နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ ခရီးစဉ်အချို့ ဖျက်သိမ်းရပြီး ခရီးစဉ်အချို့ နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့

ဒီဇင်ဘာလ (၂၆) ရက်။

ယနေ့ ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဂျပန်လေကြောင်းလိုင်း (JAL) သည် ခရီးသည်တင်အိတ်များကို လက်ခံသည့်ကွန်ပျူတာစနစ်တွင် ချို့ယွင်းချက်တစ်ခု ကြုံတွေ့ခဲ့ရပြီး ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်များတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ လက်ရှိအချိန်တွင် ကွန်ပျူတာစနစ်ကို ပြန်လည်ထိန်းသိမ်းထားနိုင်သော်လည်း ဆိုက်ဘာတိုက်ခိုက်မှုဟု သံသယရှိပြီး ယင်းကိစ္စကို ကုမ္ပဏီက အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ခရီးစဉ် ၄ ခု ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ် ၇၁ ခု နှောင့်နှေးခဲ့ရ

+++++++++++++++++++++++++++++++

ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင် ကွန်ရက်ပြဿနာများစတင်ဖြစ်ပွားခဲ့သည်ဟု JAL က လူမှုကွန်ရက်စာမျက်နှာ X တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ချို့ယွင်းမှုဖြစ်ရသည့် အကြောင်းရင်းကို နံနက် ၈း၅၆ နာရီတွင် ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

စနစ်ကို ချို့ယွင်းစေသော router တစ်ခုကို ယာယီပိတ်လိုက်ရပြီး ဒီဇင်ဘာလ ၂၆ ရက်‌နေ့တွင် ထွက်ခွာမည့် ခရီးစဉ်များအတွက် လက်မှတ်ရောင်းချမှုကို ဆိုင်းငံ့ထားကြောင်းလည်း ကုမ္ပဏီက ပြောဆိုသည်။

ဂျပန်လေကြောင်းလိုင်း၏ အဆိုအရ ကုမ္ပဏီ၏ ပြင်ပနှင့် ဒေတာအချက်အလက်များ ပေးပို့ရာတွင် အသုံးပြုသည့် Net Work စက်စ္စည်းများတွင် အချက်အလက် ပေးပို့မှုပမာဏ ရုတ်တရက် မြင့်တက်လာပြီး ၂၆ ရက်နေ့ နံနက် ၇ နာရီ ၂၄ မိနစ်တွင် ခရီးသည်အိတ်များကို လက်ခံစစ်ဆေးသည့် စနစ်တွင် ပြဿနာတစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းပြဿနကြောင့် ဟာနေဒါနှင့် ဒေသတွင်း ချိတ်ဆက်ထားသော ပြည်တွင်းလေကြောင်းခရီးစဉ် (၄) ခုကို ဖျက်သိမ်းခဲ့ပြီး စုစုပေါင်း ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးစဉ် စုစုပေါင်း ၇၁ ခုကို ရွှေ့ဆိုင်းခဲ့ရသည်။ မိနစ် ၃၀ မှာ လေးနာရီကျော်အထိ ကြန့်ကြာခဲ့ရသည်။

ကုမ္ပဏီသည် အချက်အလက်ပို့ဆောင်ရာတွင် ရုတ်တရက် ပမာဏတိုးလာသော စက်ပစ္စည်းများကို စနစ်မှာ ချိတ်ဆက်မှုဖြတ်တောက်ခြင်းစသည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပြီး ရလဒ်အနေဖြင့် ခြောက်နာရီခန့်အကြာတွင် နေ့လည် ၁ နာ မိနစ် ၂၀ တွင် စနစ်ကို ပြန်လည်ထိန်းသိမ်းပြီး အသုံးပြုလာနိုင်ခဲ့သည်။ ပြန်လည်ရရှိခဲ့သည်။ လေယာဉ်လက်မှတ်များ ရောင်းချမှုကိုလည်း ပြန်လည်ပြုလုပ်နိုင်ခဲ့သည်။

ယခုအချိန်အထိ ခရီးသည်များ၏ အချက်အလက်များ ပေါက်ကြားခြင်း သို့မဟုတ် ဗိုင်းရပ်စ်ကြောင့် ပျက်စီးခြင်း မရှိသေးဟု သိရှိရသည်။

ဂျပန်လေကြောင်းလိုင်းသည် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ရှီမာနဲစီရင်စု၊ အီဇူမိုလေဆိပ်နှင့် ဟာနေဒါအကြား လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

အခြားလေကြောင်းခရီးစဉ်များကို ပုံမှန်အတိုင်း လည်ပတ်ရန် စီစဉ်ထားသည်။

ဂျပန်လေကြောင်းလိုင်းက ” ကျွန်ုပ်တို့၏ ခရီးသည်များနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများအတွက် အဆင်မပြေမှုများအတွက် အလေးအနက် တောင်းပန်အပ်ပါသည်။” ဟု မှက်ချက်ပေးခဲ့သည်။

DDoS တိုက်ခိုက်မှုလား

+++++++++++++

စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ပတ်သက်သူများ၏ ပြောကြားချက်အရ မြို့တော်ရဲဌာနသည် ဆိုက်ဘာတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဂျပန်လေကြောင်းလိုင်းထံမှ ဆွေးနွေးမှုကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

အချက်အလက်အမြောက်အမြားပေးပို့ပြီး Site ကို ဖြိုဖျက်သည့် “ DDoS တိုက်ခိုက်မှု” ဖြစ်နိုင်ခြေရှိသဖြင့် ရဲဌာနသည် အသေးစိတ်အခြေအနေများကို အတည်ပြုနေပါသည်။

ကျွမ်းကျင်သူပညာရှင်များက “နှစ်သစ်ကူးအားလပ်ရက်များသည် တိုက်ခိုက်သူများအတွက် အဆင်ပြေသော အခြေအနေဖြစ်သောကြောင့် သတိထားရန်” နှိုးဆော်ထားသည်။

ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ အိုဆာကာတက္ကသိုလ်မှ ပရော်ဖက်ဆာ အာဆုအို အီနိုမာတာ (Atsuo Inomata) က “ကျွန်တော်တို့ နေ့စဥ်အသုံးပြုနေတဲ့ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံစနစ်တွေကို အကြီးစားပိတ်ပစ်ခဲ့ရတာမျိုး မရှိသေးပါဘူး။ ဆိုက်ဘာတိုက်ခိုက်မှုမှာ ကွန်ပျူတာစနစ်ကို အချိန် အနည်းငယ်အတွင်း ပြန်လည်ရယူထားလိုက်နိုင်တယ်ဆိုတဲ့အချက်က အရန်စနစ်ကို အောင်မြင်စွာ ကူးပြောင်းခဲ့တယ်လို့ မြင်ပါတယ်။ သင့်လျော်တဲ့ တုံ့ပြန်မှုတစ်ခုဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု မှတ်ချက်ပေးခဲ့သည်။

ဤတိုက်ခိုက်မှုနှင့်ပတ်သက်၍ “ဒေတာအချက်အလက်တွေကို အမြောက်အများ ပို့တာမျိုး ဖြစ်လာရင် ပြဿနာတစ်စုံတစ်ရာမဖြစ်စေရန်အတွက် စနစ်မတွေကို တည်ဆောက်ထားပေမယ့် အခု ဖြစ်ပေါ်လာတဲ့ ဒေတာပမာဏက မျှော်လင့်ထားတာထက် အရမ်းများနေပုံရတယ်။ ပုံမှန် DDoS တိုက်ခိုက်မှုဟာ ဝက်(ဘ)ဆိုဒ် ကို ဝင်ကြည့်လို့မရအောင် တိုက်ခိုက်တာမျိုးက အများစုဖြစ်ပေမယ့် အခုဖြစ်တာက ဝက်(ဘ)ဆိုဒ် မဟုတ်ဘယ် ကုမ္ပဏီအတွင်းအပြင်ဆက်တဲ့ ဆက်သွယ်ရေးစနစ်ကို တိုက်ခိုက်တာကြောင့် သာမန်တိုက်ခိုက်မှုနဲ့တော့ ကွဲပြားပါတယ်” လို့ ၎င်းက ဆက်လက်ပြောခဲ့ပါသည်။

ထို့အပြင် နှစ်ကုန်ပိုင်းနှင့် နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ဝန်ထမ်းများ နည်းပါးလာသောအခါ ” နှစ်ကုန်ပိုင်းတွင် လေယာဉ်နှင့် မီးရထားများကို ပိုမိုအသုံးပြုလာသည့်အတွက် ကုမ္ပဏီများက ၎င်းတို့၏အစီအမံများကို စိတ်ချရအောင် စီစဉ်ထားမည်ဟု မျှော်လင့်ရသော်လည်း နှစ်သစ်ကူးအားလပ်ရက်များသည် တိုက်ခိုက်သူများအတွက် အလွန်အဆင်ပြေသော အခြေအနေကို ဖန်တီးပေး သောကြောင့် အားလပ်ရက်များနှင့် အားလပ်ရက်များအပြီးတွင် သတိထားရန် လိုအပ်ကြောင်း နှိုးဆော်ထားသည်။

ထို့အပြင် လုံခြုံရေးကုမ္ပဏီ အများအပြား၏အဆိုအရ၊ အချို့သောဟက်ကာအဖွဲ့များသည် ဆိုက်ဘာတိုက်ခိုက်မှုကို လုပ်ဆောင်ပြီးနောက်တွင် နိုင်ငံရေးအရ တောင်းဆိုမှုများ သို့မဟုတ် ငွေကြေးတောင်းဆိုမှုများကို အင်တာနက်ပေါ်တွင် ကြေညာာတတ်သော်လည်း ဤတိုက်ခိုက်မှုနှင့် ပတ်သက်ခ၍ ယင်းတောင်းဆိုမှုများကို အတည်မပြုနိုင်သေးပါ။

သတင်းရင်းမြစ်။ NHK and Japan Media များ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု