ဇွန်လ (၂၅)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်က မတ္တရာမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ်(၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။
မတ္တရာမြို့နယ်၊ ဆည်တော်ကြီးအနီးက စစ်ကောင်စီရဲ့ အမှတ်(၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ကို မန္တလေး-PDF နဲ့ မြို့နယ်-ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေဘက်က တရားဝင် ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။
တပ်စခန်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က နံနက်(၈)နာရီခွဲခန့်ကစပြီး တံတားဦးလေတပ်ကနေ လေကြောင်းအသုံးပြုကာ အင်ကြင်းမြိုင်အနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
မတ္တရာမြို့မှာ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရတဲ့အတွက် အခုအချိန်အထိ တိုက်ပွဲတွေပြင်းထန်နေကာ ဒေသခံတွေ ဘေးကင်းရာမှာနေထိုင်ဖို့ မြို့နယ်-ပကဖက အသိပေးထားပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့က နေရာအချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေကာ ပြင်ဦးလွင်ခရိုင်အနီးက နေရာတွေမှာလဲ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။