နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်နီဒေသထဲ စစ်ကောင်စီကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်းသေဆုံးခဲ့

နိုဝင်ဘာလ (၂၅)ရက်။

စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီဒေသထဲ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်း သေဆုံးပြီး (၃၃၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုနှစ်ထဲမှာ စစ်ကောင်စီကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး (၂၅)ဦးနဲ့ သေဆုံးခဲ့ရတဲ့ အမျိုးသမီး (၂၀)ဦးရှိကာ ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ် (၄၄)ဦးနဲ့ သေဆုံးတဲ့ကလေးငယ် (၁၅)ဦးရှိတယ်လို့ ဆိုပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ကရင်နီပြည်ထဲ လက်နက်ကြီးငယ်တွေအပါအဝင် လေယာဉ် အလွန်အကျွံအသုံးပြုတာကြောင့် အရပ်သားများစွာ သေဆုံးခဲ့တဲ့အပြင် အိုးအိမ်စည်းစိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ၊ ဆေးပေးခန်းနဲ့ ဘုရားကျောင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီဒေသထဲ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်းပေါင်း (၄၀၀)ကျော်နဲ့ ရွှေ့ပြောင်းနေထိုင်တဲ့ အိမ်ခြေ (၃၅၀၀၀)ဝန်းကျင်ရှိကာ စစ်ရှောင်ပြည်သူ (၁၂၀၀၀၀)ကျော်အထိ မြင့်တက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ရှောင်တွေထဲ (၅)နှစ်အောက်ကလေးငယ် (၁၀၀၀၀)ကျော်နဲ့ (၁၈)နှစ်အောက် ကလေးငယ် (၃၀၀၀၀)ကျော်ရှိကာ ပညာရေး၊ ကျန်းမာရေး၊ အစာအဟာရနဲ့ အခြား စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားမှုတွေအတွက် အထူးလိုအပ်နေတယ်လို့လဲ ပြောဆိုထားပါတယ်။

ဒါ့အပြင် ကရင်နီဒေသထဲ အမျိုးသမီး၊ မိခင်နဲ့ကလေး၊ မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုတို့ရဲ့ အရေးကိစ္စတွေကို အဆောတလျင် ကူညီဖြေရှင်းရမယ့် လုပ်ငန်းစဉ်တွေရှိသလို ရေရှည်အစီအမံတွေ ရေးဆွဲဖို့ လိုအပ်တဲ့အပြင် လိုအပ်ချက်တွေကို ဝိုင်းဝန်းအကောင်အထည်ဖော်နိုင်ဖို့ တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံအသီးသီးကနေ လက်နက်ခဲယမ်း တင်ပို့ရောင်းချတာကို တင်းကြပ်စွာ ပိတ်ဆို့အရေးယူဖို့နဲ့ လေယာဉ်ဆီတင်ပို့ရောင်းချတာကို ရပ်တန့်ပေးဖို့ ဒါမှမဟုတ် လေယာဉ်ပျံသန်းမှု ကင်းမဲ့ဇုန်အနေနဲ့ သတ်မှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 21 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို