နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံခြားသားတစ်ဦးက ယူရေနီယံ ဝယ်ယူဖို ဆက်သွယ်လာခဲ့ဖူးတယ်လို့ RCSS ဥက္ကဌပြော

ဖေဖော်ဝါရီလ (၂၅) ရက်။

ရှမ်းပြည်မှာ ယူရေနီယံ ထွက်တယ်လို သတင်းရတာကြောင့် အဲဒီဓာတ်သတ္တုကို ဝယ်ယူချင်တယ်ဆိုပြီး နိုင်ငံခြားသားတစ်ဦးက ဆက်သွယ်ခဲ့ဖူးပေမဲ့ RCSS ဘက်က ဘယ်နေရာမှာ ယူရေနီယံ ထွက်လဲဆိုတာ မကြားသိရကြောင်းနဲ့ ယူရေနီယံအကြာင်းကိုလည်း မသိနားမလည်ကြောင်းသာ ပြန်ပြောခဲ့တယ်လို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ- RCSS/SSA ဥက္ကဌ ယွက်စစ်က သူတိုရဲ့သတင်းဌာနဖြစ်တဲ့ Taifreedom မှာ ဖြေဆိုထားပါတယ်။

ဂျပန် ရာဇဝတ်ဂိုဏ်း ယာကူဇာခေါင်းဆောင် တာကေရှီ အေဘီဆာဝါကနေတဆင့် အီရန်နိုင်ငံကို မြန်မာပြည်ထွက် နျူကလီးယား ဓာတ်သတ္တုကုန်ကြမ်း ရောင်းချပြီး လက်နက်ဝယ်ယူဖို့ ကြိုးစားခဲ့တဲ့အထဲမှာ CC 1 လို နာမည်ဝှက်ပေးထားတဲ့ ထိုင်းစကားပြောဆိုတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးလည်း ပါဝင်နေတယ်လို့ အမေရိကန်တရားရေးဌာနရဲ့ စွဲချက်ဆိုင်ရာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အီရန် ဗိုလ်ချုပ်ကြီးလို့ ယူဆရသူတစ်ဦးဆီကို မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲတစ်ဖွဲဆီကနေရတဲ့ နျူကလီးယား လက်နက်အဆင့် ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းဓာတ်သတ္တုပစ္စည်း ရောင်းချဖို ကြိုးပမ်းမှုနဲ့ ဂျပန် ရာဇဝတ်ဂိုဏ်း ယာခူဇာခေါင်းဆောင်ကို အမေရိကန်က စွဲချက်အသစ် ဒီရက်ပိုင်းအတွင်းမှာပဲ တင်လိုက်ပါတယ်။

ဂျပန် ယာကူဇာခေါင်းဆောင် တာကေရှီ အေဘီဆာဝါဟာ ၂၀၂၂ ခုနှစ်ကတည်းက မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကူးသန်းရောင်းဝယ်ရေး ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဂျပန် ယာကူဇာခေါင်းဆောင်ကို ဖမ်းမိခဲ့တုန်းက အမေရိကန်အစိုးရ ထုတ်ပြန်တဲ့ ပထမစွဲချက်မှာ ဂျပန် ယာကူဇာခေါင်းဆောင်နဲ့အတူ ဆက်သွယ်ခဲ့တဲ့ လက်နက်ကိုင်ခေါင်းဆောင်ဟာ Shan State Army (RCSS) ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန် တရားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲ ဂျပန် ယာကူဇာရဲ့ အချိတ်အဆက်နဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ မူးယစ်ဆေးဝါး ရောင်းပြီး အမေရိကန်နိုင်ငံထုတ် လေယာဥ်ပစ်လက်နက် အမျိုးအစားအပါအဝင် လက်နက်မျိုးစုံကို ဝယ်ယူဖိုကြိုးစားခဲ့သူတွေထဲ မြန်မာနိုင်ငံက RCSS၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA နဲ့ ကရင်အမျိုးသား အစည်းအရုံး- KNU တိုလည်း ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 6 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 7 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 7 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့
မြန်မာသတင်း

ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ကြေညာ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 8 Views
ဇွန်လ (၂၀)ရက်။ ရဲဘော်/ရဲမေ (၉)ဦးကို ‌တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။ တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊
မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့က လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူအားလုံးရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်အဆက်ဆက်က မတရားဖမ်းဆီးချုပ်နှောင်တာ၊ နေအိမ်အကျယ်ချုပ်ထားတာနဲ့ အသက်အန္တရာယ်ကိုပါ
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့