ကရ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၊ ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးဗျူဟာ ရေးဆွဲသူများထဲမှ တစ်ဦးအဖြစ် ကျယ်ပြန့်စွာ လေးစားခြင်းခံရသည်” ဟု ထရမ့်က စကော့ဘက်ဆင့်၏ အမည်စာရင်းတင်သွင်းကြောင်း ကြေညာပြောကြားမှုကို ထရန့်ပိုင် Truth Social မီဒီယာမှ ထုတ်ပြန်ခဲ့သည်။

ငွေရေးကြေးရေး အလုပ်အကိုင်

တောင်ကာရိုလိုင်းနားမှ ဘက်ဆင့်သည် မက်ခရိုငွေကြေးရင်းနှီးမှု ကြီးကြီးမားမား မြုပ်နှံသူ ဘီလီယံနာ သူဌေးကြီး ဂျော့ဆိုးရပ် (George Soros) နှင့် စတော့နှင့် ငွေစာချုပ်များအရောင်းအဝယ်လုပ်သည့် ဂျင်မ် ချာနော့စ် (Jim Chanos )တို့ အတွက် အလုပ်လုပ်ကိုင်ခဲ့ပြီး ငွေကြေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့သူဖြစ်သည်။ ၎င်း၏ကိုယ်ပိုင် hedge fund ကိုလည်း လုပ်ဆောင်ခဲ့သည်။

ငွေကြေးမန်နေဂျာတစ်ဦးအနေဖြင့် သူသည် ထရန့် အနိုင်ရရမည်ဟူ၍ ကြီးမားသော လောင်းကြေးကိုထပ်ခဲ့သည်။ စျေးကွက်အတွင်း မူမမှန်သော ကွဲလွဲမှုတစ်ခုကို သူကသတိထားမိခဲ့ပြီးနောက် ထရန့်အနိုင်ရခြင်းအပေါ် နိုင်ငံရေးနှင့် စျေးကွက်လေ့လာသုံးသပ်သူများသည် အနှုတ်လက္ခဏာ အပျက်သဘောဆောင်လွန်းသည်ဟု သူက ဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဆိုင်းငံ့ထားသည့် ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဆွေးနွေးပွဲများအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီးနောက် လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများကို ကင်းလွတ်ခွင့်ပြုခဲ့ပြီး ပြည်ပတွင် ဆိုင်းငံ့ထားသော အီရန်၏ ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် အီရန်က ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် အစပိုင်းတွင် ငြင်းဆန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် အီရန်နှင့် အမေရိကန်တို့အကြား ကနဦးဆွေးနွေးပွဲများ ပြီးဆုံးသွားပြီး ကောင်းမွန်စွာ ပြီးမြောက်ခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများထံမှ သတင်းရရှိထားပါသည်။ သို့သော်လည်း ဆွေးနွေးပွဲများသည် ထိုနေ့အစောပိုင်းတွင် မည်ကဲ့သို့ ပျက်ပြားလုနီးပါးဖြစ်ခဲ့ရသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို အီရန်ဘက်က ထပ်မံထုတ်ပြန်ခဲ့ပြီး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ပထမအကျော့ဆွေးနွေးပွဲတွင် “ အားတက်ဖွယ်တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသည့် ကာတာနှင့် ပါကစ္စတန်တို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ယခုအခါ ပြီးဆုံးသွားပြီဖြစ်သော အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကို “အပြုသဘောဆောင်ပြီး တည်ဆောက်မှုရှိသော အဝန်းအဝိုင်း” တွင် ကျင်းပခဲ့ကာ “အားတက်ဖွယ် တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများဖြစ်သည့် ပါကစ္စတန်နှင့် ကာတာတို့၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အမြဲတမ်းအပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းမှုများစတင်ရန် အခြေခံအချက် အလက် များကို အမေရိကန်နှင့် အီရန်တို့ ဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် နိုင်ငံပိုင်မီဒီယာ Tasnim ၏ အဆိုအရ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မာအေးလ် ဘာဂါအီက အမေရိကန်နှင့် အီရန်ကိုယ်စားလှယ်အဖွဲ့များသည် နောက်ဆုံးသဘောတူညီချက်တစ်ခုရရှိရန် ညှိနှိုင်းမှုများအတွက် အခြေခံအချက်အလက်များကို ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ဆွစ်ဇာလန်ရှိ
နိုင်ငံတကာသတင်း ပါကစ္စတန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အီရန်တို့ ငြိမ်းချမ်းရေးအကြိုသဘောတူညီချက်အတွက် ဆွစ်ဇာလန်တွင် ဆွေးနွေးပွဲများ စတင်

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 23 Views
BBC ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ ရက် ပြီးခဲ့သည့်သီတင်းပတ်က စစ်ပွဲအဆုံးသတ်ရန် အကြိုသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် အမေရိကန်နှင့် အီရန်အရာရှိများသည် ဆွစ်ဇာလန်နိုင်ငံ၌ တိုက်ရိုက်ဆွေးနွေးမှုများကို စတင်ခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်တွင် ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက်တစ်ရပ်
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

အီတလီဝန်ကြီးချုပ် မီလိုနီသည် G7တွင် ဓာတ်ပုံရိုက်ရန် တောင်းဆိုခဲ့သည်ဟု ထပ်လောင်း ပြောဆိုပြီး ထရမ့်က သူမနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခကို ပိုမိုပြင်းထန်အောင် လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ၌ ကျင်းပ ခဲ့သော G7 ထိပ်သီးအစည်းအဝေးတွင် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ (Giorgia Meloni) က