နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုတဲ့ အဖွဲ့အစည်း (၂၀၀)နီးပါးရဲ့ သဘောထားထုတ်ပြန်ချက်အပေါ် AA ပြင်းပြင်းထန်ထန်ကန့်ကွက်

မေလ (၂၅)ရက်။

ရခိုင်မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေအပါအ၀င် အမည်မဖော်လိုတဲ့ အဖွဲ့အစည်း (၁၉၅)ဖွဲ့ရဲ့ သဘောထားထုတ်ပြန်ချက်အပေါ် အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီအဖွဲ့အစည်းထဲက အချို့ဟာ ထုတ်ပြန်ဖို့နှိုးဆော်တဲ့အချိန်ကနေ ထုတ်ပြန်လိုက်တဲ့အချိန်အထိ မသိရတဲ့ အဖွဲ့တွေ၊ မိခင်အဖွဲ့အစည်းရဲ့ သဘောဆန္ဒမပါဘဲ ထည့်သွင်းခံရတဲ့ အဖွဲ့နဲ့ လူ့အခွင့်အရေးခေါင်းစဉ်နဲ့ အသုံးချခံရတဲ့ အဖွဲ့တွေလို့ ဆိုပါတယ်။

အဖွဲ့အစည်းရဲ့ တရား၀င်ခွင့်ပြုချက်မတောင်းခံဘဲ ပူးတွဲထုတ်ပြန်ချက်ရဲ့ အမည်စာရင်းမှာ ထည့်သွင်းခံရတဲ့ အဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်အချို့က နိုင်ငံရေးအရ အဖွဲ့အစည်းအချို့ရဲ့ နာမည်ကို စာရင်းထဲထည့်ပြီး အသုံးချခံရတဲ့ အဖွဲ့တွေလဲ ပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။

အခုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အခြေအနေအကျိုးအကြောင်းကို ရှင်းလင်းစွာမသိရဘဲ ဖော်ပြခံရတဲ့ အဖွဲ့တွေရှိရင် ဘယ်လိုအတွက်ကြောင့် ပါ၀င်ခဲ့ရတယ်ဆိုတာကို ရှင်းလင်းချက် ထုတ်ပြန်ပေးဖို့ကိုလဲ AA က တောင်းဆိုထားပါတယ်။

ဒီလိုမှသာ ခင်မင်ရင်းနှီးတဲ့ အဖွဲ့အစည်းတွေ အချင်းချင်းကြားမှာ အပြန်အလှန် နားလည်မှုလွဲတာ၊ ယုံကြည်မှုပျက်ပြားတာ၊ စိတ်၀မ်းကွဲတာမျိုး ဖြစ်ပွားတာတွေကနေ ရှောင်ရှားနိုင်မှာလို့ ရေးသားထားပါတယ်။

ဒါ့ပြင် အမှန်တရားကို ရဲဝံ့စွာနဲ့ ပွင့်လင်းစွာပြောဆိုတာ၊ ထုတ်ပြန်တာနဲ့ အခြေအနေမှန်တွေကို တည့်မတ်နိုင်မယ့်အပြင် အချင်းချင်းကြားမှာရှိတဲ့ ယုံကြည်မှု၊ နားလည်မှုတွေကို မြှင်တင်နိုင်မှာလို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ထုတ်ပြန်ချက်ထဲမှာ ပါ၀င်တဲ့ အဖွဲ့အစည်းတွေထဲက ခင်မင်ရင်းနှီးတဲ့ အဖွဲ့တွေအနေနဲ့ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းချက် ဒါမှမဟုတ် ထုတ်ပြန်ချက်တွေကို ဆိုရှယ်မီဒီယာစယမျက်နှာကနေဖြစ်စေ AA ဆီကို ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 8 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၀)ဦးသေဆုံးကာ ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ဇွန်လ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်က ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆိပ်ဖြူမြို့ပေါ်ကနေ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေပါတဲ့ (၆)ဘီးကားတစီးနဲ့ အိမ်စီးကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စစ်တပ်ဘက်က မျက်မြင်
မြန်မာသတင်း

ရန်ကုန်-ပြည်လမ်းမပေါ်မှာ စစ်ကော်မရှင်ကားတွေ ပစ်ခတ်ခံရပြီး ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်ပါ (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ဇွန်လ (၁၆)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ကိုးပင်-ဆတ်သွားလမ်းပိုင်းတနေရာမှာ စစ်ကော်မရှင်ကားတစီးကို ပစ်ခတ်ခဲ့တယ်လို Nay Pyi Taw PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ တောင်တွင်းကြီး ဆတ်သွားရွာဘက်ကနေ ထွက်လာတဲ့
မြန်မာသတင်း

မြောင်းမြမြိုထဲ ကျားဖြန့်လုပ်းငန်တွေ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
ဇွန်လ (၁၆)ရက်။ မြောင်းမြမြိုနယ်ရှိ ကျေးရွာအချိုမှာ ကျားဖြန့်လုပ်ငန်းတွေ ပိုမိုတွင်ကျယ်စွာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ အဓိကကတော့ လူတော်ကြီးရွာနဲ့ ပကိတ်ကြီးရွာတွေမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေကြတာ။ အရင်က အဲ့ဒီလုပ်ငန်းတွေနဲ့ နာမည်ထွက်ဖူးတဲ့သူတွေပဲ အခု