နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မင်းပြားမြို့က မင်းဖူးအရပ်ဘက်ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၊ ဆေးကုသနေတဲ့ အရပ်သားပြည်သူတွေနဲ့ ဆေးရုံ၀န်ထမ်းတွေ ထိခိုက်ဒဏ်ရာရရှိခဲ့

ဖေဖော်ဝါရီလ (၂၇)ရက်။

ဒီကနေ့ နံနက် (၁)နာရီ (၄၅)မိနစ်အချိန်က မင်းပြားမြို့ရှိ မင်းဖူးအရပ်ဘက်ဆေးရုံကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးရုံရဲ့ အဆောက်အအုံ အစိတ်အပိုင်းအများအပြား ပျက်စီးခဲ့ပြီး ဆေးဝါးကုသနေတဲ့ အရပ်သားပြည်သူတွေနဲ့ ဆေးရုံ၀န်ထမ်းတွေ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အရပ်ဘက်ဆေးရုံကို ဗုံးကြဲတာက စစ်ကောင်စီဟာ ရှုံးမဲမဲပြီး လူမျိုးရေးအမုန်းတရားတွေနဲ့ တမင်ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် အဲ့ဒီဆေးရုံဟာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစု၀င်တွေကို ဆေးကုသပေးနေတဲ့ ဆေးရုံတစ်ခုဖြစ်တယ်လို့ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်မှာ စခန်းတွေနဲ့ မြို့တွေကို လက်လွှတ်ဆုံးရှုံးနေရတဲ့အတွက် ရှုံးမဲမဲပြီး အရပ်သားပြည်သူတွေနဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇ၀တ်မှုတွေကို လက်ရဲဇက်ရဲ ကျူးလွန်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 10 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 21 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 23 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 18 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့
မြန်မာသတင်း

ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ကြေညာ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 19 Views
ဇွန်လ (၂၀)ရက်။ ရဲဘော်/ရဲမေ (၉)ဦးကို ‌တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။ တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊
1027 Operations

သေဒဏ်အထိချမှတ်နိုင်တဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
ဇွန်လ (၁၉)ရက်။ မူးယစ်ဆေးဝါးကင်းစင်တဲ့ ဒေသဖြစ်စေဖို့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု‌နဲ့ ပြစ်ဒဏ်တွေကို ကိုးကန့်တပ်(MNDAA)က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဥပဒေချိုးဖောက်သူတွေကို ဘယ်လိုငဲ့ညှာတာမျိုးမရှိဘဲ ပြင်းထန်စွာ အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။ ထုတ်ပြန်ထားတဲ့
1027 Operations

စစ်ကော်မရှင်ငြိမ်းချမ်းရေးအဖွဲ့ မိုင်းလားမှာ NDAA ကို သွားတွေ့

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ နိုင်ငံရေးရည်မှန်းချက်ကို ဆုပ်ကိုင်ထားတယ်လို့ NDAA ပြော ဇွန်လ (၁၉)ရက်။ ဇွန်လ (၁၇)ရက်နေ့က မိုင်းလားဒေသမှာ ရာပြည့် ဦးဆောင်တဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ မိုင်းလားတပ်ဖွဲ့(NDAA)တို့ အလွတ်သဘောတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ နယ်စပ်ဒေသတည်ငြိမ်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ဖို့၊
မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့က လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူအားလုံးရဲ့