နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသခံတွေကို ‘တိုက်ပွဲနယ်မြေတွေ’ ကနေ ရွှေ့ပြောင်းဖို့ အစီအစဉ်ကို တင်ပြ။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်။

တယ်အီဗစ်, အစ္စရေး။

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ တောင်ပိုင်းမြို့ကို မကြာမီတွင် ထိုးစစ်ဆင်လာတော့မည်ဟု သတိပေးမှုများအကြားတွင် တိုက်ပွဲများဖြစ်ပွားနေသည့်နေရာများမှ လူများကို ရွှေ့ပြောင်းပေးရန်အတွက်အစီအစဉ်ကို စစ်ရေးကက်ဘိနက်အဖွဲ့ထံ တင်ပြထားသည်။ ယခုလအစောပိုင်းတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) အား ရာဖာမြို့မှ အရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစီအစဉ်ကို ရေးဆွဲရန် ဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ယာဟု၏ရုံးက ပြောကြားခဲ့ပါသည်။

တနင်္လာနေ့တွင် အဆိုပါ “လာမည့် လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်” ကို အစိုးရမှ အတည်ပြုရန် တင်သွင်းခဲ့ကြောင်း နေတန်ယာဟု၏ ရုံးမှပြောကြားခဲ့သော်လည်း ထိုထုတ်ပြန်ချက်တွင် ရာဖာ (Rafah) အမည်ဖြင့် ဖော်ပြထားခြင်း မရှိပါ။၊ CNN သည် အစီအစဉ်၏ မိတ္တူကို မရရှိသေးပါ။ ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ်နယ်စပ်အနီးတွင်ရှိသော ရာဖာကို IDF ၏ ထိုးစစ်ဆင်မည့်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မှုများ ကြီးထွားလာနေသည်။ အစ္စရေးစစ်တပ်က ကမ်းမြှောင်ကို ဖြတ်၍ တောင်ဘက်သို့ ချီတက်လာစဉ် အဆိုပါမြို့သည် ပါလက်စတိုင်း စစ်ဘေးရှောင်အများစုနေထိုင်ရာ နေရာဖြစ်လာသော်လည်း အဆိုပါအရပ်သားများမှာ နောက်ထပ် ထွက်ပြေးရန်နေရာမရှိဖြစ်နေခဲ့သည်။

မြို့ပေါ်က ပါလက်စတိုင်းတွေကို ကယ်ဆယ်မယ့် “ယုံကြည်လောက်တဲ့” အစီအစဉ်မရှိဘဲ လုပ်ဆာင်မှုတွေကို ထောက်ခံမှာမဟုတ်ဘူးလို့ အမေရိကန်က သတိပေးထားပါသည်။ တနင်္လာနေ့တွင် နေတန်ယာဟု၏ရုံးမှ ထုတ်ပြန်ချက်တွင် အစိုးရအဖွဲ့သည် ဂါဇာကမ်းမြောင် မြောက်ပိုင်းနှင့် အခြားဒေသများတွင် ဖြစ်ပွားခဲ့သည့် လုယက်မှုများကို တားဆီးမည့် နည်းလမ်းဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်မည့် အစီအစဉ်ကိုလည်း အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က CBS သတင်းဌာန၏ နိုင်ငံကိုမျက်နှာမူခြင်း (Face the Nation) အင်တာဗျူးတွင် ရာဖာ၌ ကြိုးပမ်းအားထုတ်မှုအား အစ္စရေးခေါင်းဆောင်က ပြောကြားခဲ့သည်။

နောက်ဆုံး ကျန်ရှိနေတဲ့ဟားမတ်စ်ရဲ့ အမာခံနယ်မြေကို ကျွန်တော်တို့ ချန်ထားလို့မရပါဘူး” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ ဆက်လက်၍ ဟားမတ်စ်၏နောက်ဆုံးကျန်ရှိနေသည့်နေရာသည် ရာဖာဖြစ်ပြီး တပ်ရင်း၄ရင်းကိုအမိန့်ပေးနေသောဗဟိုဌာနများရှိသည်ဟု သူက ဆိုသည်။ CNN သည် ၎င်းနံပါတ်များကို သီးခြားအတည်ပြု၍မရပါ။

အစ္စရေးက ရာဖာစစ်ဆင်ရေးကို စတင်လိုက်သည်နှင့်တပြိုင်နက် တိုက်ပွဲပြင်းထန်သည့်အဆင့်သည် ပြီးဆုံးရန် လနှင့် ချီပြီး သီတင်းပတ်များစွာကြာမြင်နေမည်မဟုတ်ဘဲ ရက်သတ္တာပတ် အနည်းငယ်အတွင်း ပြီးဆုံးသွားမည်ဟု ၎င်းက အစီအစဉ်ကို ပြောကြားခဲ့သည်။

ထို့အပြင် IDF မှ “ အစီအစဉ်နှစ်ခု” ကို တင်ပြရန်တောင်းဆိုခဲ့ကြောင်း၊ တစ်ခုမှာ “ဂါဇာတွင် ပါလက်စတိုင်းအရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်စေရန်” နှင့် နောက်တစ်ခုက “ကျန်ရှိသော ဟားမတ်စ်တပ်ရင်းများကို ဖျက်ဆီးရန်” ဖြစ်သည်။

“ကျွန်တော်တို့ သဘောတူညီချက်ရဖို့ နည်းနည်းတော့ ကြန့်ကြာလိမ့်မယ်။ ဒါပေမယ့် ဖြစ်လာမှာပါ” ဟု နေတန်ယာဟုက ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုကို ခေတ္တရပ်ထားခြင်းကို ဖြေလျော့ပေးရနှင့် ဟားမတ်စ်မှ ဖမ်းဆီးထားသော အစ္စရေး ဓားစာခံများကို ပြန်လွှတ်ပေးမည့် အလားအလာရှိသော သဘောတူညီချက်ကို ရည်ညွှန်းကာ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်မရရှိရင် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လုပ်ရမှာပါ။ ဒီကိစ္စကို ပြီးဆုံးအောင်လုပ်ရမယ်” ဟု ပြောသည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန်က စေ့စပ်ညှိနှိုင်းသူများသည် အလားအလာရှိသော သဘောတူညီချက်၏ ကျယ်ပြန့်သောပုံစံများကို နားလည်သဘောပေါက်လာခဲ့ကြပြီး တနင်္လာနေ့တွင် ကာတာ၌ ဆွေးနွေးပွဲများကို ဆက်လက် လုပ်ဆောင်နေကြောင်း CNN သို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဟားမတ်စ်တို့နှင့် သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေချိန်တွင် အဆိုပါ စေ့စပ်ညှိနှိုင်းမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အရေးကြီးသည်မှာ၊ ဟားမတ်စ်သည် ဤဖြစ်နိုင်ချေရှိသော မူဘောင်တွင် လက်မှတ်မထိုးရသေးဘဲ စေ့စပ်ညှိနှိုင်းသူများမှ အမှန်တကယ်အသေးစိတ်အချက်အလက်များကို ဆက်လက် ညှိနှိုင်းနေသောကြောင့် အစောပိုင်း ဖြစ်နိုင်ချေရှိသော အပြီးသတ်သဘောတူညီချက်ရရှိရန် ရက်ပိုင်းအတွင်း ကျန်ရှိနေသေးသည်။

“အစ္စရေး၊ အမေရိကန်၊ အီဂျစ်နဲ့ ကာတာ ကိုယ်စားလှယ်တွေဟာ ပါရီမှာ တွေ့ဆုံပြီး ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ အခြေခံ အသွင်အပြင်က ဘယ်လိုမျိုး ဖြစ်မလဲဆိုတာ သူတို့လေးဦးအကြား နားလည်မှု ရှိလာခဲ့ပါတယ်။ အသေးစိတ်အချက်အလတ်တွေကို လက်ခံနိုင်ဖို့ ညှိနှိုင်းနေတုန်းမို့ ကျွန်တော်မပြောနိုင်သေပါဘူး” ဟု ဂျိတ်ဆူလေဗန်က CNN သို့ ပြောကြားခဲ့သည်။

“ကာတာနဲ့ အီဂျစ်တို့က ဟားမတ်စ်တွေနဲ့ သွယ်ဝိုက်ပြီး ဆွေးနွေးမှုတွေ လုပ်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ဓားစာခံတွေကို လွှတ်ပေးဖို့ သဘောတူရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို လုပ်ဆောင်နေပါတယ်” လို့ ဆူလေဗန်က ထပ်လောင်းပြောကြားခဲ့ပါသည်။

“ပြီးတော့ လာမယ့်ရက်တွေမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခိုင်မာပြီး နောက်ဆုံး သဘောတူညီချက်တစ်ခု ရရှိတဲ့ အခြေအနေကို အရောက်လှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် စောင့်ကြည့်ရအုံးမှာပါ။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ