မတ်လ (၂၅)ရက်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ မဲပေါက်တာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မိသားစုကို ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲမြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေကနေ စစ်မှုထမ်းဖို့ မဲပေါက်တာကြောင့် ပုလဲမြို့နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မိသားတစ်စုကို ပုလဲမြို့နယ်ပအဖက သွားရောက်တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီမိသားစုကို ပုလဲမြို့နယ်ပအဖရဲ့ လူသားစာနာတာဝန်ခံက ငွေကျပ် (၅၀၀၀၀)အပါအဝင် အဝတ်အစားတွေ၊ ပုဆိုး၊ ထမိန်၊ ခြင်ထောင်တွေ ထောက်ပံ့ပေးခဲ့ကာ အားပေးစကား ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပုလဲမြို့နယ်ထဲကို လာရောက်ခိုလှုံကြမယ့် ပြည်သူတွေအတွက် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက လိုအပ်သလို ကူညီစောင့်ရှောက်တာတွေ ပေးသွားဖို့ ပြင်ဆင်နေတယ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် လာရောက်ခိုလှုံကြမယ့် ပြည်သူတွေအနေနဲ့ အချိန်မီ ကြိုတင်ဆက်သွယ်ပေးကြဖို့ကိုလည်း ပုလဲမြို့နယ်ပအဖက မေတ္တာရပ်ခံတားတယ်လို့ သိရပါတယ်။