နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘားအံ-မြဝတီ(အာရှလမ်းပိုင်း)နဲ့ မြို့ပေါ်ဧရိယာ (၆၀)ရာခိုင်နှုန်းကို စိုးမိုးထားတယ်လို့ SOF ထုတ်ပြန်

ဖေဖော်ဝါရီလ (၂၆)ရက်။

စစ်ဆင်ရေး(၂)လတာကာလမှာ ဘားအံ-မြဝတီ(အာရှလမ်းပိုင်း)နဲ့ မြို့ပေါ်ဧရိယာ (၆၀)ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားတယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့(S.O.P)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဘားအံ-မြဝတီ(အာရှလမ်းပိုင်း)နဲ့ ကော့ကရိတ်မြို့ထဲက စစ်ကောင်စီရဲ့ အထိုင်စခန်းတွေနဲ့ ဂိတ်စခန်းတွေကို KNLA နဲ့ PDF အပါအဝင် ဒရုန်းပူးပေါင်းတပ်တွေက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁)ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးကာလထဲမှာ ကော့ကရိတ်တောင်ဘက်ခြမ်းရှိ ကော့နွယ်စခန်းကုန်းနဲ့ လှိုင်ဝတံတားဂိတ်၊ ကြာပန်းဂိတ်အပါအဝင် မြောက်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စွဲထားတဲ့ အမှတ်(၃)ဂိတ်၊ အာရှလမ်းပေါ်ရှိ ကမိုင်ကုန်းသင်္ချိုင်းမှာတပ်စွဲထားတဲ့ အထိုင်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ကော့ကရိတ်ချောင်းတောင်ရပ်ကွက်ရှိ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့နေရာ၊ တောင်ကြာအင်းရဲစခန်း၊ အာရှလမ်းပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းတွေဖြစ်တဲ့ ရေကူးကန်နဲ့ ဆီဆိုင်ဂိတ်စခန်းတွေကိုလဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ ဘားအံ-မြဝတီ(အာရှလမ်းပိုင်း)နဲ့ မြို့ပေါ်ဧရိယာ (၆၀)ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး ဒီကနေ့အချိန်အထိ စစ်ကောင်စီဘက်က လက်နက်ချအညံ့ခံသူ (၁၄)ဦးရှိကာ သေဆုံးသူ (၃၀)ဦးနဲ့ ဒဏ်ရာရသူအများအပြားနဲ့ လက်နက်(၄၆)လက် သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ဆင်ရေးကာလထဲ တော်လှန်ရေးရဲဘော်တွေဘက်က ရဲဘော် (၇)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ (၃)ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုပြီး နေ့စဉ်ပစ်ခတ်နေကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူတာတွေရှိပြီး ကောကရိတ်တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ထောင်နဲ့ချီတဲ့ပြည်သူတွေကို KNU နဲ့ MOD တို့က ကူညီစောင့်ရှောက်ထားတယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

SCEF နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 18 Views
မေလ (၁၄)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊အစိုးရတို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို
မြန်မာသတင်း

လယ်မူလားမြို့ တကူရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 20 Views
မေလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ လယ်မူလားမြို့ တကူရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဟားခါးမြို့မှာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို CDF-Hakha ဖမ်းဆီး

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 18 Views
မေလ (၁၄)ရက်။ မနေ့က ဟားခါးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟာ ဟားခါးမြို့ထဲ ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓါးပြတိုက်တာ စတဲ့
မြန်မာသတင်း

ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်နယ်ထဲက Star Link အင်တာနက်တွေ ယာယီပိတ်ထားဖို့ ရွှေဘိုခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 21 Views
မေလ (၁၄)ရက်။ ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်ထဲရှိ Star Link အင်တာနက်တွေ ယာယီပိတ်သိမ်းကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရိုင်စစ်ဌာနအနေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတာကြောင့် အရပ်ဖက်-စစ်ဖက် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ စစ်သတင်းလုံခြုံရေးစည်းကမ်းတွေကို လိုက်နာပူးပေါင်းဖို့
မြန်မာသတင်း အရှေ့တောင်အာရှ

စစ်အုပ်စု ရွေးကောက်ပွဲ အာဆီယံအဖွဲ့ထဲ အသိအမှတ်ပြုဖို့ သဘောတူညီမှုမရ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 21 Views
မေလ (၁၃)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအပါအဝင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ သံရုံးတွေကို တိုက်တွန်းတဲ့ စာတစောင် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်က ပေးပို့ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်တွန်းစာဟာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ
မြန်မာသတင်း

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်တာကြောင့် နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 37 Views
မေလ (၁၃)ရက်။ မေလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က အရူနာချားပြည်နယ်၊ Changlang ခရိုင်၊ Doimuk Nala ဒေသထဲ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က နာဂလက်နက်ကိုင်တပ်ဖွဲ့ကို ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပန်ဆောင်မြို့အခြေစိုက် နာဂလက်နက်ကိုင်တပ်ဖွဲ့(NSCN-K)(AM)စစ်တိုင်းရဲ့
မြန်မာသတင်း

KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 29 Views
မေလ (၁၃)ရက်။ KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကရင်နီပြည်သူတို့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ခွန်းရီမာန်ထူးဟာ မေလ (၁၀)ရက်နေ့ ထိုင်းဒေသစံတော်ချိန် ညနေ (၅)နာရီ
မြန်မာသတင်း

ယင်းမာပင်မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး (၁၀)ဦးခန့် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 30 Views
မေလ (၁၀)ရက်နေ့က ယင်းမာပင်မှာ စစ်တပ်ရဲ့ အင်အား(၃၀၀)ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာအမှတ်(၄၇)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်ရဲ့ တပ်မ(၃၃)နဲ့ ဘန့်ဘွေးရွာက ပျူစောထီးတွေပါတဲ့ အင်အား (၃၀၀)ကျော် စစ်ကြောင်းက