စက်တင်ဘာလ (၂၅)ရက်။
မနေ့က ညနေ (၄)နာရီအချိန်က ကြို့ပင်ကောက်မြို့၊ ကြို့ပင်စခန်းအုပ်စုက ရာအိမ်မှူး သိန်းဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ BTZM GBK-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီလက်ပါးစေ ရာအိမ်မှူး သိန်းဦးကို ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ BTZM GBK-PDF နဲ့ တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၁) Dragon Brothers တို့ (၂)ဖွဲ့ပေါင်းကာ သူ့ရဲ့နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် သိန်းဦးကိုင်ဆောင်တဲ့ လေသေနတ်တစ်လက်ကို တပါထဲ သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရာအိမ်မှူး သိန်းဦးဟာ ရပ်ရွာထဲ စစ်ကောင်စီ သက်ဆိုးရှည်အောင် လုပ်ဆောင်ပေးနေသူဖြစ်ကာ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းတာ၊ အဓမ္မငွေကြေးကောက်ခံတာတွေကို ကျူးလွန်နေတာလို့ ရေးသားထားပါတယ်။
နောက်ပြီး စစ်ကောင်စီထံ တော်လှန်ရေးရဲဘော်တွေရဲ့ ဆပ်စပ်တဲ့သတင်းတွေ ပေးနေတာတို့ကြောင့် သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။