နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသမှာ တပတ်ထဲ စစ်ကောင်စီတပ်ကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

နိုဝင်ဘာလ (၂၄)ရက်။

အခုတပတ်ထဲ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ (၈)ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့်  လိပ်ပေါရွာမှာ ပြည်သူတစ်ဦး သေဆုံးခဲ့တာအပါအဝင် ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကြောင့် ပြည်သူ (၂၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံရသူ (၅၁)ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဖမ်းဆီးခံရသူအချို့ပါလာတဲ့ ပစ္စည်းတွေကို မတရားသိမ်းဆည်းပြီး ခြိမ်းခြောက်ငွေညှစ်ကာ ပြန်လွှတ်ပေးပေမယ့် အများစုကို ပြန်မလွှတ်ဘဲ အဓမ္မစစ်မှုထမ်းခိုင်းဖို့ ရည်ရွယ်နေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ သူတို့အထိနာလာတာနဲ့အတူ ပြည်သူတွေနေတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ နေ့တိုင်းပြုလုပ်နေတယ်လို့ ပြောဆိုထားပါတယ်။

အခုတပတ်ထဲ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နေရာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးကြဲချတာ စုစုပေါင်း အကြိမ် (၄၀)ကျော် ဗုံးသီးအလုံးရေ (၁၀၀)ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေက ကျားဖြန့်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား (၂၅၀၀)ကျော်အထိ စစ်ကောင်စီဖမ်းဆီးထား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ‌ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေထဲက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား (၂၅၃၈)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ ပျုစောထီးခေါင်းဆောင်ရဲ့တူ ဦးဆောင်တဲ့ လောင်းကစားဝိုင်း စီးနင်းဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နေ့လယ် (၂)တာရီခွဲအချိန်က ပေါက်ခေါင်းမြို့အပိုင် ကြူဝတ်ကျေးရွာမှာ လောင်းကစားဝိုင်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ပြည်ခရိုင်(၃၆၀၂)တပ်ရင်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်း အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရ‌

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က ည (၇)နာရီ (၂၈)မိနစ်အချိန်က ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shawdow ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်မြောက်လမ်းဆုံအနီးက တောင်ဒဂုံမြို့မရဲစခန်းကို အဝေးထိန်းမိုင်း (၂)လုံးနဲ့
မြန်မာသတင်း

မုံရွာရှိ စစ်ကောင်စီရဲ့ နမခနဲ့ အမြောက်တပ်တို့ ရော့ကတ်အလုံး (၁၀၀)နဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 15 Views
မုံရွာရှိ စစ်ကောင်စီရဲ့ နမခနဲ့ အမြောက်တပ်တို့ ရော့ကတ်အလုံး (၁၀၀)နဲ့ ပစ်ခတ်ခံရ ဖေဖော်ဝါရီလ (၂၅)ရက်။ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နေ့လယ် (၃)နာရီကျော်အချိန်က မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ နမခစစ်ဌာနချုပ်နဲ့ အမှတ်(၅၀၈) အမြောက်တပ်ကို ပစ်ခတ်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့
မြန်မာသတင်း

NUG အစိုးရအပေါ် ဝေဖန်လာတာတွေကို အလုပ်နဲ့သက်သေပြဖို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ NUG အစိုးရအပေါ် ဝေဖန်လာတာတွေကို အလုပ်နဲ့သက်သေပြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့ အစိုးရ‌အပေါ် ဝေဖန်လာတဲ့ ဝေဖန်ချက်တွေကို အလုပ်နဲ့သက်သေပြပြီး ပြန်လည်ချေပနိုင်စွမ်း
မြန်မာသတင်း

KIA ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီဝန်းကျင်က KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီးကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ နေ့လယ် (၂)နာရီလောက် စကစက အသေခံဒရုန်းနဲ့ ဗုံးကြဲသွားတာ။
မြန်မာသတင်း

ရွှေကုက္ကိုလ်နဲ့ KK Park ထဲ ကျားဖြန့်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား (၁၅၀)ကို ထပ်မံဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က မြဝတီမြို့ ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေထဲ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား (၁၅၀)ဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်ပနိုင်ငံသား (၁၅၀)ဦးဟာ မြဝတီမြို့
မြန်မာသတင်း

ပုပ္ပါး-တောင်သာလမ်းပိုင်း သတ်မှတ်ချိန်ထဲ သွားလာတာမလုပ်ဖို့ PGF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 15 Views
မနေ့ကစပြီး ပုပ္ပါး-တောင်သာလမ်းပိုင်းကို သတ်မှတ်ချိန်မှာ ဖြတ်သန်းသွားလာတာမလုပ်ဖို့ Popa Guerilla Force(PGF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၂၄)ရက်ကစပြီး ည(၈)နာရီကနေ နံနက်(၄)နာရီအထိ ပုပ္ပါး-တောင်သာ ကားလမ်းမကြီးကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ပြည်သူတွေကို အသိပေးထားတာပါ” လို့ ဆိုပါတယ်။