နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၅၂)တပ်ရင်းကို AA သိမ်းပိုက်၊ လက်နက်ချအညံ့ခံသူတွေကို ဖမ်းမိခဲ့

မတ်လ (၂၇)ရက်။

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ စကခ(၁၅)လက်အောက်ခံ ခမရ(၅၅၂)တပ်ရင်းကို မတ်လ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီခန့်က သိမ်းပိုက်ရရှိခဲ့တယ်လို့ AAရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ(၅၅၂)တပ်ရင်းကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နံနက်(၈)နာရီခွဲ၀န်းကျင်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း (၃၂)ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ခမရ(၅၅၂)စခန်းကို စစ်ကောင်စီက ကြည်း၊ လေနဲ့ အပြင်းအထန် ခုခံကာကွယ်နေတဲ့ကြားက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်း၊ အလောင်းတွေအပြင် လက်နက်ချအညံ့ခံသူတွေကို ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို လိုက်လံဖမ်းဆီးနေကာ လက်နက်ချအညံ့ခံသူတွေကိုတော့ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ရေးသားထားပါတယ်။

အခုအချိန်မှာတော့ ရခိုင်နဲ့ ပလက်၀ဒေသတွေက လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီရဲ့ စစ်ဘက်နဲ့ တပ်မိသားစု အရေအတွက်ဟာ ထောင်ချီပြီး ရှိထားပြီဖြစ်တယ်လို့ AA က ပြောဆိုထားပါတယ်။

AA က တစ်လနီးပါး ဝိုင်းရံပိတ်ဆို့ထားတဲ့ မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလဲ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်အရှိန်မြှင့်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 17 Views
ဒီဇင်ဘာလ (၁၁)ရက်။ မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 19 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်ကစပြီး လောင်းလုံးမြို့နယ်ရှိ ညင်းမော်ရွာနဲ့ စစ်ပြဲရွာအနီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ
မြန်မာသတင်း

အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်ကစားတွေ တိုက်ဖျက်နိုင်ဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီ ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၁)ရက်။ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဆိုပြီး စစ်ကော်မရှင်က မနေ့ကရက်စွဲနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု ကျူးလွန်တာတွေကို နိုင်ငံထဲ လုံးဝအခြေမပြုနိုင်ဖို့ ပြည်တွင်းအင်အားစုတွေအပြင် ပြည်ပနိုင်ငံတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့လို့ ဆိုပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ

မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လူနာ (၁၀)ဦးခန့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 16 Views
ဒီဇင်ဘာလ (၁၁)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်မှာ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၉)နာရီ (၁၃)မိနစ်လောက်မှာ မြောက်ဦးမြို့
မြန်မာသတင်း

အသံတိတ်သပိတ် အောင်မြင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 26 Views
ဒီဇင်ဘာလ (၁၁)ရက်။ မနေ့က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာပြုလုပ်‌တဲ့ အသံတိတ်သပိတ် အောင်မြင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က တနိုင်ငံလုံးကနေ တပြိုင်ထဲ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အသံတိတ်သပိတ် လူထုလှုပ်ရှားမှုကြီးဟာ ပြည်သူရဲ့
မြန်မာသတင်း

ဒီကနေ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမြင်ကွင်းများ(သတင်းဓါတ်ပုံ)

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 35 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က အသံတိတ်သပိတ်လှုပ်ရှားမှု မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။ “ ဒီနေ့ အသံတိတ်သပိတ်ရှိတော့ ရန်ကုန်မြို့ထဲမှာက အရင်နေ့တွေထက် လူသွားလူလာ မရှိသလောက်ပဲ။ မနက်ပိုင်းကတော့ ကျောင်းတွေရှိတယ်ဆိုပေမယ့် နေ့လည်ပိုင်းကတော့ တော်တော်ကြီးကို
မြန်မာသတင်း

ရေစကြိုမှာ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ မြို့နယ်ပအဖ သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 34 Views
ဒီဇင်ဘာလ (၁၀)ရက်။ ရေစကြိုမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။ အခုအခါ တရားမဝင်အစိုးရကနေ တရားဝင်စေဖို့ရည်ရွယ်ပြီး စစ်အာဏာရှင်က ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေသလို
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 31 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်တွေက KNU ဌာနချုပ် တပ်မဟာ(၇)နယ်မြေ ကလို့ယော်လေးကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၂)နာရီလောက်ကစပြီး KNU ဌာနချုပ် တပ်မဟာ(၇)