နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်ပံတန်းမြို့ သာယာကုန်းရဲစခန်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၂၀)ဦးထက်မနည်းသေဆုံးခဲ့

နိုဝင်ဘာလ (၂၄)ရက်။

နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက် (၅)နာရီအချိန်က လက်ပံတန်းမြို့၊ မှော်အင်းတိုက်နယ်ရှိ သာယာကုန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စစ်ကောင်စီရဲ့ သာယာကုန်းရဲစခန်းကို ကာကွယ်ရေးတပ်တွေ စုပေါင်းပြီး တော်လှန်ရေးတပ်ပေါင်းစုအသွင်နဲ့ တိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ပွဲက (၃)နာရီလောက်ကြာပြီး စကစဘက်က (၁၅)ဦးထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ သာယာကုန်းရဲစခန်းကို ကာကွယ်ရေးတပ်တွေက တော်လှန်ရေးတပ်ပေါင်းစုအနေနဲ့ တိုက်ခိုက်ခဲ့ရာ (၃)နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရဲ၊ စစ်သားနဲ့ ပြည်သူ့စစ် စုစုပေါင်း (၁၅)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားတယ်။

တိုက်ပွဲဖြစ်ပွားရာကို စစ်ကောင်စီဘက်က ပရိုဘောက်ကားနဲ့ လက်ပံတန်းမြို့မရဲစခန်းကနေ စစ်ကူအင်အား (၇)ဦး ပို့ဆောင်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (၅)ဦး ‌ထပ်မံသေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီနောက် ‌စစ်ကောင်စီဟာ မှော်ဘီတပ်က ဖောကား (၃)စီးနဲ့ (၃၅)တပ်ရင်းက ခြေလျင် စစ်ကူစစ်ကြောင်းတွေနဲ့ အင်အားဖြည့်ခဲ့ရာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် (၈)နာရီခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လုံခြုံဘေးကင်းရာကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ဆင်ရေးကို သာယာဝတီဂဋ္ဌုန်တပ်ဖွဲ့နဲ့အတူ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၃၈၀၂) တပ်ခွဲ(၃)နဲ့ တပ်ရင်း(၃၈၀၃)တို့ ပူးပေါင်းပါဝင်ခဲ့ကာ တိုက်ပွဲထဲ တော်လှန်ရေးတပ်တွေဘက်က ရဲဘော် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီရဲကင်းစခန်းဟာ ပြည်သူတွေကို ပေါ်တာဆွဲတာ၊ ဆက်ကြေးကောက်တာနဲ့ မတရားဖမ်းဆီးသတ်ဖြတ်တာတွေ အဆက်မပြတ်ကျူးလွန်နေတဲ့ ‌ရဲကင်းစခန်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးတာနဲ့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပြီးလမ်းတလျှောက် တွေ့ရာပစ်သတ်တာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေကို ကျူးလွန်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရုတ်အနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်း ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 5 Views
ဇန်နဝါရီလ (၂၆)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

တပတ်တာတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၂၀)ဦးကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 9 Views
ဇန်နဝါရီလ (၂၅)ရက်။ အခုလ (၁၈)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ကို (၁၆)ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ CDM ဝန်ထမ်းတွေနဲ့ အရပ်သားတွေ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 13 Views
ဇန်နဝါရီလ (၂၅)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲပြည်သူ့ဆေးရုံကို နေ့လယ်(၁)နာရီ (၂၅)မိနစ်နဲ့ (၂၉)မိနစ်တို့မှာ လေကြောင်းကနေ
မြန်မာသတင်း

ပအိုဝ်းဒေသကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့က အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 5 Views
ဇန်နဝါရီလ (၂၅)ရက်။ ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းရှိ ပအိုဝ်း‌ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလို ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းက ပအိုဝ်းရွာတွေကို လက်နက်ကြီးတွေနဲ့
မြန်မာသတင်း

ကန့်ဘလူမြို့ ပလဖအချုပ်စခန်းတစ်ခုက အချုပ်သူတစ်ဦး မုဒိန်းကျင့်ခံရတဲ့အမှု စစ်ဆေးချက်မထွက်လာသေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 3 Views
ဇန်နဝါရီလ (၂၅)ရက်။ ကန့်ဘလူမြို့နယ်ရှိ ပြည်သူ့လုံခြံရေးအဖွဲ့(ပလဖ)အချုပ်ခန်းတစ်ခုက အချုပ်သူတစ်ဦး မုဒိန်းကျင့်ခံရတဲ့အမှု စစ်ဆေးချက်ရလဒ် မထွက်လာသေးဘူးလို့ နီးစပ်သူတွေထံက သိရပါတယ်။ “ ဒီအမှုက အခုမှ ပထမဆုံးအကြိမ် ထွက်လာတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၂၃ခုနှစ်ကထဲက မြေပြင်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့လို့ ဌာနထဲ
မြန်မာသတင်း

နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ဖို့ လာအိုနဲ့ စစ်ကောင်စီ ဆွေးနွေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 11 Views
ဇန်နဝါရီလ (၂၅)ရက်။ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနနဲ့ လာအိုပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ (၉)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို ဇန်နဝါရီလ (၂၁)ရက်နေ့ကနေ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကာ စစ်ကောင်စီဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်
မြန်မာသတင်း

စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေးပါတီတွေ အကြံပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 4 Views
ဇန်နဝါရီလ (၂၅)ရက်။ မနေ့က နေပြည်တော်မှာ စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီနဲ့ တွေ့ဆုံချိန် စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေက ပြောဆိုခဲ့တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဒု‌ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး
မြန်မာသတင်း

KIO ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 9 Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီ (၂၃)မိနစ်က KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့ကို စစ်ကောင်စီက တခါသုံးဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ လိုင်ဇာမြို့ မြစ်ကြီးနားဟိုတယ်ဘက်ကို စကစက တခါသုံးဒရုန်းနဲ့