နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကြို့ပင်ကောက်မြို့က စစ်ကောင်စီသတင်းပေး ပျုစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

နိုဝင်ဘာလ (၂၄)ရက်။

မနေ့က နေ့လယ် (၂)နာရီ (၁၅)မိနစ်ခန့်က ကြို့ပင်ကောက်မြို့မှာ ပျုစောထီးတစ်ဦးဖြစ်တဲ့ ထွန်းမင်းစိုးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Dragon Brothers(GBK-PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ သူက ကြို့ပင်ကောက် နဂါးနီလမ်းမှာနေတာ။ ပြီးတော့ စကစရဲ့ ပျုစောထီးသင်တန်းဆင်းတယောက်လဲဖြစ်ပါတယ်။ သူ့ကို ဒေါင်းလူးရွာအနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ဆိုပါတယ်။

ကြို့ပင်ကောက်မြို့နယ် နဂါးနီလမ်းမှာ နေထိုင်တဲ့ ပျူစောထီးတစ်ဦးဖြစ်သူ ထွန်းမင်းစိုးကို ဒေါင်းလူးရွာအနီးမှာ တော်လှန်ရေးတပ်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဖော်ပြထားပါတယ်။

ထွန်းမင်းစိုးဟာ ပျုစောထီးသင်တန်း အပတ်စဉ်(၁)မှာ တက်ရောက်ပြီး ပြန်လာသူဖြစ်ကာ သူတောင်းစားပုံစံနဲ့ အမှိုက်ကောက်သမားပုံ အသွင်ယူထားတဲ့ စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သူဟာ စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးကာ အတင်းအဓမ္မ စစ်မှုထမ်းဖို့ ခေါ်ဆောင်ရာမှာလဲ အဓိကလုပ်ဆောင်နေသူဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရုတ်အနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်း ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 5 Views
ဇန်နဝါရီလ (၂၆)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

တပတ်တာတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၂၀)ဦးကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 9 Views
ဇန်နဝါရီလ (၂၅)ရက်။ အခုလ (၁၈)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ကို (၁၆)ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ CDM ဝန်ထမ်းတွေနဲ့ အရပ်သားတွေ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 13 Views
ဇန်နဝါရီလ (၂၅)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲပြည်သူ့ဆေးရုံကို နေ့လယ်(၁)နာရီ (၂၅)မိနစ်နဲ့ (၂၉)မိနစ်တို့မှာ လေကြောင်းကနေ
မြန်မာသတင်း

ပအိုဝ်းဒေသကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့က အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 5 Views
ဇန်နဝါရီလ (၂၅)ရက်။ ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းရှိ ပအိုဝ်း‌ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလို ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းက ပအိုဝ်းရွာတွေကို လက်နက်ကြီးတွေနဲ့
မြန်မာသတင်း

ကန့်ဘလူမြို့ ပလဖအချုပ်စခန်းတစ်ခုက အချုပ်သူတစ်ဦး မုဒိန်းကျင့်ခံရတဲ့အမှု စစ်ဆေးချက်မထွက်လာသေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 3 Views
ဇန်နဝါရီလ (၂၅)ရက်။ ကန့်ဘလူမြို့နယ်ရှိ ပြည်သူ့လုံခြံရေးအဖွဲ့(ပလဖ)အချုပ်ခန်းတစ်ခုက အချုပ်သူတစ်ဦး မုဒိန်းကျင့်ခံရတဲ့အမှု စစ်ဆေးချက်ရလဒ် မထွက်လာသေးဘူးလို့ နီးစပ်သူတွေထံက သိရပါတယ်။ “ ဒီအမှုက အခုမှ ပထမဆုံးအကြိမ် ထွက်လာတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၂၃ခုနှစ်ကထဲက မြေပြင်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့လို့ ဌာနထဲ
မြန်မာသတင်း

နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ဖို့ လာအိုနဲ့ စစ်ကောင်စီ ဆွေးနွေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 11 Views
ဇန်နဝါရီလ (၂၅)ရက်။ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနနဲ့ လာအိုပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ (၉)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို ဇန်နဝါရီလ (၂၁)ရက်နေ့ကနေ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကာ စစ်ကောင်စီဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်
မြန်မာသတင်း

စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေးပါတီတွေ အကြံပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 4 Views
ဇန်နဝါရီလ (၂၅)ရက်။ မနေ့က နေပြည်တော်မှာ စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီနဲ့ တွေ့ဆုံချိန် စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေက ပြောဆိုခဲ့တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဒု‌ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး
မြန်မာသတင်း

KIO ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 9 Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီ (၂၃)မိနစ်က KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့ကို စစ်ကောင်စီက တခါသုံးဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ လိုင်ဇာမြို့ မြစ်ကြီးနားဟိုတယ်ဘက်ကို စကစက တခါသုံးဒရုန်းနဲ့