ဧပြီလ (၂၆)ရက်။
မနေ့က ည(၈)နာရီအချိန်မှာ မင်းတပ်မြို့ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF-Mindat ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဝမ္မသူးဆေးရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသနေတဲ့ အရပ်သားပြည်သူအများအပြား ထိခိုက်ခဲ့ပြီး (၂)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က ညပိုင်းက ဝမ္မသူးဆေးရုံအပါအဝင် အခြားနေရာတွေကိုလဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာတွေရှိပြီး ထိခိုက်တဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဝမ္မသူးဆေးရုံအဆောက်အအုံဟာ ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် မနေ့က ညနေ (၄)နာရီခွဲအချိန်မှာလဲ မင်းတပ်မြို့ရှိ တိုက်နယ်(၂)ဖက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် တိုက်ခိုက်ခဲ့ပြီး Y-12 လေယာဉ်နဲ့ (၅)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။