နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်းမှာ ရွှေတူးဖော်လုပ်ငန်း‌ရပ်ဆိုင်းဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲက သေနတ်နဲ့ခြိမ်းခြောက်

မင်းကင်းမှာ ရွှေတူးဖော်လုပ်ငန်း‌ရပ်ဆိုင်းဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲက သေနတ်နဲ့ခြိမ်းခြောက်

ဒီဇင်ဘာလ (၂၁)ရက်နေ့က မင်းကင်းမြို မြောက်ချွန်းရွာမှာ ရွှေတူးဖော်တဲ့လုပ်ငန်း ရပ်ဆိုင်းပေးဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲတွေက သေနတ်နဲ့ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ (၂၁)ရက်နေ့ ညနေမှာ ရွှေမျောလုပ်ငန်းတွေကို ရပ်ဆိုင်းပေးဖို၊ နောက်ပြီး ပြည်သူတွေကို အသိပေးပြီး လုပ်ကိုင်ဖိုနဲ့ ငွေကြေးရှင်းတမ်းတွေနဲ့ပတ်သက်ပြီး ဒေသခံတွေ ဆန္ဒပြကြတာ။ အဲ့ဒါကို တိုက်နယ် ပကဖ၊ ပလဖနဲ့ ပအဖတွေက သေနတ်တွေမောင်းတင်ပြီး ပစ်ဖိုအထိ ခြိမ်းခြောက်တာ‌တွေလုပ်တာ” လို ဒေသခံတစ်ဦးက ဆိုပါတယ်။

မြောက်ချွန်းရွာပိုင် ‌မြစ်ကမ်းဘေးမြေနုကျွန်းမှာ ရွှေတူးဖော်တာကို ကျေးရွာပသုံးလုံး ခေါင်းဆောင် (၃)ဦးက ကျေးရွာနေပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာမရှိဘဲ အောက်တိုဘာလ (၂၀)ရက်နေ့က စတင်လုပ်ကိုင်ခဲ့တာလို သိရပါတယ်။

‌အခုလို ရွှေတူးဖော်တာအပါအဝင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာ မှန်သမျှကို ပြည်သူရဲ့ သဘောထားကောက်ခံပြီး ဆွေးနွေးတိုင်ပင်ဖို ပြောဆိုထားပေမယ့် အခုလို ပြုလုပ်တာကြောင့် ကျေးရွာနေ ဒေသခံ (၃၀၀)ဝန်းကျင်ခန့်က ဆန္ဒပြခဲ့ကြတာလို ဆိုပါတယ်။

ဆန္ဒပြတောင်းဆိုရာမှာ ဒေသခံတွေက ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်ဆိုင်းပေးဖိုအပါအဝင် ဒေသခံပြည်သူတွေရဲ့ ‌သဘောဆန္ဒကောက်ယူပြီး ဆွေးနွေးညှိနှုင်းဖိုနဲ့ ငွေကောက်ယူတာတွေ အပေါ် စာရင်းရှင်းပေးဖို တောင်းဆိုခဲ့ကြတာပါ။

“ အရင်က ရွှေမှော်လုပ်ရင် ရွာကိုတိုင်ပင်ဖို ပြောထားပေမယ့် အခုမတိုင်ပင်တော့ဘဲ သူတိုလုပ်ချင်တဲ့အတိုင်း လုပ်တာ။ အဲ့ဒီကရတဲ့ ပိုက်ဆံကိုလဲ ရွာကို မဝေတော့ဘူး။ သူတို့အဖွဲတင် သိန်း(၁၅၀၀)လောက်ရတာ၊ စာရင်းရှင်းခိုင်းတော့လဲ မရှင်းပေးဘူး။ ပြီးတော့ သူတို့က လိုင်းပေါ်မှာ အလိုမတူပဲ စာရင်းရှင်းခိုင်းတယ်ဆိုပြီး ပြောထားသေးတယ်” လို သူက ဆက်ပြောပါတယ်။

ဒေသခံတွေရဲ့ တောင်းဆိုဆန္ဒပြတာဟာ (၃)နာရီနီးပါး ကြာမြင့်ခဲ့ပေမယ့် ညှိနှိင်းမှု တစုံတရာ မရရှိခဲ့သလို အရင်က မြေနုကျွန်းမှာ ဒေသခံတွေ ပဲစိုက်တာတွေရှိခဲ့ပေမယ့် အခုအခါ ကျေးရွာပသုံးလုံးအဖွဲတွေက တောင်ယာစိုက်ပျိုးတာတွေ မလုပ်ဖို့ အမိန့်ထုတ်ထားပါတယ်။

“ ဆန္ဒပြတာက ညနေ(၆)နာရီခွဲလောက်အထိမပြီးဘူး။ ညှိနှိင်းတာမျိုးလဲမရခဲ့ဘူး။ ပြီးတော့ အရင်က မြေနုကျွန်းမှာ ဒေသခံတွေက ပဲစိုက်တာတွေရှိတယ်။ အခု ကျေးရွာပသုံးလုံး အဖွဲတွေက ဒေသခံတွေကို ပဲမစိုက်ဖို အမိန့်ထုတ်ထားတယ်။ နောက်ပြီး သူတို့က တကွက်ကို (၃)သိန်း (၃)သိန်းခွဲနဲ့ ရောင်းစားနေတာ” လို သူက ဆက်ပြောပါတယ်။

ဆန္ဒပြပွဲမှာ တိုက်နယ်ပသုံးလုံးအဖွဲတွေကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိခဲ့ပြီး ကျေးရွာပိုင်မြေနုကျွန်းမှာ ရွှေတူးဖော်တာက သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သလို တောင်ယာလုပ်ခွင့် မရှိတော့တာနဲ့ ပြည်သူတွေ အကျိုးခံစားခွင့်မရှိဘဲဖြစ်နေတာလို ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တပ်ချုပ်အသစ်က လေတပ်ဦးစီးချုပ်နေရာ ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်အပ်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 22 Views
ဧပြီလ (၂၂)ရက်။ တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လေတပ်ဦးစီးချုပ်နေရာအတွက် ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ရာထူးတိုးမြှင့်ခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လေတပ်ဦးစီးချုပ်အနေနဲ့
မြန်မာသတင်း

သရက်ကန်ပျူစောထီးရွာမှာ စစ်ကော်မရှင်ရဲတဦး မိုင်းဆွဲခံရကာ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 26 Views
ဧပြီလ (၂၂)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီအချိန်က သရက်ကန်ပျူစောထီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့ရဲ့
မြန်မာသတင်း

အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 21 Views
လူမှုကွန်ရက်က သတင်းမှားတွေနဲ့ ဖိအားပေးနေတယ်လို့ဆို ဧပြီလ (၂၂)ရက်။ အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး မင်းအောင်လှိုင်က မနေ့ကကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာဆီယံနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ သမ္မတအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်က မိန့်ခွန်းပြောတာမှာ
မြန်မာသတင်း

တနင်္သာရီမြို့မှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပေါ်နိုင်တာကြောင့် ဘေးကင်းရာပြောင်းရွှေ့ဖို့ PDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 24 Views
ဧပြီလ (၂၂)ရက်။ တနင်္သာရီဒေသမှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပေါ်နိုင်တာကြောင့် ဘေးကင်းရာပြောင်းရွှေ့ဖို့ PDF မြိတ်ခရိုင်တပ်ရင်း(၂)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တနင်္သာရီမြို့ ဘောဓိကမ်း-ညောင်ပင်ကွင်းရွာလမ်းပိုင်းရှိ ဘန်လော၊ (၅)မိုင်၊ (၆)မိုင်နဲ့ ထုံးတော်ရွာတလျှောက်မှာ စစ်ကော်မရှင်တပ်က အင်အားသုံး
မြန်မာသတင်း

သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်ရောက်ရှိတဲ့အပေါ် SCEF ဝမ်းမြောက်သဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 26 Views
ဧပြီလ (၂၂)ရက်။ သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်လည်ရောက်ရှိလာတဲ့အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)က ဒီကနေ့မှာ ဝမ်းမြောက်သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ သမ္မတအနေနဲ့ တာဝန်ထမ်းဆောင်ချိန် အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်ဟာ (၅)နှစ်ကျော်ကြာမှာ မိသားစုထံ ပြန်လည်ရောက်ရှိခဲ့တာလို့
မြန်မာသတင်း

“မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း”

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 26 Views
(ရုပ်သံတင်ဆက်မှုစာသားမူရင်း) ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို နှိုင်းယှဥ်ပြီး သုံးသပ်ပြချင်တာ ဖြစ်ပါတယ်။ လူသတ်အာဏာရှင်တွေ ဘယ်လောက်ပဲ အာဏာကို အမြစ်တွယ်အောင် လုပ်ထားပါစေ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 25 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One Piece Movement က မနေ့က စတင်လိုက်တယ်လို့ သိရပါတယ်။ “ အမေ့အတွက်
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 26 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ ၂၀၀၈ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်တာမှန်သမျှကို ကန့်ကွက်ငြင်းပယ်တယ်။ SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင် ရပ်တည်သွားမှာ”